
ဘရိုက်တန်နဲ့ပွဲက ရိုက်စ် အနီကဒ်မတိုင်ခင် သူတို့အမှား ကျူးလွန်ခဲ့ကြောင်း ဝန်ခံလိုက်တဲ့ ဟောင်းဝပ်ဝက်ဘ်
PGMOL ရဲ့ အကြီးအကဲ ဟောင်းဝပ်ဝက်ဘ် ဟာ အာဆင်နယ် နှင့် ဘရိုက်တန် နဲ့ ပွဲမှာ ဒက်ကလန်ရိုက်စ်ရဲ့ နှစ်ဝါတစ်နီ ဖြစ်ရပ်မတိုင်မှီ ပက်ဒရို ကိုလည်း အဝါကဒ် ပြခဲ့သင့်ကြောင်း ဆိုလိုက်ပြီး သူတို့ရဲ့ ဆုံးဖြတ်ချက် တသမတ်တည်း မဖြစ်ခဲ့မှုကို ဝန်ခံပြောကြားသွားခဲ့ပါတယ်။
ဘရိုက်တန် နဲ့ ပွဲမှာ အာဆင်နယ် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် ဟာ ပြစ်ဒဏ်ဘော ကန်သွင်းမှုကို ကြန့်ကြာအောင် နှောင့်ယှက်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီး က အဝါကဒ် ပြသခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းမှာ ရိုက်စ် ဟာ အဝါကဒ် တစ်ကဒ် ထိထားပြီး ဖြစ်တာကြောင့် နှစ်ဝါတစ်နီ နဲ့ ထုတ်ပယ် ခံလိုက်ရပါတယ်။
ဒက်ကလန်ရိုက်စ် ရဲ့ ဖြစ်ရပ် မတိုင်မီမှာ ဘရိုက်တန် တိုက်စစ်မှူး ပက်ဒရို ဟာလည်း ဘောလုံးကို အဝေးကန်ထုတ်ခဲ့ပေမဲ့ ကွင်းလယ် ဒိုင်လူကြီး က ဘာကဒ်မှ ပြသခဲ့ခြင်း မရှိခဲ့တဲ့ အပေါ် အာဆင်နယ် နည်းပြ အာတီတာ က ပွဲအပြီးမှာ မေးခွန်းထုတ် ဝေဖန်ခဲ့ပါတယ်။
PGMOL ရဲ့ အကြီးအကဲ ဟောင်းဝပ်ဝက်ဘ် က ဘရိုက်တန် နဲ့ ပွဲမှာ ပက်ဒရို ကိုလည်း အဝါကဒ် ပြသကြောင်း ဝန်ခံလိုက်ပေမယ့် ရိုက်စ် ကို နှစ်ဝါတစ်နီ နဲ့ ထုတ်ပယ်ခဲ့တဲ့ ခရစ်ကာဗာနာ ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ထောက်ခံ သွားခဲ့ပါတယ်။
”ပက်ဒရို က အဝါကဒ် မပြ ခံခဲ့ပါဘူး။ တကယ်ဆို သူ အဝါကဒ် ထိသင့်တဲ့ အနေအထားပါ။ ဖြစ်ရပ် နှစ်ခုက မတူပေမဲ့ နှစ်ခုစလုံး က ဘောလုံး စတင်မဲ့ အနေအထားကို နှောင့်နှေးအောင် လုပ်ခဲ့ဝာာချင်း အတူတူပါပဲ ၊ ပက်ဒရို ကိုလည်း သတိပေးမှု ပြုလုပ်ခဲ့ရမှာပါ။ ”
”ကွင်းလယ် ဒိုင်လူကြီး က သူ့ကို သံသယအကျိုးကို ခံစားခွင့်အများကြီး ပြုလုပ်တာပါ ၊ သူ့ရဲ့ လုပ်ရပ်က ပွဲပွဲအပေါ် သက်ရောက်မှု မရှိဘဲ အာဆင်နယ် ကစားသမားတွေကလည်း လက်ပစ်ဘော ပစ်ဖို့ အဆင်သင့် မဖြစ်နေတာကြောင့် တွေးပုံ ရပါတယ် ၊ အာဆင်နယ် ကစားသမားတွေက အဝေးကို ရောက်နေကြပြီး ဗဲလ့်မန်း တစ်ယောက်ပဲ အဲ့နားမှာ ရှိနေခဲ့တာပါ။ ”
”သေချာပြန်ကြည့်ရင်တော့ ပက်ဒရို ရဲ့ လုပ်ရပ်က ပွဲအပေါ် သက်ရောက်မှု ရှိတယ်ဆိုတာ အထင်းသား မြင်ရပါတယ်။ သူ့ရဲ့ လုပ်ရပ်က အာဆင်နယ် အသင်း ဘောလုံး ပြန်လည် စတင်ဖို့ကို အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ် ၊ ဒါကြောင့် အဝါကဒ် ပြရမှာပါ။ ”
”ကျွန်တော်တို့လည်း ပွဲကိုင်တွယ်တဲ့သူတွေကို ဆုံးဖြတ်ချက်တွေ တပြေးညီတည်း ဖြစ်အောင် လုပ်ဖို့ မှာထားပါတယ်။ ဝီစီ မှုတ်ပြီးတဲ့ချိန် ဘောလုံးထိတဲ့ ဖြစ်ရပ်တိုင်းကတော့ အဝါကဒ် မဟုတ်ပါဘူး ၊ ကစားသမား ရဲ့ ရည်ရွယ်ချက် သူ့ရဲ့ လုပ်ရပ်က ဘယ်လောက်အထိ သက်ရောက်မှု ရှိသလဲ ၊ ဘာသက်ရောက်မှု မှ မရှိရင် အဝါကဒ် ပြမှာ မဟုတ်ပါဘူး ၊ ပက်ဒရို ရဲ့ ဖြစ်ရပ်မှာတော့ အဝါကဒ် ပြရမှာပါ။ ”
Source : metro.co.uk
#jdbkx.net #ဟောင်းဝပ်ဝက်ဘ် #ဒက်ကလန်ရိုက်စ် #NewMemberBonus #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames