
ဒေ့ါမွန်ဂန္တဝင်ကို တစ်နှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူခဲ့တဲ့ ရိုးမား
ဒေ့ါမွန်ဂန္တဝင်ကို တစ်နှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူခဲ့တဲ့ ရိုးမား
ပြီးခဲ့တဲ့ရာသီကုန်၊ ဘွန်ဒက်စ်လီဂါကလပ်ဒေါ့မွန်မှ ထွက်ခွာလာတဲ့ ဟမ်းမဲလ်က ရိုးမားအတွက် ပါဝင်ကစားပေးဖို့ သဘောတူလက်ခံလိုက်ပါတယ်။
ဟမ်းမဲလ်က ဒီရော့စီရဲ့ရိုးမားအသင်းဆီ တစ်နှစ်စာချုပ်ဖြင့် အပြီးသတ်ရောက်ရှိလာခဲ့တာပါ။ အသက်-၃၅ နှစ်အရွယ် ဝါရင့်ခံစစ်မှူးကို ခေါ်ယူနိုင်ရေးအတွက် ဘရိုက်တန်၊ ဘိုလော့ဂ်နာနဲ့ ဆိုစီဒက်အပါအဝင် ကလပ်အသင်းများစွာက ချိတ်ဆက်ခဲ့ဖူးပေမယ့် နောက်ဆုံးမှာတော့ ရိုးမားနဲ့ပဲ အဆုံးသတ်သွားခဲ့သလို အသင်းသစ်မှာ ကစားသမားအနေဖြင့် တစ်နှစ်လုပ်ခလစာ ယူရို ၂ သန်းရရှိလိမ့်မယ်လို့ နာမည်ကြီးသတင်းထောက် ရိုမာနိုက အတည်ပြုပေးခဲ့ပါတယ်။
ကမ္ဘာ့ဖလားဆုရှင်ဂျာမန်နောက်ခံလူက ရိုးမားခံစစ်ပိုင်းရဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း စမောလင်းနေရာမှာ တိုက်ရိုက်အစားထိုးတာဝန်ယူသွားရပါလိမ့်မယ်။ စမောလင်းကိုယ်တိုင်လည်း အီတလီမြေစွန့်စားခန်းကို အဆုံးသတ်ကာ ဆော်ဒီပရိုလိဂ်ကလပ် Al-Fayha ဆီ နှစ်နှစ်စာချုပ်ဖြင့် ထွက်ခွာသွားခဲ့ပါပြီ။
စီးရီးအေကလပ်အသင်းရဲ့တရားဝင်ကြေညာချက်မှာ “မတ်စ်ဟမ်းမဲလ်ကို ခေါ်ယူလိုက်နိုင်လို့ ရိုမားအသင်းအနေဖြင့် ကျေနပ်ဝမ်းမြောက်မိပါတယ်။ ၁၉၈၈ ခုနှစ်မှာမွေးဖွားခဲ့တဲ့ ဂျာမန်သားက နိုင်ငံတကာအဆင့်ပြိုင်ပွဲကြီးတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးခြင်းနဲ့အတူ အတွေ့အကြုံပြည့်၀တဲ့ ဗဟိုခံစစ်မှူးတစ်ဦးဖြစ်ပါတယ်။ သူက ကလပ်အသင်းအဆင့် ပြိုင်ပွဲစုံ၊ ပွဲစဉ် ၆၀၀ ကျော် ပါဝင်ကစားခဲ့ဖူးသလို နိုင်ငံ့လက်ရွေးစင်အသင်းအတွက်လည်း ၇၈ ပွဲတိတိ ကိုယ်စားပြုခဲ့ဖူးပါတယ်။ သူက ၂၀၁၄ ကမ္ဘာ့ဖလားအပါအဝင် ကလပ်အသင်း၊ နိုင်ငံ့လက်ရွေးစင်အသင်းတို့နဲ့ ဆုဖလားအောင်မြင်မှု ၁၆ ကြိမ်တိတိ ပိုင်ဆိုင်ခဲ့ပါတယ်။
သူ့က ဒေါ့မွန်၊ ဘိုင်ယန်မြူးနစ်တို့လို ကလပ်အသင်းတွေအတွက် ပါဝင်ကစားပေးခဲ့ဖူးပါတယ်။ အခုဒီအသင်းမှာတော့ သူက ကျောနံပါတ်-၁၅ ဂျာစီကို ဝတ်ဆင်သွားပါလိမ့်မယ်။ ဒါ့အပြင် သူက အသင်းသမိုင်းတလျှောက် ခုနစ်ဦးမြောက် ဂျာမန်လူမျိုးဘောလုံးသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။ ရိုးမားအသင်းမှ ကြိုဆိုပါတယ်၊ မတ်စ်ဟမ်းလဲလ်ရေ!”လို့ ဖော်ပြပါရှိပါတယ်။
ဝါရင့်ခံစစ်မှူးက နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်အပြီး စက်တင်ဘာ ၁၅ ရက်၊ ဂျီနိုအာနဲ့ရင်ဆိုင်ရမယ့် စီးရီးအေပွဲစဉ်မှာ ဒီရောစီရဲ့အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားပေးသွားဖွယ် ရှိပါတယ်။
Source : goal.com
#ရိုးမား #ဟမ်းမဲစ်
Hi my family member I want to say that this post is awesome nice written and come with approximately all significant infos I would like to peer extra posts like this