
မော်ရင်ဟိုရဲ့ သည်းခြေအိတ်ခွဲစိတ်မှုကို အတည်ပြုလိုက်တဲ့ ဖီနာဘာချီ
ဖီနာဘာချီအသင်းကတော့ နည်းပြ မော်ရင်ဟိုတစ်ယောက် သည်းခြေအိတ်ခွဲစိတ်မှုခံယူတာ အောင်မြင်ခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။ မော်ရင်ဟိုဟာ ၂၀၂၄ ရဲ့နောက်ဆုံးပွဲကို ကိုင်တွယ်ခဲ့ပြီးနောက် မိခင်မြေကိုပြန်ကာ ခွဲစိတ်မှုခံယူခဲ့တာဖြစ်ပါတယ်။
အခုချိန်မှာတော့ ခွဲစိတ်မှုက အဆင်ပြေခဲ့ပြီဖြစ်တာကြောင့် မကြာခင် တူရကီမြေကိုပြန်လာပြီး ကစားသမားတွေနဲ့ အလုပ်ပြန်လုပ်တော့မှာဖြစ်ပါတယ်။
“ဒီနေ့မှာပဲ မော်ရင်ဟိုတစ်ယောက် မိခင်မြေပေါ်တူဂီမှာ သည်းခြေအိတ်ခွဲစိတ်တာအောင်မြင်ခဲ့ပါတယ်။ ကျွန်တော်တို့ နည်းပြအတွက် ကျန်းမာရေးကောင်းမွန်ပြီး အလျင်အမြန်ပြန်လာနိုင်အောင် ဆုတောင်းပေးခဲ့ပါတယ်”လို့ ဖီနာဘာချီအသင်းက ထုတ်ပြန်ခဲ့ပါတယ်။
မော်ရင်ဟိုရဲ့တူရီမြေမှာ ပွဲဦးထွက်ရာသီက ရုန်းကန်နေရပြီး နောက်ဆုံး ၄ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိခဲ့သလို ကစားသမားတွေနဲ့ ဒိုင်တွေကို ဝေဖန်မှုတွေပြုလုပ်ခဲ့သေးတာဖြစ်ပါတယ်။
ဖီနာဘာချီအသင်းဟာ လက်ရှိအမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာက ဂါလာတာစာရေးအသင်းနဲ့ ၈ မှတ်အကွာမှာ ရပ်တည်နေပြီး လာမဲ့ဇန်နဝါရီ ၅ ရက်နေ့မှာ ဟာတာယာစပေါလ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ကာ မော်ရင်ဟိုတစ်ယောက် နည်းပြအဖြစ် ပြန်လာမှာဖြစ်ပါတယ်။
Source: snl24.com
#မော်ရင်ဟို #သည်းခြေအိတ်ခွဲစိတ်မှု #ဖီနာဘာချီအသင်း
Excellent blog here Also your website loads up very fast What web host are you using Can I get your affiliate link to your host I wish my web site loaded up as quickly as yours lol