
ယူနိုက်တက်မှာ ဆက်ပြီးကစားဖို့ ရက်ရှ်ဖို့ဒ် ဆန္ဒရှိ
ယူနိုက်တက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်နေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အသင်းမှာ ဆက်ပြီးကစားဖို့ ဆန္ဒရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ရက်ရှ်ဖို့ဒ်ကို အငှားနဲ့ခေါ်ယူဖို့ အေစီမီလန်၊ ဒေါ့မွန်၊ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ် အသင်းတို့က စိတ်ဝင်စားပြီး ဆွေးနွေးမှုတွေ ရှိခဲ့တာကြောင့် သူ့ရဲ့ယူနိုက်တက်အသင်း အနာဂတ်ဟာ မရေမရာဖြစ်ခဲ့တာပါ။
အသက် ၂၇ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာဒါဘီပွဲစဉ်မှာ ယူနိုက်တက်အသင်း လူစာရင်းကနေ ချန်လှပ်ခံရပြီးကတည်းက အသင်းနောက်ဆုံး ကစားခဲ့တဲ့ ၉ ပွဲစလုံး ပါဝင်ကစားခွင့် မရရှိခဲ့ပါဘူး။
ဒါပေမဲ့ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခွင့် မရရှိတဲ့အချိန်တွေမှာ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံး ဖြစ်နေဖို့အတွက် လေ့ကျင့်မှု အများအပြားကို ပြုလုပ်နေခဲ့တာပါ။
သတင်းတွေမှာ ရက်ရှ်ဖို့ဒ်ဟာ ရိန်းဂျားစ်အသင်းနဲ့ယှဉ်ပြိုင်မဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်း လူစာရင်းထဲ ပါဝင်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့အသင်းဖော်တွေ ဘရိုက်တန်အသင်းနဲ့ပွဲအတွက် ပြင်ဆင်နေချိန် ကာရင်တန်မှာ လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့ပြီး သီးသန့်ကြံ့ခိုင်ရေး နည်းပြကိုလည်း အသုံးပြုခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ နည်းပြအာမိုရင်နဲ့ ပြဿနာမရှိသလို နည်းပြက ရွေးချယ်မယ်ဆိုရင် ယူနိုက်တက်အသင်းအတွက် ၁၀၀ ရာခိုင်နှုန်းပေးဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်း လူစာရင်းကနေ ချန်လှပ်ခံရပြီးနောက်မှာ စိန်ခေါ်မှုအသစ်အတွက် အဆင်သင့် ဖြစ်နေပြီလို့ပြောကာ ငယ်ဘဝကလပ်ကနေ ထွက်ခွာဖွယ်ရှိတဲ့ အရိပ်အမြွက်ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းကလည်း ရက်ရှ်ဖို့ဒ်ကို အငှားချဖို့ ကြိုးပမ်းခဲ့ပေမဲ့ သူ့ရဲ့တစ်ပတ် လုပ်ခလစာ ပေါင် ၃ သိန်း ကျော်ဟာ ဆွေးနွေးမှုတွေမှာ ကြီးမားတဲ့ အတားအဆီးတစ်ခုလို ဖြစ်နေခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်တွေထဲက တစ်ဦးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
Source : mybettingsites.co.uk
I was suggested this web site by my cousin Im not sure whether this post is written by him as no one else know such detailed about my trouble You are incredible Thanks