ဟာလန်းကို ရပ်တန့်သွားရမယ် jdbkx.net

တောက်လျှောက်ဂိုးသွင်းနေတဲ့”ဟာလန်း”ကို ရပ်တန့်သွားရမယ်လို့ ဒေါ့မွန်ကွင်းလယ်လူ အခိုင်အမာပြော

ဒေါ့မွန်ကွင်းလယ်လူ ပါစကယ်ဂရော့စ်က ဒီရာသီချန်ပီယံလိဂ်မှာ ဂိုးတွေတောက်လျှောက်သွင်းနေတဲ့ မန်ချက်စတာစီးတီး ကြယ်ပွင့်တိုက်စစ်မှူး အာလင်းဟာလန်းကို အသင်းဟောင်းဖြစ်တဲ့ ဒေါ့မွန်ကပဲ ပြန်လည်ရပ်တန့်ပေးသွားရမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

ယခုနှစ်ရာသီချန်ပီယံလိဂ်မှာ ဒေါ့မွန်ဟာ ရှုံးပွဲမရှိသေးဘဲ ၃ ပွဲမှာ ရမှတ် ၇ မှတ်အထိစုဆောင်းထားနိုင်ပေမဲ့ ဒီတစ်ခေါက်မှာတော့ မန်စီးတီးကို အီတီဟတ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်လို့ ရှုံးပွဲမကြုံရဖို့ အတော်လေးရုန်းကန်သွားရနိုင်ပါတယ်။ မန်စီးတီးကလည်း အိမ်ကွင်းမှာကစားခဲ့တဲ့ ချန်ပီယံလိဂ်နောက်ဆုံး ၂၃ ပွဲမှာ ရှုံးပွဲမရှိထားတာကြောင့် ဒေါ့မွန်အတွက် ပိုမိုခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာနိုင်ပါတယ်။ ဒေါ့မွန်ဟာ မန်စီးတီးကိုသာမက အသင်းအတွက် ၈၉ ပွဲကစားကာ ၈၆ ဂိုးအထိသွင်းယူပေးခဲ့တဲ့ ကြယ်ပွင့်တိုက်စစ်မှူးဟောင်း အာလင်းဟာလန်းနဲ့လည်း ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

ဟာလန်းအနေနဲ့လည်း ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် မတူညီတဲ့အသင်း ၃ သင်းနဲ့ ပြိုင်ပွဲမှာ ၅ ပွဲဆက်ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်ဖို့ ဒီပွဲမှာဂိုးသွင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဟာလန်းက ယခင်က ဒေါ့မွန်ဆဲလ်ဘတ်တို့နဲ့ ချန်ပီယံလိဂ်မှာ ၅ ပွဲဆက်တိုက်ဂိုးသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာ ဂရော့စ်က “ဟာလန်းက ဂိုးတွေတောက်လျှောက်သွင်းထားပြီး ထူးချွန်ပြောင်မြောက်တဲ့ကစားသမားပါ။ ကျွန်တော်တို့ စုဖွဲ့မှုကောင်းကောင်းနဲ့ သူ့ကိုဟန့်တားသွားရပါမယ်။ ဒီပွဲကို ကျွန်တော်တို့ပွဲဖြစ်အောင် သေချာထိန်းချုပ်ပြီးကစားသွားရပါမယ်”

မန်စီးတီးကအခုဆိုရင် ပိုပြီးတော့အနိုင်ယူရခက်တဲ့အသင်းဖြစ်လာပါပြီ။ သူတို့မှာ ကမ္ဘာ့အဆင့်ကစားသမားတွေပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ သူတို့က တိုးတက်နေတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဒီပွဲမှာ တတ်နိုင်သလောက် ခုခံကစားသွားပါ့မယ်။ ဂိုးသွင်းနိုင်ဖို့အတွက်လည်း ကြိုးစားသွားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဂိုးသွင်းနိုင်ဖို့အတွက်တော့ စွန့်စားမှုယူသွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။

Source : https://www.beinsports.com

Loading

Leave a Reply

Your email address will not be published. Required fields are marked *