အာဆင်နယ် အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်နိုင်ချေကို ခန့်မှန်းသုံးသပ်လိုက်တဲ့ ဘယ်လာရင်

ဂန်းနားဟောင်း ဟက်တာဘယ်လာရင် က ဒီနှစ် ဘောလုံးရာသီမှာ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုရရှိဖို့ရာ လုံလောက်တဲ့ အ‌တွေ့အကြုံကို ပိုင်ဆိုင်ထားပြီဖြစ်တာကြောင့် ချန်ပီယံဖြစ်မယ်လို့ ယုံကြည်မှုအပြည့်ရှိနေပါတယ် ။

ဘယ်လာရင် ရဲ့ အသင်းဖော် အာတီတာ ရဲ့ဦးဆောင်မှုနဲ့အတူ အာဆင်နယ်အသင်းဟာ မနှစ်ကအမှတ်ပေးဇယားထိပ်ဆုံးမှာ ကာလရှည်ကြာ ရပ်တည်နိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အဓိကကစားသမားတွေ ဒဏ်ရာပြဿနာ ကြုံတွေ့ရမှုနဲ့အတူ အာဆင်နယ်အသင်းဟာ ရလဒ်တွေယိမ်းယိုင်ပြီး မန်စီးတီးအသင်းထံ ချန်ပီယံဆုကိုလွှဲပြောင်းပေးလိုက်ရပါတယ် ။

ဒီနှစ်နွေရာသီမှာတော့ အာဆင်နယ်အသင်းဟာ ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ဖို့ရာ ထိပ်တန်းကစားသမားတွေကို ဈေးကြီးပေးခေါ်ယူထားပြီး အင်အားဖြည့်တင်းထားပါတယ် ။ လက်ရှိ ၁၂ -ပွဲ ကစားပြီးချိန်မှာလည်း အာဆင်နယ်အသင်းဟာ ထိပ်ဆုံးက မန်စီးတီး နဲ့ ၁ -မှတ်ကွာ အဆင့် ၃- နေရာ မှာရှိနေပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီမှာ အာဆင်နယ်က‌နေ ဘက်တစ် ကို အပြီးသတ်ပြောင်းရွှေ့ သွားခဲ့တဲ့ ဘယ်လာရင် က Sky Sports မှာ အာတီဝာာ နဲ့ ပတ်သက်ပြီး “သူ့ရဲ့ အားသာချက်က အမြဲမပြတ်လေ့လာသင်ယူနေတာပါပဲ ၊ သူက သိပ်ကိုမှ ကောင်းမွန်တဲ့အရာပါ ။ သူ့မှာ လိုက်လျောညီထွေ ဆောင်ရွက်နိုင်စွမ်းနဲ့ အမှားတွေကနေ သင်ခန်းစာယူနိုင်စွမ်းလည်း ရှိပါတယ် ။ ဘောလုံးရာသီသစ်တိုင်းမှာ သူက အရင်ကနဲ့မတူတဲ့ အာတီတာ အသစ် ဖြစ်လာနေတာပါ ။ ”

“ကစားသမားဘဝ မှာကတည်းက သူက ကျွန်တော်တို့ကို နည်းပြနေခဲ့တာပါ ၊ ဒီပွဲအပေါ် သူ့ရဲ့ အမြင်ဘယ်လို ရှိကြောင်းပေါ့ ၊ ကျွန်တော်တို့ ဘယ်လို press လုပ်ရမလဲ စသည်ဖြင့်ပေါ့ ၊ အဲ့ဒီ အချိန်ကတည်းက သူဟာ နည်းပြကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိနှင့်နေခဲ့ပါတယ် ။ ”

” အသင်းက လူငယ်ကစားသမားတွေနဲ့လည်း ကျွန်တော့်မှာ အခိုက်အတန့်ကောင်းတွေ အများကြီးရှိခဲ့ပါတယ် ။ အကယ်ဒမီ က ဆာကာ ၊ နယ်လ်ဆင် တို့ နေရာရလာတာကိုလည်း ကျွန်တော် မြင်ခဲ့ရပါတယ် ၊ သူတို့အတွက် သိပ်ဂုဏ်ယူပါတယ်၊ အခုဆို ဘူကာရို ကစလို့ လူငယ် ကစားသမားတော်တော်များများက အတွေ့အကြုံတွေ အတော်များများ ရှိနေကြပါပြီ ၊ ဒါက ကျွန်တော်တို့ ပျောက်ဆုံးလိုအပ်နေခဲ့တဲ့အရာပါပဲ “
“အသင်းက တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီး ကောင်းလာမှာပါ ၊ ဒါက အာဆင်နယ်အသင်း ရောက်နေရမဲ့ ၊ ရှိနေရမဲ့ အဆင့်အတန်း တစ်ခုပါပဲ ။ ” လို့ ပြောကြားသွားခဲ့ပါတယ်။

Source : Football.london : Metro.co.uk
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #အာဆင်နယ် #ချန်ပီယံဖြစ်နိုင်ခြေ #ပရီးမီးယားလိဂ် #ဟက်တာဘယ်လာရင် #မန်စီတီး #အာတီတာ #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *