မော်ရင်ညို ပြောခဲ့တာမှန်ကြောင်း ဖွင့်ဟလာတဲ့ ဆောက်ဂိတ်

အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်ဟာ ထိုရာထူးကို လက်ခံထားတဲ့ ၇-နှစ် -အတွင်း မေဂျာ ပြိုင်ပွဲ ၃-ပွဲ အထိ ဆင်နွှဲခွင့်ရခဲ့ပြီး ၂၀၁၈- ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ် ၊ ၂၀၂၂ -ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်သို့ ပို့ဆောင်နိုင်ခဲ့ကာ ၊ ၂၀၂၀ -ယူရိုမှာတော့ ဒုတိယနဲ့ ကျေနပ်ခဲ့ရပါတယ်။ လာမဲ့ နွေရာသီကာလမှာတော့ အင်္ဂလန်တို့ ယူရို ၂၀၂၄ -ဆင်နွှဲဖို့ ရှိပြီး ဒီပြိုင်ပွဲမှာ ဆောက်ဂိတ် အနေနဲ့ နှစ် ၆၀-နီးနီး ဝေးကွာနေတဲ့ မေဂျာပြိုင်ပွဲ အောင်မြင်မှုကိုပြန်လည် စွမ်းဆောင်ပေးဖို့ ကြိုးစားမှာဖြစ်ပါတယ်။

Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ဆောက်ဂိတ်က အနာဂတ်မှာ ပရီးမီးယားလိဂ်မန်နေဂျာရာထူးသို့ တကျော့ပြန်လာဖို့ အရိပ်အမြွက်ဖွင့်ဟရင်း ဒီလို ယုံကြည်မှုတွေရလာဖို့ လက်ရှိရိုးမားနည်းပြ ဂျိုဆေး မော်ရင်ညိုမှ သူ့ကို အကြံပြု မက်ဆေ့ခ်ျတစ်ခု ပေးခဲ့ဖူးကြောင်း ပြန်ပြောင်းပြောပြလာပါတယ်။

ဆောက်ဂိတ် က “ကျွန်တော် အသက် ၃၅-နှစ် အရွယ်တုန်းက ပရီးမီးယားလိဂ်မှာ မန်နေဂျာလုပ်ခဲ့ဖူးပါတယ်။ စစချင်း ၂-နှစ်မှာ ကျွန်တော်တို့ အဆင့် ၁၂-နဲ့ ၁၃-မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ ခုလောက် ဘာတစ်ခုမှ မသိသေးပါဘူး ”

“လူတိုင်းက ကျွန်တော်ကိုင်ခဲ့တဲ့ မစ်ဒယ်ဘရော့အသင်းအကြောင်း ပြောကြပါလိမ့်မယ်။ ‘ သူ မစ်ဒယ်ဘရော့ကို တန်းဆင်းအောင် လုပ်ခဲ့တယ် ‘ ဆိုတာမျိုးပေါ့။ ဟုတ်ပါတယ်။ မှန်ပါတယ်။ ကျွန်တော် ကိုင်တွယ်ခဲ့တဲ့ ၃-နှစ်မြောက်မှာမှ တန်းဆင်းခဲ့တာပါ”

“ဒါပေမဲ့ ကျွန်တော့်မှာ ပရီးမီးယားလိဂ်မန်နေဂျာ အတွေ့အကြုံ ၃-နှစ် ရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အဲဒီက ပထမဆုံးရာသီဟာ အကြီးကျယ်ဆုံး မှတ်တမ်းဆိုတာ ယုံမှားသံသယ ဖြစ်စရာမရှိပါဘူး။ ကျွန်တော်ဟာ အသင်းခေါင်းဆောင်ဘဝကနေ ကမ္ဘာ့အခက်ခဲဆုံးလိဂ်မှာ ပေါင်သန်းရာချီ ရင်းထားရတဲ့ မန်နေဂျာဘဝဆီ ကူးပြောင်းခဲ့တာပါ ”

“ကိုယ်ရထားတဲ့ ဘတ်ဂျက်အခြေအနေနဲ့ ချိန်ထိုးကြည့်ရင် ပထမ ၂-ရာသီက ရပ်တည်မှုဟာ မှန်းထားတဲ့အနေအထားနဲ့ မတိမ်းမယိမ်းဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် မန်နေဂျာရာထူးအတွက် ကျွန်တော်ယုံကြည်မှု ရှိနေပါတယ်။ ကိုယ့်အနာဂတ်ရှိမဲ့နေရာတိုင်းအတွက် ကျွန်တော် ယုံကြည်မှု ရှိနေပါတယ်”

“ဟုတ်ပါတယ်။ အင်္ဂလန်လက်ရွေးစင် နည်းပြရာထူးမှာ ကျွန်တော် နောက်ထပ် အနှစ် ၂၀-၃၀ ရှိနေမှာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အနာဂတ်က ဘယ်အသင်းမှာ ဖြစ်မလဲဆိုတာလည်း မသိပါဘူး။ ကျွန်တော် ဒီအတွက် စိတ်အေးအေးပဲထားပါတယ် ”

“ဂျိုဆေး မန်ယူနိုက်တက်မှာ ရှိခဲ့တုန်းက ကျွန်တော် သူနဲ့ပြောခဲ့တဲ့ စကားအကြောင်း မှတ်မိနေပါသေးတယ်။ သူက ကျွန်တော့်ကို “ခင်ဗျား ဒီအလုပ်ကို လုပ်နေရပြီဆိုတော့ ဘယ်နည်းပြရာထူးမဆို ကိုင်တွယ်နိုင်ပြီ “ လို့ ပြောခဲ့ပါတယ်။ တကယ်ကြီးလားလို့ ကျွန်တော် သူ့ကို ပြန်မေးခဲ့ပါတယ် ”

“နောက်တော့ သူပြောတာ မှန်မှာပါလေလို့ တွေးခဲ့ပါတယ်။ အခု အင်္ဂလန်နည်းပြရာထူးမှာ ၇-နှစ် ကြာလာတဲ့အခါမှာတော့ သူပြောတာ တပ်အပ်မှန်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Source : Skysports.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #ဂါရတ်ဆောက်ဂိတ် #အင်္ဂလန်အသင်း #ဂျိုဆေးမော်ရင်ညို #ရိုးမားနည်းပြ #Online #Games #Myanmar #OnlineGamesMyanmar

Loading

183 comments

Leave a Reply

Your email address will not be published. Required fields are marked *