
သားဖြစ်သူ ဂျူနီယာနဲ့အတူ ဘောလုံးကစားခွင့်ရဖို့ မျှော်လင့်နေတဲ့ ရော်နယ်ဒို
အသက်-၃၉ နှစ်အရွယ် ဘောလုံးလောကရဲ့ အတောက်ပဆုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုဟာ သားဖြစ်သူ ခရစ္စတီယာနို ဂျူနီယာနဲ့အတူ လက်ရှိကလပ် အယ်လ်နာဆာမှာ အတူတူ ဘောလုံးကစားခွင့်ရဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
မကြာသေးမီကပြုလုပ်ခဲ့တဲ့ ယူ့အစီအစဉ်တစ်ခုမှာ ယူ့စတား မစ္စတာဘိစ်က သားဖြစ်သူ ဂျူနီယာနဲ့အတူ ဘောလုံးကစားဖို့ မျှော်လင့်ထားသလားလို့ မေးမြန်းခဲ့ရာမှာ ရော်နယ်ဒိုက အခွင့်အရေးရရင် ကစားလိုကြောင်း ဝန်ခံပြောကြားလာခဲ့တာဖြစ်ပါတယ်။
မစ္စတာဘိစ်က “ဘောလုံးလောကမှာ သားဖြစ်သူနဲ့အတူ ဘောလုံးတွဲကစားဖို့ အစီအစဉ်ရှိသလား။ တကယ်လို့ ဂျုနီယာက အသက်-၁၇ လောက်ဆိုရင် အတူတွဲကစားလို့ရမှာပေါ့။ ခင်ဗျားအနေနဲ့ နောက်ထပ် ၃ နှစ်လောက် ထပ်ကစားနိုင်ဦးမလား” လို့မေးမြန်းခဲ့ရာ ရော်နယ်ဒိုက “ကျွန်တော်တို့ ကြည့်ရဦးမှာပေါ့။ အခုတော့သူက ၁၄ နှစ်ပဲရှိပါသေးတယ်။ ကျွန်တော့်ခြေထောက်တွေ ဘယ်လောက်အထိ ကစားနိုင်ဦးမလဲ စောင့်ကြည့်ရပါဦးမယ်” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။
အသက်-၁၄ နှစ် ခရစ္စတီယာနိုဂျူနီယာဟာ ဖခင်ရော်နယ်ဒိုရဲ့ခြေရာကိုလိုက်ပြီး လက်ရှိအချိန်မှာတော့ အယ်လ်နာဆာလူငယ်အသင်းမှာ ခြေစွမ်းပြကစားနေတာဖြစ်ပါတယ်။ ယခုနှစ်အစောပိုင်းမှာလည်း ဂျူနီယာဟာ သူ့ရဲ့ ဖရီးကစ်စွမ်းရည်ကို ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြသခဲ့ပြီး ရော်နယ်ဒိုရဲ့ပုံစံအတိုင်း ကန်ပြထားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လူငယ်ကစားသမားဟာ ဖခင်လိုပဲ ခေါင်းတိုက်စွမ်းရည်မြင့်မားကြောင်းကိုလည်း အယ်လ်နာဆာအကယ်ဒမီက မှတ်ချက်ပြုထားပါတယ်။
ဂျူနီယာဟာ ရော်နယ်ဒိုနဲ့အတူ အမြဲတမ်းနေထိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်နဲ့ မန်ချက်စတာယူနိုက်တက်တို့လိုအသင်းတွေရဲ့ အကယ်ဒမီတွေမှာလည်း နေထိုင်ခဲ့ဖူးတာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ရော်နယ်ဒို အယ်လ်နာဆာအသင်းနဲ့ ချိတ်ဆက်ခဲ့ချိန်မှာတော့ ဂျုနီယာကလည်း အယ်လ်နာဆာရဲ့ အကယ်ဒမီထဲကို တစ်ခါတည်း ဝင်ရောက်ခဲ့ပါတယ်။
ပရိသတ်တွေအနေနဲ့ သားအဖနှစ်ယောက် အတူတွဲကစားတာကို မြင်တွေ့လိုနေကြပေမဲ့ ရော်နယ်ဒိုကတော့ သူ့ရဲ့ကိုယ်ခန္ဓာကြံ့ခိုင်မှုအပေါ်မူတည်နေကြောင်း အချက်အလက်ကျကျ ပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။ ယခုလအစောပိုင်းမှာလည်း ပေါ်တူဂီစူပါစတားဟာ ဘောလုံးလောကမှ မကြာမီမှာပဲ အနားယူနိုင်ချေရှိကြောင်းကို “ကျွန်တော့်အနေနဲ့ အခုချိန်မှာတော့ ပျော်ပျော်ရွှင်ရွှင်ပဲနေချင်ပါတယ်။ အနားယူမဲ့အစီအစဉ်ကတော့ လာမဲ့ ၁ နှစ် ၂ နှစ်အတွင်းမှာဖြစ်ပါလိမ့်မယ်။ ကျွန်တော်လည်း မပြောတတ်သေးပါဘူး။ ကျွန်တော်က မကြာခင်မှာပဲ အသက်-၄၀ ပြည့်တော့မှာပါ။ စိတ်ဓာတ်တက်ကြွနေသလောက် ပျော်ပျော်ရွှင်ရွှင်ဘောလုံးကစားချင်ပါသေးတယ်။ တကယ်လို့ စိတ်ဓာတ်မတက်ကြွတော့ဘူးဆိုရင်တော့ အနားယူသွားမှာပါ” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
လာမဲ့ စနေနေ့မှာ အယ်လ်နာဆာဟာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်ကွက်ဆီယာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရော်နယ်ဒိုအနေနဲ အသင်းအတွက် ပွဲထွက်ကစားသွားမှာဖြစ်ပါတယ်။
#ခရစ္စတီယာနို #ရော်နယ်ဒို #ခရစ္စတီယာနိုဂျူနီယာ #ဘောလုံး #အယ်လ်နာဆာ #ဘောလုံးလောက #သားအဖ #ဘောလုံးကစားခြင်း #ပေါ်တူဂီ #ဆော်ဒီပရိုလိဂ်
“I agree with your points, very insightful!”
“Thanks for sharing such valuable information!”
“I appreciate the detailed explanation, very helpful!”
Nice post. I learn something totally new and challenging on websites