အယ်လ်ဟီလယ်စတား နေမာ

ဘရာဇီးအသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ ရည်မှန်းထားတဲ့ အယ်လ်ဟီလယ်စတား နေမာ

နေမာက အယ်လ်ဟီလယ်မှာ ဒဏ်ရာပြဿနာတွေနဲ့ အချိန်များစွာကုန်ဆုံးခဲ့ရပြီးနောက် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးအသင်းကို ကိုယ်စားပြုနိုင်ရန် အတက်နိုင်ဆုံးလုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။


၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ဥရုဂွေးကို ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ပြင်းထန်ဒဏ်ရာနှစ်ခုကို နေမာ ရရှိခဲ့ပါတယ်။ ဒီဒဏ်ရာတွေကြောင့် နေမာက တစ်နှစ်နီးပါး အနားယူခဲ့ရပြီး ဘရာဇီးလက်ရွေးစင်အသင်းအတွက်ရော၊ အယ်လ်ဟီလယ်အသင်းအတွက်ပါ အရေးပါတဲ့ပွဲစဉ်အများစုကို လွဲချော်ခဲ့ပါတယ်။

၂ဝ၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာတော့ နေမာ ပြန်ကစားနိုင်ခဲ့ပြီး ကာလတိုအတွင်းမှာပဲ တံကောက်ကြောဒဏ်ရာတစ်ခု ထပ်ရရှိခဲ့လို့ နောက်ထပ်နှောင့်နှေးမှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အယ်လ်ဟီလယ်စတား နေမာ

အခုလိုအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ ဘရာဇီးတိုက်စစ်မှူးကတော့ ကနေဒါ၊ အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံ့လက်ရွေးစင်အဖြစ် ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်နိုင်ရေးအလားအလာအပေါ် အကောင်းမြင်မှုအပြည့် ရှိနေခဲ့ပါတယ်။

CNN သတင်းဌာနနဲ့တွေ့ဆုံချိန် နေမာက “ကျွန်တော် ကြိုးစားသွားပါ့မယ်။ အဲ့ဒီအချိန်မှာ အသင်းနဲ့အတူ ကျွန်တော်ရှိနေချင်ပါတယ်။ နိုင်ငံ့လက်ရွေးစင်အသင်းမှာပါဝင်ခွင့်ရရှိဖို့ ကျွန်တော်လုပ်နိုင်သမျှအရာရာတိုင်းကို လုပ်ဆောင်သွားရပါလိမ့်မယ်။ ဒါက ကျွန်တော့် အတွက် နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ၊ နောက်ဆုံးအခွင့်အရေးတစ်ခုဖြစ်တယ်ဆိုတာ သိပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ အရာရာတိုင်းကို ကျွန်တော် လုပ်ဆောင်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။

နေမာက ကစားသမားဘဝမှာ ကွန်ဖက်ဒရေးရှင်းဖလား၊ အိုလံပစ်ရွှေတံဆိပ်ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပေမဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်ဖို့အတွက်တော့ ရည်မှန်းချက်ကြီးကြီးမားမားရှိနေပါသေးတယ်။ ဘရာဇီးအသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခရီးစဉ်ကလည်း ချောမွေ့နေတယ်ဆိုပေမဲ့ မရေမရာအခြေအနေမှာပဲ ရှိနေပါသေးတယ်။

သူတို့အသင်းက တောင်အမေရိကဇုန်ခြေစစ်ပွဲအဆင့်မှာ ၁၂ ပွဲကစား၊ ငါးပွဲသာ အနိုင်ရရှိကာ အမှတ်ပေးဇယားပဉ္စမနေရာမှာ ရပ်တည်နေပါတယ်။ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်နိုင်ဖို့ အသင်းခြောက်ခုသာ ခွင့်ပြုပေးထားရာ ဘရာဇီးအသင်းရဲ့လက်ရှိအခြေအနေက မရေမရာဖြစ်နေပြီး ဖိအားတွေလည်း မြင့်တက်လာနေပါတယ်။

ဒါပေမဲ့ နေမာကတော့ “အသင်းအပေါ်မှာရော၊ အသစ်ပေါ်ထွန်းလာတဲ့ လူငယ်ကစားသမားတွေဆီမှာရော ကျွန်တော့်ရဲ့ယုံကြည်မှုက အပြည့်ရှိပါတယ်။ ဒါက ငယ်ရွယ်နုပျိုတဲ့အသင်းတစ်ခုပါ။ ဒီနေ့မှာဆိုရင်လည်း ကျွန်တော်တို့တွေက ရှိသင့်ရှိထိုက်တဲ့ အဆင့်အတန်းတစ်ခုမှာ မရှိနေသေးပါဘူး။
ကျွန်တော်တို့အတူတကွ အရမ်းကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို ရယူနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိအောင် မှန်ကန်တဲ့အရာတွေကို လုပ်သွားနိုင်ဖို့ အချိန် တစ်နှစ်၊ တစ်နှစ်ခွဲလောက် ကျန်နေပါသေးတယ်”လို့ ပြောပါတယ်။

နေမာကိုယ်တိုင်လည်း Al-Fayha နဲ့ ခြေစမ်းပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် အယ်လ်ဟီလယ်အတွက် ပြန်လည်ပါဝင်ကစားပေးဖို့ စိတ်အားထက်သန်နေပါတယ်။

သူက လတ်တလောရင်ဆိုင်ရမဲ့ အရေးကြီးပွဲစဉ်တွေအတွင်း ကောင်းမွန်တဲ့ကြံ့ခိုင်မှုပိုင်းနဲ့အတူ ခြေစွမ်းပြသရင်း ကလပ်အသင်းနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အဆင်သင့်ဖြစ်နေပြီဆိုတာ သက်သေပြသသွားနိုင်ဖို့ မျှော်လင့်နေပါလိမ့် မယ်။

 

Source : .tbsnews.net

#ဘရာဇီး #နေမာ #အယ်လ်-ဟီလယ် #ဥရုဂွေး

Loading

3 comments

  • I was recommended this website by my cousin I am not sure whether this post is written by him as nobody else know such detailed about my trouble You are amazing Thanks

  • Somebody essentially lend a hand to make significantly posts I might state That is the very first time I frequented your web page and up to now I surprised with the research you made to create this particular put up amazing Excellent job

  • Gorgeous! This was such a fantastic post. Thank you for providing these details.

Leave a Reply

Your email address will not be published. Required fields are marked *