ဒေါ့မွန်အသင်းခေါင်းဆောင် အမ်မရီချန် ဒဏ်ရာ

ဒေါ့မွန်အသင်းခေါင်းဆောင် အမ်မရီချန် ဒူးအရွတ်ပြတ်ဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူရမည်

ဒေါ့မွန်အသင်းခေါင်းဆောင် အမ်မရီချန်ဟာ ဘယ်ဘက်ဒူးက ရှေ့ဘက်အရွတ် (ACL) ပြတ်သွားခဲ့တာကြောင့် ယခုရာသီရဲ့ ကျန်ရှိနေတဲ့ ပွဲစဉ်အားလုံးကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ “ဒါကလက်စီကာ” (Der Klassiker) လို့ ခေါ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ဒေါ့မွန်အသင်းက အိမ်ကွင်းမှာ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အမ်မရီချန်ဟာ အဆိုပါ ဒူးအရွတ်ဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူရတော့မယ်လို့ ဘွန်ဒက်လီဂါကလပ်က တနင်္ဂနွေနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

အမ်မရီချန်ဟာ ဒဏ်ရာရနေတာတောင် ဆက်ကစားဖို့ ကြိုးစားခဲ့သေးပေမဲ့ ပထမပိုင်းမပြီးခင်မှာတင် ကွင်းထဲက ထွက်ခဲ့ရပါတယ်။ သူ ကွင်းထဲက ထွက်လာချိန်မှာတော့ အိမ်ကွင်းပရိသတ်တွေက သူ့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပြီး လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြပါတယ်။

ဒီဒဏ်ရာ အခြေအနေကြောင့် အမ်မရီချန်အတွက် ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်ချက်တွေလည်း ကုန်ဆုံးသွားခဲ့ရပါပြီ။ အသက် ၃၂ နှစ်အရွယ် ခံစစ်ကစားသမားဖြစ်တဲ့ သူဟာ ဂျာမနီလက်ရွေးစင်အသင်းအတွက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ၄၈ ပွဲမြောက်အဖြစ် နောက်ဆုံးကစားပေးခဲ့တာဖြစ်ပေမဲ့ အသင်းမှာ ပြန်လည်ရွေးချယ်ခံရဖို့ မျှော်လင့်ချက် ထားရှိနေခဲ့သူပါ။

အမ်မရီရဲ့ ဒဏ်ရာက တကယ့်ကို စိတ်မကောင်းစရာပါပဲ။ သူ့အတွက်တင်မဟုတ်ဘဲ ကျွန်တော်တို့ အားလုံးအတွက်ပါ နှမြောဖို့ကောင်းပါတယ်။ သူက ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ဖြစ်သလို အသင်းအတွက် အမြဲတမ်း အစွမ်းကုန် ပေးဆပ်သူဖြစ်ပြီး ကလပ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ သူ အပြည့်အဝ ပြန်လည်သက်သာလာစေဖို့ ရှေ့လာမဲ့လတွေမှာ ကျွန်တော်တို့ဘက်က လိုအပ်တဲ့ ထောက်ပံ့မှုတွေ အားလုံးကို ပေးသွားမှာပါ” လို့ ဒေါ့မွန်အားကစားဒါရိုက်တာ ဆီဘက်ရှီယန် ကေးလ် က ပြောကြားခဲ့ပါတယ်။

အမ်မရီချန်နဲ့ ဒေါ့မွန်တို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ သူဟာ ယခင်က ဂျူဗင်တပ်စ်၊ လီဗာပူး၊ ဘိုင်ယန် လေဗာကူဆင်နဲ့ ဘိုင်ယန်မြူးနစ်တို့မှာ ကစားခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်က ဘိုင်ယန်မှာ ၄ ပွဲ ကစားပေးခဲ့ကာ ဘွန်ဒက်လီဂါ ချန်ပီယံဆုကို ရရှိခဲ့ဖူးပါတယ်။

ဒေါ့မွန်အသင်း ရှုံးနိမ့်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ အမှတ်ပေးဇယားထိပ်မှာ ၁၁ မှတ်အထိ ဖြတ်ပြီး ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

Source : https://apnews.com/

Loading

Leave a Reply

Your email address will not be published. Required fields are marked *