အာဆင်နယ် အသင်းကိုတော့ ချန်ပီယံ မဖြစ်စေချင်ဘူးလို့ ဆိုလိုက်တဲ့ ဝေါလ်ကာ

ကိုင်လီ ဝေါလ်ကာ က အာဆင်နယ်အသင်း ပြီးခဲ့တဲ့နှစ်တွေအတွင်း အသင်းကောင်းတစ်သင်း ဖြစ်လာတာမှာ မန်ချက်စတာ စီးတီးအသင်း ရဲ့လွှမ်းမိုးမှုတွေ အများကြီးပါတယ်လို့ ဆိုလိုက်ပြီး ဂန်းနားတွေထက်စာရင် လီဗာပူးအသင်းကို ချန်ပီယံ ဖြစ်သွားတာကို ပိုပြီးလက်ခံနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လီဗာပူး ၊ မန်စီးတီး နဲ့ အာဆင်နယ် အသင်း သုံးသင်း အပြိုင်လုနေကြပြီး ကလပ်သုံးသင်းကြား အမှတ်ကွာဟမှုကလည်း ရမှတ် ၂- မှတ်သာ ရှိနေပါတယ်။ ဒီတစ်ပတ်မှာ လီဗာပူး နဲ့ မန်စီးတီး တို့ ထိပ်တိုက် ‌တွေ့ဆုံနေကြပြီး အာဆင်နယ်အသင်း အနေနဲ့ ဘရန့်ဖိုဒ့် အသင်းကိုအနိုင်ရပါက အမှတ်ပေးဇယားကို ယာယီ ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး အသင်းရဲ့နောက်ခံလူ ဝေါလ်ကာ က ဖာဒီနန် ရဲ့ FIVE podcast မှာ အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် အထင်ကြီး မိသလားဆိုတဲ့ မေးခွန်းအပေါ် ” သူတို့(အာဆင်နယ်) ကျနော်တို့အသင်း ရဲ့ လက်ထောက်နည်းပြကို ခေါ်သွားသလို ဇင်ချန်ကို နဲ့ ဂါဘီ ကိုလည်းခေါ်သွားပါတယ်။ ဒါပေမဲ့ ကျွန်တော် သူတို့ကို ချီးကျူးချင်ပါတယ် ၊ အာဆင်နယ် က သိပ်ကိုကောင်းတဲ့ အသင်းတစ်သင်း ဖြစ်နေပါပြီ”

ဒီရာသီ အမ်းမရိတ်မှာ ကစားခဲ့ရတဲ့ ပွဲအကြောင်းမေးမြန်းရာ “သူတို့ အိမ်ကွင်းမှာ ကစားခဲ့တုန်းက အာဆင်နယ် က ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ ပွဲတွေကစားဖို့ အများကြီး ကျန်‌နေပါသေးတယ် ၊ ခင်ဗျားတို့ အာဆင်နယ်အသင်း အီတီဟက် မှာ အနိုင်ရခဲ့တာ ဘယ်တုန်းက နောက်ဆုံးလဲ မှတ်မိကြသေးရဲ့လား ၊ ကျွန်တော်တို့ကွင်းကျရင် ဘယ်လို ရလဒ် ထွက်မလဲ ကြည့်ကြတာပေါ့ဗျာ”

ဒါ့အပြင် ဝေါလ်ကာ သူ့ရဲ့အသင်း မန်စီးတီးသာ ချန်ပီယံ မဖြစ်ခဲ့ရင် အသင်းဟောင်းစပါး ရဲ့ခါးသီးပြိုင်ဘက် အာဆင်နယ်အသင်းကိုလည်း ချန်ပီယံ မဖြစ်စေချင်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

“ပြောရ‌တာ ခက်တော့လည်း ခက်ပါတယ် ၊ တော့တင်ဟမ် ကြောင့် အာဆင်နယ်အသင်းကို ချန်ပီယံ မဖြစ်စေချင်ပါဘူး။ ကျွန်တော့်မှာ တော့တင်ဟမ် အပေါ် ချစ်စိတ် ရှိပါသေးတယ် ၊ အာဆင်နယ် ကိုတော့ မဖြစ်စေချင်ပါဘူး” လို့ ပြောကြား သွားခဲ့ပါတယ် ။

Source : Metro.co.uk

#jdbkx.com #အားကစားသတင်း #ကိုင်လီဝေါလ်ကာ #မန်ချက်စတာစီးတီး #လီဗာပူး #Online   #Games  #Myanmar   #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *