ပေါင်သန်း ၆၀-နဲ့ မခေါ်ယူနိုင်ခဲ့တဲ့ အာဆင်နယ်စတားအကြောင်းကို ပြန်ပြောင်းပြောပြလာတဲ့ ဂျိုဒီမောရစ်

၂၀၂၀ – ၂၀၂၁ ဘောလုံးရာသီဟာ ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက် ချဲလ်ဆီးအသင်း ငွေသုံးအများဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပြီး ၊ ထိုမတိုင်ခင် အရှေ့ရာသီမှာ ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ခံခဲ့ရတာကြောင့် ယင်းနွေရာသီစျေးကွက်မှာ ကစားသမားသစ် ၇-ဦး ၊ ၈-ဦးထိ အားဖြည့်ခဲ့တာဖြစ်ပါတယ်။

ထိုစဉ်က ဖရန့် လမ်းပတ်ဟာ ချဲလ်ဆီး မန်နေဂျာအဖြစ် တာဝန်ယူနေခဲ့ပြီး ၊ ၄င်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ အတူ တီမို ဗာနာ ၊ ကိုင်ဟာဗက်ဇ် ၊ ဟာကင် ဇီယက်ခ်ျ ၊ ဘန်ချေဝဲလ် ၊ သီယာဂို ဆေးလ်ဗား အစရှိတဲ့ နာမည်ကြီး စတားတွေကို တခြား ထိပ်သီးအသင်းတွေထက် လက်ဦးမှုယူကာ ခေါ်ယူနိုင်ခဲ့ပါတယ်။

သို့ပေမဲ့ လမ်းပတ်ဟာ သူမျက်စိကျခဲ့တဲ့ စတားတစ်ဦးကို ထိုနှစ်မှာ မခေါ်ယူနိုင်ခဲ့ပါဘူး။ အဲဒီ စတားကတော့ လက်ရှိ အာဆင်နယ်အသင်းရဲ့ တန်ကြေးအမြင့်ဆုံး ကစားသမားဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ပဲ ဖြစ်ပါတယ်။

ရိုက်စ်ဟာ ထိုနှစ် အပြောင်းအရွှေ့ကာလအတွင်း ချဲလ်ဆီးနဲ့ သတင်း အကြီးအကျယ် ထွက်ခဲ့ပေမဲ့ ၊ ဘုတ်အဖွဲ့ဖက်က ၄င်းကို ပထမဦးစားပေး ပစ်မှတ်အဖြစ် မသတ်မှတ်ခဲ့တာကြောင့် အပြောင်းအရွှေ့ဆွေးနွေးမှုက ထွေထွေထူးထူး ဖြစ်မလာခဲ့ပါဘူး။

ချဲလ်ဆီး အကယ်ဒမီမှာ ရိုက်စ်ကို မြေမြှောက်ပေးခဲ့တဲ့ လက်ထောက်နည်းပြဟောင်း ဂျိုဒီမောရစ်က ထိုစဉ်က ပေါင်သန်း ၆၀- ဝန်းကျင်ပဲ ရှိခဲ့တဲ့ ရိုက်စ်ကို ၄င်းတို့ ဘာကြောင့် မခေါ်ယူနိုင်ခဲ့လဲ ဆိုတာ No Tippy Tappy Football Podcast နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ပြန်ပြောင်း ရှင်းပြလာပါတယ်။

“ချဲလ်ဆီးမှာ ရှိတုန်းက ကျွန်တော် သူ့ကို ‘ မင်း ပြန်လာချင်လား ‘ လို့ မက်ဆေ့ခ်ျ ပို့ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ အသက် ၁၄-နှစ် အရွယ်တုန်းက ချဲလ်ဆီး အကယ်ဒမီကနေ ထုတ်ပယ်ခြင်း ခံခဲ့ရလို့ပါ။ Dec ( ရိုက်စ် ) ကို ခင်ဗျား ဒီအကြောင်း မေးကြည့်ရင် ၊ သူကတော့ ဒီလို အထုတ်ခံရဖို့ မထိုက်တန်ခဲ့ဘူးလို့ပဲ ပြောပါလိမ့်မယ်”

