
ကိုးလ်မန်း ကို အငှားခေါ်ဖို့ စိတ်ဝင်စားနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရ အာဆင်နယ်သတင်းများ
Football Insider ရဲ့ သတင်းထောက် Pete O Rourke က အာဆင်နယ် အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်း ရဲ့ တောင်ပံကစားသမား ကိုးလ်မန်း ကို ကာလရှည် အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုလိုက်ပါတယ်။ ကိုးလ်မန်း ဟာ အာဆင်နယ် အသင်းကို ပြောင်းဖို့ စိတ်ဝင်စားပေမဲ့ ပွဲကစားခွင့်အတွက် အာမခံချက် လိုချင်နေပါတယ်။

လီယွန် အသင်း နဲ့ ပွဲမှာ အာဆင်နယ် အသင်းအတွက် ပထမဦးဆုံး ပွဲဦးထွက်ကစားခဲ့တဲ့ ကာလာဖီအိုရီ နဲ့ ပတ်သက်ပြီး အာတီတာ က “အသင်းက ကစားသမားတစ်ဦးကို ပရိသတ်တွေ အခုလို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတာကို ကျွန်တော်သဘောကျပါတယ်။ ကိုယ့်ကို ချစ်ခင်ကြတယ် ဆိုတဲ့ ခံစားချက်မျိုး ရစေတဲ့ အားပေးမှုပါ။ ကျွန်တော်တို့ အသင်း ပရိသတ်တွေက မယုံနိုင်စရာကောင်းလောက်အောင် နှစ်လိုဖွယ် ကောင်းလွန်းလှပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။
အာဆင်နယ် နည်းပြ အာတီတာ က တင်ဘာ ဟာ ဒီတစ်ပတ် မှာ အသင်း နဲ့အတူ ပြန်ပြီးလေ့ကျင့်ခန်း ဆင်းနိုင်မှာဖြစ်တယ်လို့ဆိုလိုက်ပြီး တိုမီယာဆု ကတော့ ရက်သတ္တပတ် အနည်းငယ်ကြာ အချိန်ယူရဦးမှာ ဖြစ်တယ်လို့ လီယွန် အသင်း နဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ်။

မာဆေးလ် အသင်းဟာ အန်ကီးတီးယား အတွက် အာဆင်နယ်အသင်းထံ ဒုတိယအကြိမ်ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်လိုက်ပြီး ကလပ်နှစ်သင်းကြား ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

ဆလီဘာ က ကစားသမားသစ် ကာလာဖီအိုရီ ရဲ့ ပွဲဦးထွက် ခြေစွမ်း အပေါ် “ကျွန်တော် သူ့အတွက် ဝမ်းသာပါတယ်။ ခုမှ အစပဲ ရှိပါသေးတယ် ၊ သူက တကယ်တော်တဲ့ ကစားသမားတစ်ဦးပါ ၊အသက်ကလည်း ငယ်ပါသေးတယ် ၊ သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ခွင့်ရတဲ့အတွက် သိပ်ကို ဝမ်းသာ ပျော်ရွှင်မိပါတယ် ၊ ကျွန်တော်တို့နဲ့ အတူ သူ ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်း နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။
#jdbkx.net #ကိုးလ်မန်း #အာဆင်နယ် #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames
Nice blog here Also your site loads up fast What host are you using Can I get your affiliate link to your host I wish my web site loaded up as quickly as yours lol