“ရီးရဲလ်မက်ဒရစ်က ထွက်ခွာခဲ့ရင် အန်ဆယ်လော့တီဟာ ရူးနေလို့ပဲ ဖြစ်ပါလိမ့်မယ်”

ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးတာနဲ့ ဘရာဇီး လက်ရွေးစင်နည်းပြရာထူးကို လွှဲပြောင်းတာဝန်ယူဖို့ ကမ်းလှမ်းခံထားရကြောင်း သတင်းမီဒီယာ အတော်များများက ဖော်ပြထားကြပါတယ် ။

အန်ဆယ်လော့တီ ကိုယ်တိုင်က ထိုအကြောင်းအရာနဲ့ ပတ်သက်တဲ့ မေးမြန်းမှုတွေကို အတတ်နိုင်ဆုံး ရှောင်လွှဲဖြေရှင်းထားကာ ၊ ရီးရဲလ်မက်ဒရစ်နဲ့ ယခုနှစ်ရာသီကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ဖို့ပဲ ကြိုးစားနေကြောင်း အမြဲတုံ့ပြန်ခဲ့ပါတယ် ။

လက်ရှိ ရိုးမားနည်းပြလည်းဖြစ် ၊ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်းလည်း ဖြစ်တဲ့ ဟိုဆေးမော်ရင်ညိုက Los Blancos တို့ရဲ့ အလိုရှိမှုကို ရနေသေးသည့်တိုင် အသင်းပြောင်းချင်သေးတယ် ဆိုရင်တော့ အန်ဆယ်လော့တီက ရူးနေလို့ပဲဖြစ်မယ်လို့ TG2 နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အခုလိုပဲ ဖြေကြားသွားပါတယ် ။

မော်ရင်ညို က ” ရီးရဲလ်မက်ဒရစ်က အလိုရှိနေသေးရင်တောင် ထွက်ချင်သေးတယ် ဆိုရင်တော့ အဲ့ဒီလူက ရူးနေလို့ပဲ ဖြစ်ရပါမယ် ။ နောက်ပြီး အဲဒီ အရူးက ကျွန်တော်ဖြစ်ခဲ့ပါတယ် ။ ဥက္ကဋ္ဌနဲ့ အတူ ၃-နှစ်ကြာ အတူဖြတ်သန်းလာခဲ့ပြီး သူကိုယ်တိုင်က ကျွန်တော့်ကို ဆက်ပြီး အလိုရှိခဲ့တာပါ ။ နောက်ပြီး ဟိုဆေး ဆန်းချက်ဇ်ရောပေါ့ ”

“ဒါပေမဲ့ ကျွန်တော် အသင်းကထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ဖလော်ရင်တီနို ( ပီရက်ဇ် ) ဆီကနေ စမြင်ရတဲ့ ပထမဆုံး အချက်ပြမှုကတည်းက ကာလိုဟာ ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်ရှိနေလိမ့်မယ် ဆိုတာ ကျွန်တော်တပ်အပ်ယုံကြည်ပါတယ် ။ ဘာလို့လဲဆိုတော့ သူနဲ့ ရီးရဲလ်မက်ဒရစ်ဟာ ပနံသင့်နေကြလို့ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ်။

အကယ်၍ အန်ဆယ်လော့တီသာ ယခုနှစ် ရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ်က ထွက်ခွာဖြစ်ခဲ့ရင် မော်ရင်ညိုဟာလည်း ၄င်းရဲ့နေရာကို ဆက်ခံမဲ့ နည်းပြစာရင်းမှာ ထိပ်ပိုင်းကနေပါဝင်ဖို့ များနေပါတယ် ။ ရီးရဲလ်မက်ဒရစ်ကို တကျော့ပြန် ကိုင်တွယ်ဖို့ စိတ်ကူးရှိမရှိနဲ့ ပတ်သက်ပြီး မော်ရင်ညိုက အခုလိုပဲတုံ့ပြန်ခဲ့ပါတယ် ။
” ရီးရဲလ်မက်ဒရစ်ကို ကျွန်တော် ပြောင်းနိုင်သေးလား ? ခင်ဗျားမှာ စူပါနည်းပြတစ်ယောက် ရှိနေမှတော့ ခင်ဗျားဘာလို့ ဘယ်သူ့ကိုများ ထပ်လိုချင်သေးတာတုန်း ? ဖလော်ရင်တီနို ပီရက်ဇ် အကြောင်း ကျွန်တော် ကောင်းကောင်းကြီးသိထားပါတယ် ။ သူဟာ တကယ်ထက်မြက်တဲ့ လူတယောက်ပါ ”

“ခင်ဗျားသာ သတင်းစာတွေမှာ အကြောင်းအရာ တခုခု ဖတ်နေရပြီဆိုရင် သူ့မှာ အရမ်းပြတ်သားတဲ့ အိုင်ဒီယာတစ်ခုခုရှိနေပါပြီ ။ ရီးရဲလ်မက်ဒရစ် အမာခံပရိသတ်တစ်ဦးအနေနဲ့ အန်ဆယ်လော့တီရဲ့ ပရိသတ်တစ်ဦးအနေနဲ့ လက်ရှိ ဘောလုံးရာသီကို အံ့သြဖွယ်ကောင်းဖို့ မျှော်လင့်သလို ၊ ကာလိုကိုလည်း နောက်နှစ် အဲဒီမှာပဲဆက်ရှိနေစေချင်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာ မော်ရင်ညိုဟာ သူနဲ့ တစ်နိုင်ငံတည်းသား နာမည်ကြီး စူပါစတား ခရစ်တီယာနို ရော်နယ်ဒို ရှိရာ ဆော်ဒီပရိုလိဂ်သို့ တစ်နေ့နေ့ တစ်ချိန်ချိန် နည်းပြ အဖြစ်နဲ့ ပြောင်းလာလိုကြောင်း ဖွင့်ဟဝန်ခံသွားပါတယ် ။

မော်ရင်ညို က “ကျွန်တော် ခင်ဗျားတို့ကို အမှန်တရား တစ်ခု ပြောပြမယ် ။ တစ်နေ့ ကျွန်တော် ဆော်ဒီအာရေးဘီးယားကို သွားမှာပါ ။ ဒါပေမဲ့ ကျွန်တော် ဆိုလိုတာ တစ်နေ့ပါ ။ မနက်ဖြန်ပဲ ဒါမှမဟုတ် သန်ဖက်ခါ ထပြောင်းတော့မယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ်။

Source : football-italia.net : en.as.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #အန်ဆယ်လော့တီ #ရီးရဲလ်မက်ဒရစ် #ဟိုဆေးမော်ရင်ညို #ရိုးမားနည်းပြ #ရူးနေလို့ #အရူးကကျွန်တော်ဖြစ်ခဲ့တယ် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *