
ကစားသမားတိုင်းကို မန်နေဂျာကပဲ ၀ယ်ယူသင့်တယ်ဆိုတဲ့ အိုင်ဒီယာက မမှန်ဘူးဆိုတဲ့ ဂျေမီကာရေဂါ
ဂျေမီကာရေဂါက မန်နေဂျာတွေကို ကစားသမား အပြောင်းအရွေ့ကိစ္စတွေနဲ့ ပက်သက်လာရင် အလုံးစုံပုံကာ မလွှဲသင့်ဘူးလို့ ဆိုလိုက်ပါတယ်။ လီဗာပူး နောက်ခံလူဟောင်းက လွန်ခဲ့တဲ့ ၂၀၁၇ -က မာဆေးဆိုက်ကို ရောက်လာခဲ့တဲ့ မိုဟာမက်ဆာလားဟာ လီဗာပူး နည်းပြ ယာဂန်ကလော့ ခေါ်ယူချင်တဲ့ ကစားသမား မဟုတ်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
ကာရေဂါက ကလော့ဟာ အဲဒီအချိန်က ဂျူလီယန်ဘရန့်ကို ခေါ်ယူချင်ခဲ့တာလို့ ထုတ်ဖော်ခဲ့ပြီး ၎င်းအစား ခေါ်ယူခဲ့တဲ့ ဆာလားဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကြီးကြယ်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပြီး လီဗာပူးအတွက် ၃၃၂ -ပွဲမှာ ၂၀၄ -ဂိုးထိ သွင်းယူခဲ့ပါတယ်။

ကာရေဂါက ကလပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ခေါ်ယူခဲ့တဲ့ ဆာလားရဲ့ Transfer ကို ကြည့်လိုက်မယ်ဆိုရင် အပြောင်းအရွေ့ ကိစ္စတွေမှာ မန်နေဂျာတွေအနေနဲ့ အမြဲတမ်းနောက်ဆုံး ဆုံးဖြတ်ချက်ချရမယ့်သူ မဖြစ်သင့်ဘူးဆိုတာ ပြသခဲ့တယ်လို့ ဆိုလိုက်ပါတယ်။
ကာရေဂါက “လီဗာပူးကို ရောက်ရှိလာခဲ့တဲ့ ကစားသမားတွေထဲမှာ စိတ်၀င်စားစရာ အကောင်းဆုံး ဖြစ်ခဲ့တာကတော့ မိုဟာမက်ဆာလား ဆိုပြီး ကလော့က ဖွင့်ပြောခဲ့ပါတယ်။ သူဟာ ဆာလားကို မခေါ်ချင်ခဲ့ပါဘူး။ သူဟာ ဂျူလီယန်ဘရန့်ကို ခေါ်ချင်ခဲ့တာပါ။ လီဗာပူးဟာ ဆာလား ချဲလ်ဆီးကို မပြောင်းခင်တုန်းကလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။
ကန့်လန့်ကာ နောက်ကွယ်က လီဗာပူး တာ၀န်ရှိသူတွေဟာ သူ့ကို ဆက်လက်စောင့်ကြည့်နေခဲ့ပြီး အဲဒီနောက် ဆာလားဟာ ချဲလ်ဆီး ကနေ အငှားထွက်ပြီး နောက်ဆုံးမှာ ရိုးမားကို ပြောင်းရွေ့သွားခဲ့ပါတယ်။ မိုက်ကယ်အက်၀က် ဦးဆောင်တဲ့အဖွဲ့က ဒီကစားသမားကို မဖြစ်မနေ ခေါ်ယူသင့်တယ် ဆိုပြီး ကလော့ကို ခေါင်းငြိမ့်အောင်လုပ်ခဲ့ပါတယ်။

မိုဆာလား လီဗာပူးမှာ ဘာတွေ လုပ်ပြခဲ့သလဲဆိုတာ ကြည့်လိုက်ပါ။ ဒါပေမယ့် သူ လီဗာပူး မပြောင်းလာခဲ့ဘူးဆိုရင်လည်း တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်တာပါပဲ။ ဒ့ါကြောင့် ကစားသမားတိုင်းကို မန်နေဂျာကပဲ ၀ယ်ယူသင့်တယ်ဆိုတဲ့ အိုင်ဒီယာက မမှန်ဘူးလို့ ကျွန်တော်ခံစားမိပါတယ်။ မန်နေဂျာတွေကို သူတို့ အလိုရှိတဲ့အတိုင်း လုပ်ခိုင်းသင့်တယ်လို့ ကျွန်တော်မထင်ပါဘူး။
ခင်ဗျားတို့ မန်ယူနိုက်တက်ကို ကြည့်လိုက်ပါ။ ဒါဟာ စိုးရိမ်စရာပါ။ အဲရစ်တန်းဟတ်ဟာ သူ သိတဲ့ ကစားသမားတွေပဲ ၀ယ်ယူနေတဲ့ ပုံစံမျိုးပါပဲ။” လို့ ဆိုလိုက်ပါတယ်။
Source : Talksport.com
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ
#jdbkx.com #အားကစားသတင်း #ဂျေမီကာရေဂါ #မိုဟာမက်ဆာလား #လီဗာပူး #ယာဂန်ကလော့ #ဂျူလီယန်ဘရန့် #ဆာလား #အဲရစ်တန်းဟတ် #မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #ရိုးမား #Online #Games #Myanmar #OnlineGamesMyanmar