
စူပါလိဂ်အကြောင်း အမှန်တရားပြောဆိုဖို့ တူရကီမီဒီယာတွေကို တောင်းဆိုလိုက်တဲ့ မော်ရင်ဟို
ဖီနာဘာချီအသင်းဟာ ဟာတေယာစပေါလ်အသင်းကိုအနိုင်ရပြီးနောက် နည်းပြ မော်ရင်ဟိုက တူရကီလိဂ်ရဲ့ဆိုးဝါးတဲ့အမှန်တရားကိုပြောကြားဖို့ တူရကီမီဒီယာတွေကို တောင်းဆိုလိုက်ပါတယ်။ တနင်္ဂနွေနေ့တုန်းက ဖီနာဘာချီအသင်းဟာ ဟာတေယာစပေါလ်အသင်းကို ၂-၁ နဲ့အနိုင်ရခဲ့တာဖြစ်ပြီး မော်ရင်ဟိုက တူရကီလိဂ်ရဲ့ဒိုင်တွေနဲ့ ဆန့်ကျင်ဘက်အနေအထားမျိုးဖြစ်နေခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် တူရကီမီဒီယာနဲ့အင်တာဗျူးမှာ “ဒီနိုင်ငံကလူတွေက ဘာတွေကြောက်နေကြလဲမသိပါဘူး။ ကျွန်တော် အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ပွဲကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ အကောင်းဆုံးအခြေအနေတွေလည်း ဖန်တီးထားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်ချိန်မှာ ပေးပို့မှုတွေမလုပ်နိုင်ခဲ့ပါဘူး။ သူတို့ဂိုးသမားက တကယ်ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးတွေမှာဘောလုံးတွေ လွဲချော်ခဲ့ပါတယ်။
ဒီပွဲက ထူးခြားပြီး ၂-၁ နဲ့ အဆုံးသတ်ခဲ့ပါတယ်။ အမှန်တကယ်ဆို ဒီပွဲက ၆ ဂိုး ၊ ၇ ဂိုးလောက်ဖြစ်သင့်တာပါ။ ပွဲနဲ့ပတ်သက်ပြီး ပျော်ပါတယ်။ ဒါပေမဲ့ အခွင့်အရေးတွေလွဲချော်ခဲ့လို့တော့ မပျော်ပါဘူး။ ကျွန်တော့်ကစားသမားတွေအကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ၉ ရက်လောက် အလုပ်ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ ရှင်းလင်းတဲ့နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ တကယ်လို့ပြိုင်ဘက်အရောင်က ခြားနားနေတယ်ဆိုရင် သူတို့ ကစားသမား ၈ ယောက်လောက် အထုတ်ခံရနိုင်ပါတယ်။
ကျွန်တော်တို့ ဒီဆိုးဝါးတဲ့လိဂ်မှာ ကစားနေရတယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့နဲ့ ရင်ဆိုင်ရတာ ဘယ်လိုလဲဆိုတာ သူတို့သိပါတယ်။ ဒီပွဲက အနီကတ် ၅ ကတ်လောက်ဖြစ်သင့်ပါတယ်။ ဒါက အခြေအနေပါ။ ကျွန်တော်တို့ကစားသမားတွေကော ပြိုင်ဘက်တွေကော သိပါတယ်။ ကျွန်တော်တို့လမ်းအတိုင်းဆက်သွားရပါမယ်။ တူရကီမီဒီယာတွေက ဘာကြောင့်ပုန်းနေတာလဲမသိတော့ပါဘူး။
ပြီးတော့ ဒီနိုင်ငံကလူတွေကလည်း ဘာတွေကြောက်ရွံ့နေလဲမသိတော့ပါဘူး။ ခင်ဗျားက ဂျာနယ်လစ်တစ်ယောက်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်လည်း ဂျာနယ်လစ်ဖြစ်နိုင်ပါတယ်။ အိုကေပါတယ်။ ဒါပေမဲ့ ခင်ဗျားက ဘာကိုကြောက်ရွံ့နေတာလဲဗျာ?။ မတူညီတဲ့ကစားသမားတွေက အဓိကအချက်ဖြစ်နေတာလား?။ အမှန်တရားကိုပြောလိုက်ပါ။ ကျွန်တော့်ကို မမေးပါနဲ့”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီ ဖီနာဘာချီကိုရောက်လာပြီးကတည်းက မော်ရင်ဟိုဟာ သတင်းခေါင်းစဉ်တိုင်းမှာ နေရာယူထားခဲ့တာဖြစ်ပါတယ်။ လာမဲ့ကြာသပတေးနေ့မှာ ဖီနာဘာချီအသင်းဟာ တူရကီလိဂ်ဖလားပွဲအဖြစ် Kasimpasa အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
Source : goal.com
#ဖီနာဘာချီ #မော်ရင်ဟို #တူရကီ
Attractive section of content I just stumbled upon your blog and in accession capital to assert that I get actually enjoyed account your blog posts Anyway I will be subscribing to your augment and even I achievement you access consistently fast
Thank you for the auspicious writeup It in fact was a amusement account it Look advanced to more added agreeable from you By the way how could we communicate