
လီဗာပူးလူငယ်ကစားသမားတွေအတွက် ကျေနပ်အားရနေတဲ့ အယ်လီယော့
ကာရာဘောင်းဖလားဆီမီးဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်ဖို့ စိန့်မေရီကွင်းမှာ ဆောက်သမ်တန်ကို ၁-၂ ဂိုးဖြင့် အနိုင်ယူပြီးနောက် အယ်လီယော့က လီဗာပူးအသင်းရဲ့ကြိုးစားအားထုတ်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
တောင်ဘက်ကမ်းရိုးတန်းဒေသပွဲစဉ်ရဲ့ပထမ ပိုင်းပွဲချိန်အတွင်း ဒါဝင်နူနက်ဇ်က ဧည့်သည်တွေအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့သလို အယ်လီယော့ကိုယ်တိုင်လည်း အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။
ဒီနောက်မှာ အာချာရဲ့ဒုတိယပိုင်းပွဲချိန် ၅၉ မိနစ်ချေပဂိုးနဲ့အတူ လီဗာပူးလူငယ်ကစားသမားတွေကို ဖိအားပေးဖို့ စိန့်တွေအတွက် နာရီဝက်ခန့် အချိန်ရရှိခဲ့ပေမဲ့ ဧည့်သည်တွေက အခြေအနေအပေါ်အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့ပါတယ်။
အခုပွဲစဉ်အတွက် လီဗာပူးအသင်းနည်းပြအန်းစလော့က ဗန်ဒိုက်၊ မိုဆာလက်၊ ဂရာဗန်ဘတ်ချ်တို့လို အဓိကကစားသမားတွေကို အပြည့်အဝအနားပေးခဲ့ပြီး တိုင်လာမော်တန်၊ အမ်ယိုနီတို့လို သွေးသစ်တွေကို ပွဲထွက်ခွင့်ပေးခဲ့ကာ အရန်ခုံတန်းမှာလည်း အခြား လူငယ်ကစားသမားတွေ ရှိနေခဲ့ပါတယ်။
အယ်လီယော့ကတော့ နောက်ဆုံးလေးရာသီအတွင်း သုံးကြိမ်မြောက်ကာရာဘောင်းဖလားရယူနိုင်ရေး နိုင်ပွဲတစ်ခုဖော်ဆောင်ဖို့အတွက် ကစားသမားတစ်ဦးချင်းစီရဲ့ အားဖြည့်ပါဝင်ပေးဆပ်ခဲ့မှုအပေါ် ကျေနပ်ပျော်ရွှင်နေပါတယ်။ အယ်လီယော့က “အမြဲတမ်းနည်း ပြမရှိသေးတဲ့ ဆောက်သမ်တန်နဲ့ရင်ဆိုင်ရမဲ့ အခြေအနေကို သိထားပြီးနောက် ကျွန်တော်တို့တွေ အခုပွဲစဉ်ဆီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပါတယ်။ ပြိုင်ဘက်ရဲ့အစွမ်ကုန်တိုက်ပွဲဝင်မဲ့ စိတ်ဓါတ်ပိုင်းကိုလည်း ကျွန်တော်တို့ သိထားခဲ့ပါတယ်။
ဒီလိုစိန်ခေါ်မှုတွေအတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ ကျွန်တော်တို့အသင်းကစားသမားတွေအနက် အချို့က အခု ဘောလုံးရာသီမှာ ပွဲချိန်အများကြီး မကစားခဲ့ရပါဘူး။ ဒါ့အပြင် အသင်းမှာ အရမ်းငယ်ရွယ်သေးတဲ့ကစားသမားတွေ ပါဝင်လာခဲ့ပါ တယ်။ ကျွန်တော်တို့တွေ အသင်းတစ်ခုအဖြစ် တိုက်ပွဲဝင်ခဲ့ကြတာပါ။ အဝေးကွင်းနိုင်ပွဲတစ်ခုနဲ့အတူ ပြန်လာနိုင်လို့ကျေးဇူးတင်မိပါတယ်”လို့ ပြောပါတယ်။
Source : fotmob.com
#လီဗာပူး #အီလီယော့ #ကာရာဘောင်း #ဒါဝင်နူနက်ဇ် #အာချာ #အန်းစလော့
I was recommended this website by my cousin I am not sure whether this post is written by him as nobody else know such detailed about my difficulty You are wonderful Thanks
I was recommended this website by my cousin I am not sure whether this post is written by him as nobody else know such detailed about my trouble You are amazing Thanks