ဒီအပတ် လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ်ကို ရင်ဆိုင်ဖို့ ချယ် ဆီးမှာ အားသာချက် ရှိနေကြောင်း ပေါမာဆန် ဖော်ထုတ်

ဒီအပတ် လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ်ကို ရင်ဆိုင်ဖို့ ချယ်လ်ဆီးမှာ အားသာချက် ရှိနေကြောင်း ပေါမာဆန် ဖော်ထုတ်

စနေနေ့ ရင်ဆိုင်ကစားမယ့် ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့စတမ်းဖိုဒ်ဘရစ်ချ်ပွဲစဉ်မှာ ပိုချက်တီနိုရဲ့အသင်းဟာ အားသာချက် အချို့ရှိနေတယ်လို့ ပေါမာဆန်က သုံးသပ်လာပါတယ်။
နှစ်သင်းကြား ရမှတ် ၉- မှတ် ကွာဟနေတာဖြစ်ကာ၂၀၁၈-တည်းက ချယ်လ်ဆီးဟာ အိမ်ကွင်းမှာ အာဆင်နယ်ကို အနိုင်မရထားပါဘူး။ ဒီပွဲရလဒ်ဟာ ချယ်ဆီးတို့ ပရီးမီးယားလိဂ် ပြိုင်ဆိုင်မှုထဲ ဝင်လာမလား ၊ အာဆင်နယ်ကပဲ ရှေ့ပိုတိုး ရောက်သွားမလား အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။

ဒီအပတ် စတမ်းဖိုဒ်ဘရစ်ကိုသွားပြီး အာဆင်နယ်တို့ ချယ်ဆီးနဲ့ ယှဉ်ပြိုင်ရတာက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ချယ်ဆီး အကောင်းဆုံးပုံစံမှာရှိနေရင် သူတို့က ဒီလိဂ်က အသင်းတိုင်းကို အနိုင်ယူနိုင်စွမ်းရှိလို့ သူတို့နဲ့ ဘယ်အသင်းမှ ထိပ်တိုက် မယှဉ်ပြိုင်ချင်ပါဘူး။
ချယ်ဆီးရဲ့အားသာချက်တစ်ခုကတော့ အသင်းတိုင်းက အာဆင်နယ် ဘယ်လိုကစားမယ်ဆိုတာသိပေမယ့် ချယ်လ်ဆီး ဘယ်လို ကစားမယ်ဆိုတာ ခန့်မှန်းလို့ မရတာပါ ” လို့ မှတ်ချက်ပေးခဲ့တယ်။
ချယ်ဆီးဟာ ရလဒ်ကောင်းတွေ ပြန်ရလာနေတဲ့ အသင်းဖြစ်သလို ဒီအဝေးကွင်းကို အနိုင်ရရင် အာဆင်နယ်ဟာ ကြီး ၆-ကြီး ပြိုင်ဘက်၂-သင်းဆက်တိုက်ကို အနိုင်ယူနိုင်ခြင်း ဖြစ်လာပါလိမ့်မယ်။
“ ဒီပွဲကို ချယ်လ်ဆီးတို့ ကျော်ဖြတ်နိုင်ပြီး အမှတ်ရမယ်ဆိုရင် သူတို့လည်း အခွင့်အရေး ရှိလာမှာပါ။ အာဆင်နယ်အတွက် လည်း ပွဲကြီးပွဲကောင်းပါပဲ။ ဒီပွဲကို အာဆင်နယ် နိုင်လိုက်ရင် ဒီရာသီ သူတို့ အဓိက ဆုဖလားတွေကို မျှော်လင့်လို့ ရသွားပါလိမ့်မယ်’ လို့ ပေါမာဆန်က ခန့်မှန်းသွားပါတယ်။

Source : Yahoo Finance

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

#အာဆင်နယ် #ချယ်လ်ဆီး #ပေါမာဆန် #Online #Game #Myanmar #OnlineGameMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *