အင်္ဂလန်တို့ ယူရို ၂၀၂၄- အုပ်စုအဆင့်မှာ အင်အားကြီးအသင်းတွေကိုရှောင်လွှဲနိုင်ခဲ့ခြင်း

မနေ့ကပဲ ယူရို ၂၀၂၄ -အုပ်စုအဆင့် မဲခွဲပွဲကျင်းပပြုလုပ်ခဲ့ရာ အင်္ဂလန်ဟာ ဆားဘီးယားဆလိုဗေးနီးယားဒိန်းမတ် အသင်းတွေနဲ့ အုပ်စု C မှာ ကျရောက်လျက်ရှိပါတယ် ။ ဒါဟာ စပိန် ၊ အီတလီ ၊ ခရိုအေးရှားတို့ရဲ့ အုပ်စု B ၊ ပြင်သစ် ၊ နယ်သာလန်တို့ရဲ့ အုပ်စု D တို့လောက်တော့ အင်္ဂလန်ရဲ့ အုပ်စု မကျပ်နေတာကိုတွေ့ရပါတယ် ။

ပြီးခဲ့တဲ့ ယူရို ၂၀၂၀ – မှာ ဗိုလ်လုပွဲတက်ခဲ့တဲ့ အင်္ဂလန်ဟာ ဒီတကြိမ်မှာလည်း ဗိုလ်စွဲဖို့ရေပန်းအစားဆုံးတစ်သင်းအဖြစ် ရပ်တည်နေကာ ၊ အခုလို ဥရောပအင်အားကြီးအသင်းတွေကို ရှောင်လွှဲနိုင်လိုက်တာက ၄င်းတို့ကို အုပ်စုတက်ဖို့ အခြေအနေ အတော်လေးကောင်းသွားစေပါတယ် ။

BBC Sport နဲ့ တွေ့ဆုံခဲ့ရာမှာ အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်က အင်အားကြီး အသင်း ၃-သင်းလောက် ရှောင်လွှဲနိုင်လိုက်လို့ ဝမ်းမြောက်မိပေမဲ့ အုပ်စုတွင်းက ပြိုင်ဖက်တွေကိုလည်း လုံးဝလျှော့တွက်မရကြောင်း သတိပေးသွားပါတယ် ။

ဆောက်ဂိတ် က “ကျွန်တော်ဟာ ဒီနေရာကနေ ရပ်ကြည့်လာတဲ့ မဲခွဲပွဲတချို့ ရှိပါပြီ ။ ဒီတော့ ခံစားချက်ကတော့ အမြဲတူတူပါပဲ ။ ခင်ဗျားဟာ လောလောဆယ် ဒီလိုပွဲတွေကို စာမျက်နှာပေါ်က ကြည့်ပြီးတော့ပဲ ခန့်မှန်းသုံးသပ်ကြည့်လို့ရပါမယ် ။ ဒါပေမဲ့ တကယ်ကန်ရမှာက စာရွက်တွေပေါ်မှာမဟုတ်ပါဘူး”

“အမှန်က ဒီအဆင့်မှာ ခင်ဗျားရှောင်လိုက်ရလို့ ကျေနပ်နေမဲ့ အသင်း ၂-သင်း ၊ ၃-သင်းလောက်တော့ ရှိပါတယ် ။ အထူးသဖြင့် မဲအိုး နံပါတ် ၃ -နဲ့ ၄-ထဲကပေါ့ ။ ဒါပေမဲ့ ကျွန်တော်တို့ အုပ်စုအဆင့်မှာရင်ဆိုင်ရမဲ့ အသင်းတိုင်းဟာ စွမ်းဆောင်နိုင်ကြပါတယ်”

“ခင်ဗျား ဆားဘီးယားအသင်းကို ကြည့်လိုက်ရင် မီထရိုဗစ်လို တိုက်စစ်မှူးမျိုးရှိနေပြီး ခင်ဗျားဟာ မဲခွဲပွဲတွေ စောင့်ကြည့်တဲ့အခါ ကိုယ်နဲ့တွေ့မဲ့ အသင်းတွေဆီကနေ ဒီလိုအရာမျိုးတွေ မလွဲမသွေ အကဲခတ်ရမှာပါ”

“ဆလိုဗေးနီးယားဟာ ကျွန်တော် အင်္ဂလန်မန်နေဂျာ စဖြစ်တုန်းက ပထမဆုံးရင်ဆိုင်ရတဲ့ အသင်းတွေထဲကတစ်သင်းပါ ။ ဂျိုးဟတ် အဲဒီပွဲတုန်းက အဆုံးအဖြတ် ကာကွယ်မှုတစ်ကြိမ် လုပ်ပြခဲ့တာကို ကျွန်တော်မှတ်မိနေပါသေးတယ် ။ အဲဒီပွဲမှာ သူ့ရဲ့ကာကွယ်မှုကြောင့်သာမဟုတ်ရင် ကျွန်တော် ဒီရာထူးမှာ ဆက်ရှိချင်မှရှိတော့မှာပါ ”

“ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရတာကို ကျွန်တော်တို့ အတော်လေး စိတ်လှုပ်ရှားကြပါတယ် ။ ကျွန်တော်တို့ကို လူတွေက ဘာတွေ မျှော်မှန်းထားကြတာ သိပါတယ် ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဒီလိုပွဲကြီးမျိုးတွေကစားတာ ကျင့်သား ရနေပါပြီ ။ ဒီတော့ ဒီလိုမျှော်မှန်းချက်တွေ အတွက် အသင့်ဖြစ်နေကြပါတယ် ၊ ပြီးခဲ့တဲ့ ပြိုင်ပွဲတချို့ကလို ပရိသတ်တွေဆီကနေ တခဲနက်အားပေးမှုတွေထပ်ရဖို့ မျှော်လင့်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ် ။

Source : englandfootball.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #အင်္ဂလန်လက်ရွေးစင်နည်းပြ #ဂါရတ်ဆောက်ဂိတ် #ယူရို၂၀၂၄ # ဗိုလ်စွဲဖို့ရေပန်းအစားဆုံး #အုပ်စုC #BBCSport #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *