အာတီတာဟာ ဂွါဒီယိုလာထက် မော်ရင်ဟိုနဲ့ပိုဆင်တူ

အာတီတာဟာ ဂွါဒီယိုလာထက် မော်ရင်ဟိုနဲ့ပိုဆင်တူတယ်လို့ ကာကွယ်ပြောကြားလိုက်တဲ့ ကာရေဂါ

လီဗာပူးဂန္ထဝင်ဟောင်း ကာရေဂါက အာဆင်နယ်နည်းပြ အာတီတာဟာ ဂွါဒီယိုလာထက် မော်ရင်ဟိုနဲ့ပိုဆင်တူတယ်လို့ ကာကွယ်ပြောကြားလိုက်ပါတယ်။ အာတီတာဟာ အာဆင်နယ်ကိုမပြောင်းလာခင် စီးတီးမှာ ဂွါဒီယိုလာလက်အောက်မှာ ၃ နှစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။နှစ်အတော်ကြာ စပိန်သားဟာ ဆရာဖြစ်သူ ဂွါဒီယိုလာရဲ့နည်းစနစ်အတိုင်း အာဆင်နယ်မှာကျင့်သုံးလာခဲ့ပြီး ချန်ပီယံဆုစိန်ခေါ်နိုင်ခဲ့တဲ့အထိ ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကာရေဂါကတော့ အာတီတာရဲ့ကစားဟန်ဟာ ဂွါဒီယိုလာထက် မော်ရင်ဟိုနဲ့ပိုဆင်တူတယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။

အာတီတာဟာ ဂွါဒီယိုလာထက် မော်ရင်ဟိုနဲ့ပိုဆင်တူ

“ဒီအသင်းက ဘယ်လိုရွှေ့လျားနေလဲဆိုတာကို ကျွန်တော်ပြောကြားချိန်မှာ ကျွန်တော် သတင်းကြီးပိုင်းမှာနေရာယူချင်တာမဟုတ်သလို ဝေဖန်တာလည်းမဟုတ်ပါဘူး။ ဒီအသင်းကို သုံးသပ်လိုက်မယ်ဆိုရင် တောင့်တင်းတဲ့ကစားသမားအင်အားရှိနေပါတယ်။ ဂွါဒီယိုလာ နဲ့ မော်ရင်ဟိုတို့က လွန်ခဲ့တဲ့ ၁၅ နှစ် ၊ နှစ် ၂၀ လောက်မှာ အောင်မြင်မှုသရဖူဆောင်းခဲ့တဲ့နည်းပြတွေပါ။

သူတို့မှာ သူတို့ကစားဟန်နဲ့သူတို့ရှိပါတယ်။ ကစားသမားခေါ်ယူမှုအပိုင်းကိုလည်း ကြည့်လိုက်ပါ။ အဲ့တာက မော်ရင်ဟိုကို ညွှန်ပြနေပါတယ်။ အခုလည်း အာဆင်နယ် နဲ့ အာတီတာကို ဝေဖန်တာမဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ သူက ပရီးမီးယားလိဂ် ၃ ကြိမ်ရဖူးပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ်မရတာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ မော်ရင်ဟိုလိုနည်းပြမျိုးဆိုပြီး တွေးကြည့်လိုက်ရင် သူသာ ကျွန်တော့်အသင်းကိုကိုင်တွယ်မယ်ဆိုရင် ကျွန်တော် ဘာအရင်စတွေးမယ်ထင်လဲ။

ကျွန်တော်ပထမဆုံးတွေးဖြစ်မှာက ကျွန်တော့်အသင်းက ခံစစ်ပိုကောင်းလာမှာပါ။ အဲ့ဒါကို သံသယရှိဖို့မလိုပါဘူး။ အာဆင်နယ်က ခံစစ်ပိုသန်မာလာပါတယ်။ အမြင့်ဘောပိုင်းကော ၊ သန်မာမှုအပိုင်းကော ၊ ခွန်အားပိုင်းမှာပါ သန်မာလာပါတယ်။ အာဆင်နယ်အခုလိုသန်မာလာတာကို ကျွန်တော်တို့ ဝမ်းသာပါတယ်။

အဲ့တာက မော်ရင်ဟိုဆီကနေ ရလိုက်တာပါ။ တည်ကန်ဘောအပိုင်းမှာလည်း အာဆင်နယ်က ပိုကောင်းလာပါတယ်။ မော်ရင်ဟိုလက်အောက် ဂျွန်တယ်ရီ ၊ ဒရော့ဘာတို့နဲ့ တိုးတက်လာခဲ့တာပါ။

အာဆင်နယ်လည်း အဲ့အတိုင်းပါပဲ။ ချဲလ်ဆီးနဲ့အတူ မော်ရင်ဟိုက အောင်မြင်ခဲ့တော့ အာဆင်နယ်မှာ လိုအပ်နေတာက ဆုဖလားအောင်မြင်မှုတွေပါ။ အခုညမှာ မော်ရင်ဟိုကြည့်နေမယ်ဆိုရင် သူအဲ့တာကို မြင်မှာပါ။

ဒါပေမဲ့ သူကတော့ ငါကဆုဖလားရခဲ့တယ်လို့ ပြောပါလိမ့်မယ်။ လက်ရှိအချိန်မှာ အာဆင်နယ်က ဆုဖလားအောင်မြင်မှုမရသေးပါဘူး။ သူတို့အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။

လက်ရှိကစားပြနေတာတွေကလည်း အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။ ကျွန်တော်ပြောတာကို သဘောမတူတဲ့သူတွေရှိနေမှာပါ။ သူတို့က အဲ့တာဆိုရင် အာဆင်နယ်ပွဲကို မကြည့်လို့ပါ။

ကျွန်တော်ကတော့ အာတီတာမှာ စီးတီးလိုမျိုး တိုက်စစ်စွမ်းရည်မရှိဘူးလို့ ထင်ပါတယ်။ သူတို့ ခံစစ်ကိုပိုအားထည့်ပြီး ချန်ပီယံဆုရယူနိုင်ဖို့ လုပ်ဆောင်နေတာပါ”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်ကိုအရေးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်ဟာ လာမဲ့ကြားရက်မှာ ချန်ပီယံလိဂ်ပွဲအဖြစ် အင်တာမီလန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

 

Source : goal.com

#လီဗာပူးဂန္ထဝင်ဟောင်း #ကာရေဂါ #အာဆင်နယ် #အာတီတာ #ဂွါဒီယိုလာ #မော်ရင်ဟို #ပရီးမီးယားလိဂ် #ချန်ပီယံဆု #နည်းပြ #ကစားဟန် #ကစားသမား #အောင်မြင်မှု #အာဆင်နယ်နည်းပြ #စီးတီး #အောင်မြင်မှုသရဖူ #တည်ကန်ဘော #အမြင့်ဘော #သန်မာမှု #ခွန်အား #အင်တာမီလန်

Loading

Leave a Reply

Your email address will not be published. Required fields are marked *