အက်သလက်တီကိုအားရှုံးနိမ့်ပြီးနောက် ဘာစီလိုနာ

ဘာစီလိုနာရဲ့အဝတ်လဲခန်းဟာ စိတ်ပျက်စရာဖြစ်နေကြောင်း ပြောကြားလာတဲ့ လီဝန်ဒေါစကီး

အက်သလက်တီကိုအားရှုံးနိမ့်ပြီးနောက် ဘာစီလိုနာရဲ့အဝတ်လဲခန်းဟာ စိတ်ပျက်စရာဖြစ်နေကြောင်း ပြောကြားလာတဲ့ လီဝန်ဒေါစကီး

တနင်္ဂနွေနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အက်သလက်တီကိုအား နောက်ကျသွင်းဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးက အသင်းရဲ့အဝတ်လဲခန်းဟာ စိတ်ပျက်စရာဖြစ်နေကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

လီဝန်ဒေါစကီး - ဘာစီလိုနာ

ဘာစီလိုနာအနေနဲ့ အိမ်ကွင်းမှာ အက်သလက်တီကိုကို အနိုင်ရဖို့လိုအပ်ခဲ့ပေမဲ့ သရေလဒ်တောင် ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ ဆော် လို့သ်ရဲ့နောက်ဆုံးမိနစ်သွင်းဂိုးကြောင့် ၁-၂ ဆိုတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲရလဒ်ကြောင့် ဘာစီလိုနာဟာ လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာသို့ ဆင်းပေးလိုက်ရပြီး အက်သလက်တီကိုကတော့ ထိပ်ဆုံးနေရာကနေ ဦးဆောင်ခွင့်ရရှိသွားခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ ပထမပိုင်းအတွင်း ကွင်းလယ်လူ ပီဒရီရဲ့သွင်းဂိုးနဲ့အတူ အက်သလက်တီကိုကို ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် လာလီဂါနောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရရှိတဲ့အထိ အခြေအနေဆိုးဝါးသွားခဲ့ တာဖြစ်ပါတယ်။

ယခုအခါမှာတော့ လီဝန်ဒေါစကီးက ဘာစီလိုနာရဲ့ အဝတ်လဲခန်းအခြေအနေကိုပြောကြားလာခဲ့ပြီး အသင်းဖော်တွေ အားလုံး စိတ်ပျက်ဒေါသထွက်နေကြကြောင်းနဲ့ အနိုင်ရဖို့အတွက် ပြန်လည်အာရုံစိုက်သွားဖို့လိုအပ်နေတယ်လို့ဆိုပါတယ်။

ပိုလန်လက်ရွေးစင်ကစားသမားက “ကျွန်တော်တို့ရဲ့အဝတ်လဲခန်းက စိတ်ပျက်စရာအတော်ကောင်းနေပါတယ်။ ကျွန်တော်တို့ ပွဲ ကောင်းတစ်ပွဲကစားခဲ့ပါတယ်။ ပထမပိုင်းမှာကောင်းခဲ့သလို၊ ဒုတိယပိုင်းမှာလည်း မညံ့ခဲ့ပါဘူး။ကျွန်တော်တို့ရဲ့အမှားတွေကနေ တစ်ဆင့် အက်သလက်တီကိုက အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။ အဆုံးမှာ သရေကျမယ်လို့ထင်ခဲ့ပေမဲ့ အရှုံးနဲ့ကြုံတွေ့ခဲ့ရပါတယ်”

“ရာသီကုန်ဖို့ အများကြီးလိုပါသေးတယ်။ ကျွန်တော်တို့မှာ ဝရုန်းသုန်းကားဖြစ်တဲ့အခြေအနေတွေရှိခဲ့ပါတယ်။ လူငယ်တွေစုစည်းထားတဲ့အသင်းဆိုတော့ ဒါတွေကို ကြံ့ကြံ့ခံကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အက်သလက်တီကိုနဲ့ပွဲမှာ ကျွန်တော်တို့ ကစားပုံကောင်းရဲ့သားနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အတွက် သင်ခန်းစာပါပဲ။ ကျွန်တော်တို့က အရည်ပျော်နေတဲ့ ကိတ်မုန့်တစ်လုံးလို ဖြစ်နေခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဆောင်းရာသီအားလပ်ရက်ကြောင့် ဘာစီလိုနာကစားသမားတွေ ၂ ပတ်ခန့်အနားရသွားမှာဖြစ်ပြီး ဇန်နဝါရီလ ၄ ရက်နေ့မသာ ကိုပါဒယ်ရေးပွဲစဉ်အဖြစ် ဘာဘ်စ်ထရိုနဲ့ ကစားသွားရမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာတော့ ဟန်ဆီဖလစ်ရဲ့အသင်း ဟာ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘီလ်ဘာအိုနဲ့ ယှဉ်ပြိုင်သွားရပါမယ်။

 

Source : goal.com

#ဘာစီလိုနာ #အက်သလက်တီကို #လီဝန်ဒေါစကီး #ပီဒရီ #လာလီဂါ

Loading

3 comments

  • I’m often to blogging and i really appreciate your content. The article has actually peaks my interest. I’m going to bookmark your web site and maintain checking for brand spanking new information.

  • There is definately a lot to find out about this subject. I like all the points you made.

  • I loved as much as youll receive carried out right here The sketch is tasteful your authored material stylish nonetheless you command get bought an nervousness over that you wish be delivering the following unwell unquestionably come more formerly again since exactly the same nearly a lot often inside case you shield this hike

Leave a Reply

Your email address will not be published. Required fields are marked *