“ဒါပေမဲ့ အဲဒီတုန်းက သူ့ကို မထုတ်သင့်လောက်ဘူးလို့ ထင်ကြတဲ့ အသင်းတာဝန်ရှိသူ အရေအတွက်က အနည်းငယ်ပဲ ရှိခဲ့တာပါ။ ဒါက သူ့အတွက် အကောင်းဆုံးအရာဖြစ်ခဲ့တယ်ပဲ ဆိုရပါမယ်။ သူဟာ ဝက်စ်ဟမ်းမှာ အံ့သြဖွယ် အရာတွေကို လုပ်ပြခဲ့ပါတယ်”

“ချဲလ်ဆီးက ဒုတိယမြောက်ရာသီမှာ ကျွန်တော်က Lamps ( လမ်းပတ် ) ကို ‘ Dec ဟာ ငါတို့အတွက် တကယ် မယုံနိုင်ဖွယ်ကောင်းလိုက်မှာပဲ’ လို့ တချိန်လုံး ပြောခဲ့ပါတယ်။ အဲဒီတုန်းက ကန်တေဟာ ဘောလုံးရာသီရဲ့ ပွဲ ၄၀ -ရာခိုင်နှုန်းပဲ ကစားပေးနိုင်ခဲ့တာကြောင့် ကျွန်တော်တို့ဟာ လုပ်အားနှုန်းကောင်းမဲ့ ကွင်းလယ်လူ တစ်ဦး လိုအပ်ခဲ့ပါတယ် ”

“နောက်တစ်လလောက်ကြာတော့ ကျွန်တော်ဟာ Dec နဲ့ ပတ်သက်ပြီး ပိုနီးနီးကပ်ကပ် စောင့်ကြည့်လာပါတယ်။ ကျွန်တော်သာ သူ့ကို ချဲလ်ဆီးဆီ ပြန်လာချင်လား မက်ဆေ့ခ်ျ ပို့ခဲ့ပေမဲ့ ၊ သူသာ ဝက်စ်ဟမ်းက မပြောင်းချင်သေးဘူးဆိုရင် Lamps အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့က ဘာအဓိပ္ပာယ်မှ မရှိပါဘူး”

“နောက်တော့ သူက ‘ မဟုတ်ဘူး ၊ ကျွန်တော်က ချဲလ်ဆီး ပရိသတ်ပဲလေ ၊ ပြန်လာချင်တာပေါ့ ‘ လို့ ပြောခဲ့ပါတယ်။ ဒီတော့ အားလုံး စိတ်လှုပ်ရှားခဲ့ကြပြီး ၊ Lamps ကလည်း သူနဲ့ စကားစပြောခဲ့ပါတယ် ။ နောက်တော့ အပြောင်းအရွှေ့ ဆွေးနွေးဖို့ ဖြစ်လာခဲ့ပါတယ်”

“အသင်းရဲ့ အထက်တာဝန်ရှိသူတွေက သူ့ရဲ့ အဖေနဲ့ အပြောင်းအရွှေ့ဆိုင်ရာ အချက်အလက် အနည်းငယ် ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ တခြား အပြောင်းအရွှေ့ ၂ -ခု ၊ ၃-ခုကြောင့် ဒီကိစ္စကို နောက်ဆုတ်ခဲ့ရပြီး ၊ နောက်ထပ် ဆက်မဖြစ်လာခဲ့ပါဘူး ။ အဲဒီတုန်းက သူ့အတွက် တောင်းဆိုတဲ့ တန်ကြေးကလည်း ပေါင်သန်း ၆၀ ၊ ၆၅-သန်းလောက်ပဲ ရှိနေခဲ့တော့ ခုခေတ်နဲ့ဆို တန်လွန်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Source : Metro.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #ရိုမန်အေဘရာမိုဗစ်ခ်ျ #ဂျိုဒီမောရစ် #အာဆင်နယ် #ဒက်ကလန်ရိုက်စ် #ဖရန့်လမ်းပတ် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *