ဝုလ်ဗ်ကို ရှုံးပေမဲ့ ချဲလ်ဆီး စတားတစ်ဦးအပေါ် ချီးကျူးမှုတွေလုပ်သွားတဲ့ ပိုချက်တီနို

ချဲလ်ဆီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဝုလ်ဗ်အသင်းကို အဝေးကွင်းမှာ ၂ – ၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး ၊ ဒီရလဒ်က ၄င်းတို့ရဲ့ အဆင့်ရပ်တည်မှုကို မပြောင်းလဲစေခဲ့ပေမဲ့ ၊ Top 4 နဲ့ ၁၄-မှတ်အထိ ကွာဟလာပြီဖြစ်ပါတယ်။ ကြားရက်က ကာရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ နယူးကာဆယ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ ၄ – ၂ ရလဒ်နဲ့ အနိုင်ရခဲ့လို့ ချဲလ်ဆီးတို့ စိတ်ဓာတ်ပိုင်း ယုံကြည်မှုမြင့်တက်လာပြီလို့ထင်ရပေမဲ့ တကယ်တမ်းမှာ ကစားသမားတွေဟာ ခုချိန်ထိ တည်ငြိမ်တဲ့ခြေစွမ်းကို ထိန်းသိမ်းနိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

ဒီပွဲမှာ နယူးကာဆယ်နဲ့ ပွဲတုန်းက ပင်နယ်တီအဆုံးအဖြတ်ဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူ တစ်ယောက် လူစားထပ်ဝင်ကာ ၊ နာကျင်အချိန်ပို ၆-မိနစ် အရောက်မှာ သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ချဲလ်ဆီးနည်းပြ မော်ရစ်စီယို ပိုချက်တီနိုက စိတ်ပျက်ဖွယ် အရှုံးရလဒ်အတွက် ၄င်းတို့ မပျော်မရွှင်ဖြစ်မိနေပေမဲ့ အန်ကွန်ကူ ဂိုးစသွင်းနိုင်တဲ့အပေါ်တော့ ဝမ်းမြောက်ကျေနပ်မိကြောင်း အခုလိုပဲ မှတ်ချက်ပေးလာပါတယ်။
“အန်ကွန်ကူ ဂိုးသွင်းနိုင်ခဲ့တာကို ကျွန်တော် အတော်လေးအားရကျေနပ်မိပါတယ်။ သူဟာ ကျွန်တော်တို့အတွက် ဘယ်လောက်ထိ အရေးကြီးလဲဆိုတာ ဒီအခြင်းအရာက ပြသနေပါတယ်။ ကျွန်တော်တို့အနေနဲ့ သူ့အပေါ် ဖိအားတွေ အရမ်းပေးလို့မရပါဘူး”

“သူဟာ ဒဏ်ရာကြောင့် အနားယူခဲ့ရတာက အချိန်အတော်ကြာခဲ့ပါတယ်။ ဒါကြောင့် သူ့ကို မိနစ် ၆၀-ဝန်းကျင်ရောက်မှ လူစားလဲ သုံးရတာပါ ။ သူ ဒီလိဂ်မှာ ဖြည်းဖြည်းချင်း အသားကျစေဖို့ အတွက်ပါ။ သူဟာ ဂိုးတွေသွင်းပေးနိုင်တဲ့ တိုက်စစ်ကစားသမား တစ်ယောက်ပါ”

“ဒီနေ့ပွဲကို ကျွန်တော်တို့ အနိုင်မရခဲ့သော်ငြားလည်း သူ ဂိုးသွင်းနိုင်ခဲ့လို့ အရမ်း ဝမ်းမြောက်ရပါတယ်။ ခရစ်တိုဟာ ဒီကို ဒီလိုမျိုး အနေအထားနဲ့ ရောက်လာရတာ ဖြစ်လို့ အချိန်လိုအပ်ပါတယ်”

“ဒါပေမယ့် မကြာခင် သူ အကောင်းဆုံး ခြေစွမ်းရဖို့နဲ့ ကျွန်တော်တို့အတွက် သော့ချက် ကစားသမားတစ်ယောက် ဖြစ်လာဖို့ သူ့အပေါ်မှာယုံကြည်မှု အရမ်းရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အန်ကွန်ကူ ကိုယ်တိုင်ကလည်း သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှတစ်ဆင့် ပရိသတ်တွေထံ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးနဲ့ ပတ်သက်ပြီး ခုလိုပဲ မက်ဆေ့ခ်ျပေးသွားပါတယ်။

အန်ကွန်ကူ က “ရလဒ်က စိတ်ပျက်စရာကောင်းခဲ့ပေမဲ့ အပြာရောင်ဂျာစီအောက်မှာ ကျွန်တော့်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးရလို့ ပျော်ရွှင်မိပါတယ်။ မယ်ရီခရစ်စမတ် ဖြစ်ပါစေ။ မကြာခင် ခင်ဗျားတို့နဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပြန်ဆုံကြရအောင်ပါ” လို့ ရေးသားခဲ့ပါတယ်။

Source : Express.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #ပိုချက်တီနို #ဝုလ်ဗ်ကိုရှုံးတဲ့ချဲလ်ဆီး #ခရစ်တိုဖာအန်ကွန်ကူ #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *