
ဆွီဒင်က နိုက်ကလပ်တစ်ခုမှာ မြင်တွေ့ခဲ့ရတဲ့ အမ်ဘာပေအပေါ် ကာကွယ်ပေးခဲ့တဲ့ ဖိုဖာနာ
ချဲလ်ဆီးကြယ်ပွင့် ဝက်စလေဖိုဖာနာက ဆွီဒင်က နိုက်ကလပ်တစ်ခုမှာ ပါတီပေးနေတဲ့ ပြင်သစ်အသင်းဖော် အမ်ဘာပေအပေါ် ကာကွယ်ပေးခဲ့ပါတယ်။
အမ်ဘာပေဟာ ယခုအပတ် ပြင်သစ်အသင်းရဲ့နေးရှင်းလိဂ်ပွဲစဉ် လူစာရင်းမှာ ပါဝင်လာခြင်းမရှိဘဲ နည်းပြ ဒက်စ်ချမ့်ကတော့ ကစားသမားဟာ ကြံ့ခိုင်မှုအပြည့်ရစေဖို့ အနားပေးထားခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
၂၅ – နှစ်သားဟာ ပြင်သစ်အသင်း အစ္စရေးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ နေ့မှာပဲ စတော့ဟုမ်းက နိုက်ကလပ်တစ်ခုမှာ မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ရဲ့လုပ်ရပ်အပေါ် ဝေဖန်မှုတွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပေမဲ့ ဖိုဖာနာကတော့ လက်ရွေးစင်အသင်းဖော်ဘက်ကနေ ကာကွယ်ပြောကြားခဲ့ပါတယ်။
ဖိုဖာနာက “လူတိုင်းက ကိုယ့်အားလပ်ချိန်မှာ လုပ်ချင်တာလုပ်နိုင်ပါတယ်။ အဲ့ဒါက ကျွန်တော်တို့အသင်း ဒီနေ့ဆွေးနွေးတဲ့ အကြောင်းအရာမဟုတ်ပါဘူး။ အဲ့ဒီအကြောင်းလည်း ကျွန်တော် မကြားမိပါဘူး။
ဒါအမှန်ဖြစ်ရင်လည်း သူက သူလုပ်ချင်တာသူလုပ်တာပါပဲ။ သူက လူကောင်းတစ်ယောက်ဖြစ်ပြီး ပရိုကစားသမားကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အကြောင်း ကျွန်တော်တို့ အကျယ်ချဲ့မိနေတာလားဆိုရင် ကျွန်တော်လည်း မသိပါဘူး။
သူက ပြင်သစ်အကောင်းဆုံးကစားသမားဖြစ်ပြီး ဒီလိုအကြောင်းအရာမျိုး ဖြစ်တတ်တာ ပုံမှန်ပါပဲ။ မီဒီယာတွေကတော့ တဖြည်းဖြည်းလွန်လာပြီလို့ ထင်ပါတယ်။ ဒီထက်ပိုသိချင်ရင်တော့ အမ်ဘာပေကိုပဲ မေးသင့်ပါတယ်။”လို့ ပြောခဲ့ပါတယ်။
အမ်ဘာပေဟာ ယခုနှစ်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့ပေမဲ့ မျှော်မှန်းထားသလို ခြေစွမ်းမျိုးမပြသနိုင်သေးပါဘူး။
ရီးရဲလ်အတွက် ၁၁ပွဲကစားရာမှာ ၇ဂိုးသွင်းထားပေမယ့် ၃ဂိုးက ပင်နယ်တီတွေ ဖြစ်နေခဲ့ပါတယ်။
အမ်ဘာပေမပါတဲ့ ပြင်သစ်အသင်းဟာ တနင်္လာနေ့ညမှာ ဘယ်လ်ဂျီယံနဲ့ နေးရှင်းလိဂ်ပွဲစဉ် ဆက်ကစားရမှာ ဖြစ်ပါတယ်။
Source: mundodeportivo.com
#jdbkx.net #ဝက်စလေဖိုဖာနာ #အမ်ဘာပေ#ရီးရဲလ်မက်ဒရစ် #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames
I very delighted to find this internet site on bing, just what I was searching for as well saved to fav
very informative articles or reviews at this time.
Hey there You have done a fantastic job I will certainly digg it and personally recommend to my friends Im confident theyll be benefited from this site