
အမ်ဘာပေက ဘောလွန်းဒီအော်တွေ အများကြီးဆွတ်ခူးမဲ့ ကစားသမားလို့ မိုဒရစ်ချီးကျူး
ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ လူကာမိုဒရစ်က ကလပ်အသင်းဖော် တိုက်စစ်မှူး ခီလီယန်အမ်ဘာပေဟာ ဘောလွန်းဒီအော်ကို တစ်ကြိမ်တည်းမဟုတ်ဘဲ အကြိမ်ရေအများကြီးဆွတ်ခူးမဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။
၂၀၂၅ ခုနှစ်အတွက် ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေတဲ့အမ်ဘာပေဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ၄၄ ပွဲကစားထားပြီး ၃၁ ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်ရေးပြိုင်ပွဲတွေမှာ ဆုဖလားတွေဆွတ်ခူးဖို့အခွင့်အရေးရှိနေတာကြောင့် အမ်ဘာပေအနေနဲ့ ဆုဖလားအောင်မြင်မှုတွေနဲ့အတူ ဘောလွန်းဒီအော်ဆုကိုပါ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်လိုရနေတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အတွက် ၃၁ ဂိုးအထိသွင်းယူထားနိုင်တာကြောင့် ၁၉၉၂-၉၃ ခုနှစ်ကတင်ရှိခဲ့တဲ့ ပွဲဦးထွက်ရာသီ ၃၇ ဂိုးသွင်းနိုင်ခဲ့တဲ့ အိုင်ဗန်ဇာမာရာနိုရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေးများနေပါတယ်။ ပြီးခဲ့တဲ့ရာသီက အမ်ဘာပေဟာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၄၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး ယခုရာသီမှာ အဆိုပါစံချိန်ကိုလည်း လိုက်မီနိုင်ဖို့ရှိနေပါတယ်။
ယခုအခါမှာတော့ ၂၀၁၈ ခုနှစ်အတွက် ဘောလွန်းဒီအော်ဆုကိုဆွတ်ခူးရရှိခဲ့တဲ့ လူကာမိုဒရစ်က ပြင်သစ်လက်ရွေးစင်ဟာ ဘောလွန်းဒီအော်ဆုကိုဆွတ်ခူးဖို့ အရည်အချင်းပြည့်မီကြောင်း ထောက်ခံပြောကြားလာခဲ့ပါတယ်။
ခရိုအေးရှားလက်ရွေးစင်က “အမ်ဘာပေက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ ကျွန်တော်တို့တစ်ခါမှမမြင်ဖူးတာတွေကို လုပ်နိုင်တဲ့ အရည်အသွေးလည်းရှိပါတယ်။ ကျွန်တော်သူ့ကိုအထင်ကြီးတဲ့အချက်က သူ့ရဲ့စိတ်နေစိတ်ထားပါပဲ။ ပြီးတော့ သူနေထိုင်တဲ့ပုံစံရောပါပဲ။ မယုံနိုင်စရာကောင်းတဲ့ ကလေးတစ်ယောက်ပါ။ နှိမ့်ချတတ်ပြီး ဟာသတွေနဲ့ ပျော်ပျော်နေတတ်ပါတယ်။ ပြီးတော့ အသင်းဖော်တွေကိုလည်း အမြဲတမ်းကူညီလေ့ရှိသူပါ”
“အမ်ဘာပေက တည်လည်းတည်ငြိမ်ပါတယ်။ ကွင်းအပြင်ကနေကြည့်ရတဲ့လူတွေအတွက်တော့ အမ်ဘာပေက သူ့ရဲ့အကောင်းဆုံးရာသီကို မတည်ဆောက်နိုင်သေးဘူးလို့ပြောလို့ရပါတယ်။ ဒါပေမဲ့ သူအခု ဂိုး ၃၀ ကျော်တောင်သွင်းထားပြီးပါပြီ။ သူ့ရဲ့အကောင်းဆုံးရာသီဆို ဘယ်လောက်တောင်သွင်းနိုင်မလဲ စဉ်းစားကြည့်ပါ။ သူက ကျွန်တော်မြင်ဖူးသမျှ အကောင်းဆုံးကစားသမားစာရင်းမှာပါဝင်ပါတယ်။ ဒီနှစ်ဘောလွန်းဒီအော်ဆုအတွက် အမြင့်ဆုံးဆန်ခါတင်စာရင်းမှာ သူပါလာဦးမှာပါ။ ဘောလွန်းဒီအော်ဆုကိုလည်း တစ်ကြိမ်ထပ်မက ဆွတ်ခူးဦးမှာပါ” လို့ပြောကြားခဲ့ပါတယ်။
Source : goal.com
“This is exactly what I was looking for, thank you!”
Hello i think that i saw you visited my weblog so i came to Return the favore Im trying to find things to improve my web siteI suppose its ok to use some of your ideas
I was recommended this website by my cousin I am not sure whether this post is written by him as nobody else know such detailed about my difficulty You are wonderful Thanks
Every time I visit your website, I’m greeted with thought-provoking content and impeccable writing. You truly have a gift for articulating complex ideas in a clear and engaging manner.