
မန်စီးတီးဟာ ကလော့ပ်ရဲ့လီဗာပူးလို နောက်ကျသွင်းဂိုးနဲ့အနိုင်ယူတတ်နေပြီလို့ ပြောကြားလာတဲ့ ဂွါဒီယိုလာ
ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်ကို ပွဲကစားချိန် ၉၀+၅ မိနစ်အရောက်မှသွင်းယူခဲ့တဲ့ ဂျွန်စတုန်းစ်ရဲ့ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့ရဲ့အသင်းဟာ လီဗာပူးလိုပဲ နောက်ကျသွင်းဂိုးနဲ့ အနိုင်ယူတတ်နေပြီလို့ ပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ မန်စီးတီးဟာ ဝုဗ်ကို ၁-၂ နဲ့အနိုင်ရခဲ့ပေမဲ့ အနိုင်ဂိုးရဖို့အတော်လေးရုန်းကန်ခဲ့ရပြီး ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီးမှ နောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အောက်ဆုံးနေရာမှာရပ်တည်နေတဲ့ ဝုဗ်ဟာ မန်စီးတီးကို အတော်လေးဒုက္ခပေးနိုင်ခဲ့ပြီး သရေတစ်မှတ် ခွဲဝေယူနိုင်ဖို့အတော်လေး နီးစပ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဂျွန်စတုန်းစ်သွင်းယူခဲ့တဲ့ဂိုးမှာလည်း မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားတစ်ယောက် လူကျွံအနေအထားမှာရှိနေခဲ့တာကြောင့် VAR နဲ့စစ်ဆေးခဲ့ပေမဲ့ ကွင်းလယ်ဒိုင်ကတော့ ဂိုးအဖြစ်သာသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဂွါဒီယိုလာက မန်စီးတီးဟာ ပုံမှန်အားဖြင့် ပွဲပြီးကာနီးအချိန်တွေမှာ ပြန်လာနိုင်ဖို့ခက်ခဲပေမဲ့ ဒီနေ့ပွဲမှာတော့ ယာဂင်ကလော့ပ်ရဲ့လီဗာပူးလို ပြန်လာနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
စပိန်သားက “ကျွန်တော်တို့က ယာဂင်ကလော့ပ်ရဲ့လီဗာပူးလို ပွဲပြီးကာနီးမှ နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရလေ့မရှိပါဘူး။ သူတို့ကတော့ နောက်ကျသွင်းဂိုးတွေနဲ့ နိုင်ပွဲတွေအများကြီးဖော်ဆောင်နိုင်ခဲ့ကြပါတယ်။ ဒီတစ်ခေါက်နိုင်ပွဲက ကျွန်တော်တို့အတွက်တော့ အရသာအသစ်ပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာရဲ့မန်စီးတီးနဲ့ ယာဂင်ကလော့ပ်ရဲ့လီဗာပူးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၃ ကြိမ်တိုင်တိုင် ယှဉ်ပြိုင်လုယူခဲ့ကြဖူးတာကြောင့် ဘောလုံးလောကရဲ့ အထင်ကရပြိုင်ဘက်တွေဖြစ်ပေမဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှုတွေရှိကြပါတယ်။
ဆက်လက်ပြီး မန်စီးတီးက နိုင်ပွဲနဲ့ထိုက်တန်မှုရှိကြောင်းကို ဂွါဒီယိုလာက “ပင်နယ်တီဧရိယာထဲမှာ ဝုဗ်ကစားသမား ၁၁ ယောက်ပိတ်ဆို့နေတာကို ထိုးဖောက်နိုင်ဖို့က အရမ်းခက်ခဲပါတယ်။ သူတို့က နှစ်ပေါင်းများစွာ ကျွန်တော်တို့ကို ဒီလိုပဲကစားခဲ့ကြတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ ထိုးဖောက်ခဲ့ပါတယ်။ သူတို့ရဲ့အားနည်းချက်ကို ဆက်တိုက်ရှာနေခဲ့ပြီး စိတ်ရှည်ရှည်နဲ့ အနိုင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ပဲဖြစ်နေသေးတာ အရမ်းကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် ဂွါဒီယိုလာရဲ့မန်စီးတီးဟာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ အက်စတွန်ဗီလာကို ရှုံးနိမ့်ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်တင်ခဲ့ပါတယ်။ လာမဲ့ ဗုဒ္ဓဟူးနေ့မှာတော့ မန်စီးတီးဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် စပါတာပရာဂူးနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီး စနေနေ့မှာတော့ အမှတ်ပေးဇယား အဆင့် ၁၉ နေရာက ဆောက်သမ်တန်နဲ့ကစားသွားရပါမယ်။
Source: goal.com
#jdbkx.net #ပက်ဂွါဒီယိုလာ #ကလော့ပ်#ပရီးမီးယားလိဂ် #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames