
အာဆင်နယ်ကို စိတ်ပျက်ဖွယ်သရေကျပြီး ချဲလ်ဆီးရဲ့အခက်အခဲ ၃-ရပ်ကို သုံးသပ်လာတဲ့ ဂယ်ရီနဗီးလ်
ချဲလ်ဆီး အသင်းဟာ မနေ့က ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ လန်ဒန်မြို့ခံပြိုင်ဖက် အာဆင်နယ်အသင်းကို ပွဲပြီးခါနီး ၁၃-မိနစ် မတိုင်ခင်အထိ ၂-ဂိုးပြတ်ရလဒ်နဲ့ ဦးဆောင်နေခဲ့ပြီးမှ တစ်ဦးချင်း အမှားတွေကနေ ချေပဂိုးတွေ ပေးပစ်ကာ သရေတစ်မှတ် ခွဲပေးလိုက်ရပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီးဖက်က အထောင်တိုက်စစ်မှူး မပါတဲ့ False 9 ကစားကွက်နဲ့ ခင်းကျင်းခဲ့ပြီး ၊ တစ်သင်းလုံး ကစားအား အပြည့်နဲ့ ပွဲကို ချဉ်းကပ်နိုင်ခဲ့ကာ ၊ အခွင့်အရေးကောင်းများစွာ ဖန်တီးခဲ့ပေမယ့် ပွဲရလဒ် စောစောစီးစီး ပြတ်သားသွားအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး ။
ဒါ့အပြင် ပွဲကို အေးအေးဆေးဆေး ထိန်းချုပ်နိုင်တဲ့အချိန် ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ရဲ့ နမော်နမဲ့ ဘောလုံးပေးပုံကြောင့် လက်ဆောင်ချေပဂိုး ခွင့်ပြုလိုက်ရတာနဲ့ တပြိုင်နက် ကွင်းတွင်း ချဲလ်ဆီး အသင်းသားတွေရဲ့ ယုံကြည်မှုတွေ တမဟုတ်ချင်း ကျဆင်းသွားခဲ့ရပါတယ် ။
မနေ့ကပွဲမှာ အိမ်ရှင်ဖက်က ကောင်းတဲ့အချက် များစွာရှိခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် ဂန္တဝင် ညာနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ ချဲလ်ဆီးအဖို့ ရှေ့ဆက် ဖြေရှင်းရမယ့် အခက်အခဲ ၃-ရပ်ကို Sky Sports ရဲ့ Podcast မှာ အခုလိုပဲ သုံးသပ်သွားခဲ့ပါတယ် ။
နဗီးလ် က ” ချဲလ်ဆီးဟာ သူတို့ရဲ့ အနာဂတ် ခြေစွမ်းက ဘယ်လိုလဲဆိုတာ ဒီနေ့ပွဲမှာ အခြေခံအုတ်မြစ်တစ်ခု ထုတ်ပြလာခဲ့ပါတယ် ။ ဒါပေမယ့် သူတို့မှာ အခက်အခဲ ပြဿနာတွေ ရှိနေတုန်းပါပဲ ။ သူတို့မှာ ဒေါင်ဒေါင်မြည် အထောင်တိုက်စစ်မှူး တစ်ယောက်မှ ရှိမနေသေးပါဘူး ။ ”
” နောက်ပြီး အသက်အရွယ် ကြီးရင့်လာတဲ့ သီယာဂို ဆေးလ်ဗားရဲ့နေရာကို သူတို့ ခုထိ အစားမထိုးနိုင်သေးပါဘူး ။ သူဟာ ခုချိန်ထိ သူတို့ အတွက် အရေးကြီးတဲ့ ကစားသမား တစ်ယောက် ဖြစ်နေတုန်းပါပဲ ။ နောက်ပြီး ဂိုးသမား နေရာပေါ့ ။ သူဟာ ဂိုးသမားကောင်း တစ်ယောက် ဖြစ်လာဖို့ ရှေ့တက်နိုင်ပါ့မလား ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး နဗီးလ် က ” အစွန်နောက်ခံလူတွေ ဖြစ်ကြတဲ့ မာလိုဂတ်စ်တိုနဲ့ မာ့ခ်ကူကူရယ်လာတို့ကတော့ ဒီနေ့ပွဲမှာ ကစားပုံ ကောင်းခဲ့ကြပါတယ် ။ ဒါနဲ့ သူတို့ဟာ ဒုတိယ ဦးစားပေး အစွန်နောက်ခံလူတွေပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
Source : Metro.co.uk : MSN.com
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link
#ချဲလ်ဆီး #အာဆင်နယ် #ဂယ်ရီနဗီးလ် #သရေရလဒ် ##Online #Game #Myanmar #OnlineGameMyanmar