ဂွါဒီယိုလာရဲ့ပြောကြားချက်ကို ပြန်လည်တုံ့ပြန်လိုက်တဲ့ မော်ရင်ဟို

ဖီနာဘာချီနည်းပြ မော်ရင်ဟိုက ဂွါဒီယိုလာရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ ဂွါဒီယိုလာဟာ လီဗာပူးကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ လီဗာပူးပရိသတ်တွေထံ သူပရီးမီးယားလိဂ်ဘယ်နှစ်လုံးရယူထားနိုင်လဲဆိုတာကို လက် ၆ ချောင်းထောင်ပြီး လုပ်ပြခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟို

မော်ရင်ဟိုကလည်း ယခင်ယူနိုက်တက်မှာတုန်းက ချဲလ်ဆီး နဲ့ တော့တင်ဟမ်ပရိသတ်တွေထံ အခုလိုမျိုးလုပ်ပြခဲ့သေးတာဖြစ်ပါတယ်။ အဆိုပါအပြုအမူလုပ်ဆောင်ပြီး သိပ်မကြာခင်မှာပဲ ယူနိုက်တက်ဟာ မော်ရင်ဟိုကို ထုတ်ပယ်ခဲ့ပါတယ်။ ဂွါဒီယိုလာကလည်း လီဗာပူးကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ အခုလိုလုပ်ပြခဲ့တာကြောင့် မော်ရင်ဟိုလိုမျိုးဖြစ်လာနိုင်တယ်လို့ မေးခွန်းထုတ်မှုတွေရှိနေပါတယ်။

“အဲ့တာက ကျွန်တော့်ပြဿနာမဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။ သူက ဆုဖလား ၃ ကြိမ်ရယူနိုင်ခဲ့သလို ကျွန်တော်က ၆ လုံးရယူထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဆင်တူပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး မော်ရင်ဟိုက “မနေ့တုန်းက ဂွါဒီယိုလာက တစ်စုံတစ်ခုပြောခဲ့ပါတယ်။ သူက ဆုဖလား ၆ လုံးရယူနိုင်ခဲ့ပြီး ကျွန်တော်က ၃ လုံးရယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်က မျှမျှတတ ၊ ပြီးတော့သန့်သန့်ရှင်းရှင်းရခဲ့တာပါ။

ကျွန်တော်အရေးနိမ့်ခဲ့မယ်ဆိုရင် ပြိုင်ဘက်ကို ဂုဏ်ပြုသွားမှာပါ။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ထက်ပိုကောင်းနေလို့ပါ။ ကျွန်တော်က ဥပဒေချိုးဖောက်မှု ၁၁၅ ကြိမ်နဲ့အနိုင်မရချင်ပါဘူး”လို့ မော်ရင်ဟိုက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

မော်ရင်ဟိုက မန်စီးတီးရဲ့ဘဏ္ဍာရေးချိုးဖောက်မှု ၁၁၅ ကြိမ်ကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စီးတီးဟာ အဆိုပါကာလတွေအတွင်းမှာ ပရီးမီးယားလိဂ် ၃ ကြိမ်ရယူနိုင်ခဲ့ပြီး ၂၀၁၂ ၊ ၂၀၁၄ နဲ့ ၂၀၁၈ တွေမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

အသင်းဘက်ကတော့ အဆိုပါစွပ်စွဲမှုတွေကို ငြင်းဆန်ထားပြီး လာမဲ့ ၂၀၂၅ မတိုင်ခင်အထိ ထူးခြားဖွယ်မရှိတာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ မကြာသေးခင်တုန်းက နိုင်ပွဲပြန်တွေ့ခဲ့ပြီး အိမ်ကွင်းမှာ နော်တင်ဟမ်ကို ၃ ဂိုးပြတ်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ လာမယ့်စနေနေ့မှာ စီးတီးဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့အဝေးကွင်းမှာ ကန်ရမှာဖြစ်ပါတယ်။

 

#ဖီနာဘာချီနည်းပြမော်ရင်ဟို #ဂွါဒီယိုလာ #လီဗာပူး #ပရီးမီးယားလိဂ် #ချဲလ်ဆီး #တော့တင်ဟမ် #ယူနိုက်တက် #ဆုဖလား #မန်စီးတီး #ဘဏ္ဍာရေးချိုးဖောက်မှု #နော်တင်ဟမ် #ခရစ္စတယ်ပဲလေ့စ်

Loading

2 comments

  • This is really interesting, You’re a very skilled blogger. I’ve joined your feed and look forward to seeking more of your magnificent post. Also, I’ve shared your site in my social networks!

  • Hi i think that i saw you visited my web site thus i came to Return the favore I am attempting to find things to improve my web siteI suppose its ok to use some of your ideas

Leave a Reply

Your email address will not be published. Required fields are marked *