
ချဲလ်ဆီးအသင်းဖော်ဟောင်းနဲ့ပြန်လည်ပေါင်းဆုံမယ်ဆိုတာကို မသိခဲ့ကြောင်း ကိုင်ဟာဗက်ဇ် ထုတ်ဖော်ပြောကြား
အာဆင်နယ်စတား ကိုင်ဟာဗက်ဇ်က စတာလင်တစ်ယောက် အသင်းထံပြောင်းရွှေ့လာမယ်ဆိုတာကို မသိရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စတာလင်ဟာ မာရက်စ်ကာလက်အောက်မှာ နေရာမရခဲ့တဲ့နောက် အခုနွေရာသီတုန်းက အာဆင်နယ်အသင်းထံ ၁ ရာသီအငှားနဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။ ဟာဗက်ဇ်ဟာ အင်္ဂလန်သားရောက်လာမှုကို အံ့သြနေပြီး နောက်တစ်ကြိမ်ပြန်လည်ပေါင်းဆုံရတာကို ဝမ်းသာနေပါတယ်။
“သူနဲ့ပြန်ဆုံရတာ ဝမ်းသာမိပါတယ်။ အသင်းဆီမရောက်လာခင် ကျွန်တော် သူနဲ့စကားမပြောဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ သူလာမယ်ဆိုတာကို ကျွန်တော်မသိလို့ပါ။ ကျွန်တော့်ဖုန်းကိုကြည့်လိုက်ချိန်မှာ သူအသင်းဆီပြောင်းလာဖို့ နီးစပ်နေပြီလို့ တွေ့လိုက်ပါတယ်။
ဘရိုက်တန်နဲ့ပွဲအပြီးမှာ သူ့ကိုတွေ့လိုက်ပါတယ်။ သူနဲ့နောက်တစ်ကြိမ်ဆုံရတာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ချဲလ်ဆီးမှာ သူနဲ့ကျွန်တော်ကောင်းမွန်တဲ့ဆက်ဆံရေးအနေအထားရှိခဲ့ပါတယ်။ သူကထိပ်တန်းကစားသမားပါ။
ပရီးမီးယားလိဂ်မှာလည်း သူအကြိမ်ပေါင်းများစွာသက်သေပြထားပြီးပါပြီ။ ဒီမှာသူရှိနေတာ တကယ်ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ ဒီမှာရှိနေတဲ့အခိုက်အတန့်မှာလည်း သူနှစ်သက်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ဟာဗက်ဇ်က ပြောကြားခဲ့ပါတယ်။
စတာလင်ဟာ အာဆင်နယ်ကိုရောက်လာပြီးကတည်းက ၃ ပွဲပါဝင်ကစားထားပြီး ဘော်လ်တန်ကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲအပြင် စီးတီးကို ၂-၂ သရေကျခဲ့တဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပါတယ်။ လက်စတာနဲ့ပွဲမှာလည်း စတာလင်တစ်ယောက် ပွဲထွက်လာဖွယ်ရှိနေပြီး အာဆင်နယ်ကို မန်စီးတီးက ၂ မှတ်အသာနဲ့ဦးဆောင်နေပါတယ်။
Source: goal.com
#jdbkx.net #ကိုင်ဟာဗက်ဇ် #စတာလင် #အာဆင်နယ် #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames
Good post! We will be linking to this particularly great post on our site. Keep up the great writing
Thank you very much.
This is really interesting, You’re a very skilled blogger. I’ve joined your feed and look forward to seeking more of your magnificent post. Also, I’ve shared your site in my social networks!