မားကပ်ရပ်ဖို့ဒ်ရဲ့ မန်ချက်စတာယူနိုက်တက်မှာ ရုန်းကန်နေရမှုအတွက် “တင်ရှားဝုဒ်”က “အဲရစ်တန်းဟတ်” ကိုအပြစ်တင်

တင်ရှားဝုဒ်ဟာ ဒီရာသီ မားကပ်ရပ်ဖို့ဒ်ရဲ့ Poor Performance အတွက် အဲရစ်တန်းဟတ်ကို အပြစ်တင်လိုက်ပြီး မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုးအနေနဲ့ လာမယ့်နွေရာသီမှာကျင်းပမဲ့ ယူရို ၂၀၂၄ -မှာ အင်္ဂလန်အတွက်ပွဲထွက်ခွင့် မရသင့်ဘူးလို့ ယုံကြည်နေပါတယ်။ ရပ်ဖို့ဒ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်ဂိုးသာသွင်းယူထားခဲ့ပြီး ယူနိုက်တက်နဲ့အတူ ခြေစွမ်းပြဖို့ရုန်းကန်နေရပါတယ်။

အသက် ၂၆-နှစ်အရွယ် ကစားသမားဟာ မော်တာကို အင်္ဂလန်တို့ ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပေမဲ့ ဂိုးမရခဲ့ပါဘူး။ စပါးနည်းပြဟောင်း ရှားဝုဒ်ကတော့ လာမဲ့နှစ်ရဲ့ ယူရို ၂၀၂၄ -မှာ ရပ်ဖို့ဒ်ထက်စာရင်း ဂရီလစ်ခ်ျ နဲ့ ဖိုဒန် တို့က ပွဲထွက်ခွင့်ပိုရသင့်တယ်လို့ ယုံကြည်နေပါတယ်။

လာမဲ့ ယူရို ၂၀၂၄ -မှာ အင်္ဂလန် ရဲ့ ပွဲထွက်စာရင်းမှာ ရပ်ဖို့ဒ်ကို အသုံးပြုသွားမလားဆိုတဲ့ မေးခွန်းကို ရှားဝုဒ်က “No ပါ။ လုံး၀အခွင့်အရေး မရှိပါဘူး။ ကံမကောင်းစွာနဲ့ တန်းဟတ်ရဲ့ ကျေးဇူးကြောင့် သူဟာ အင်္ဂလန်လက်ရွေးစင် အသင်းမှာတောင် ရွေးချယ်မရခံမဲ့အနေအထားမျိုး ရောက်နေပါတယ်။

သူ့ဆီမှာ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးရဲ့ အရည်အသွေးတွေအားလုံးရှိနေပြီး အကယ်လို့များ သူ အခုမန်စီးတီးမှာ ကစားနေမယ်ဆိုရင် အင်္ဂလန်မှာ ပွဲထွက်ခွင့်ရနိုင်ပါတယ်။ အခုနဲ့ ရာသီကုန်ကြားမှာ ရပ်ဖို့ဒ် အနေနဲ့ ကြီးမားတဲ့အပြောင်းအလဲဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်မိပါဘူး။ ဒီအတွက် သူ တန်းဟတ်ကို ကျေးဇူးတင်ရမှာပါ။ ဘာလို့လဲဆိုတော့ ယူနိုက်တက်ဟာ လုံလောက်တဲ့ ကောင်းမွန်မှုရှိမနေလို့ ဖြစ်ပါတယ်။

ဂျက်ဂရီလစ်ခ်ျ အနေနဲ့ ပွဲထွက်ခွင့် ရသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် ဂျက်နဲ့အတူ အလုပ်လုပ်ဖူးပါတယ်။ သူ ဘယ်လိုလဲဆိုတာ သိပြီးသားပါ။ ဒါပေမဲ့ ဖိုဒန်ကို ပွဲထွက်စာရင်းမှာ အသုံးမပြုခြင်းဟာ ရာဇ၀တ်မှုကျူးလွန်သလိုပါပဲ။ ကစားသမား ၂ -ဦးစလုံးဟာ ဒီအသင်းမှာ ပါ၀င်ရမှာပါ။ ကျွန်တော်တို့ အနေနဲ့ ဒီလိုအရည်အသွေးရှိတဲ့ ကစားသမားတွေနဲ့ အသင်းကိုတည်ဆောက်သွားရမှာပါ။”

Source : Metro.co.uk
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #တင်ရှားဝုဒ် #မန်စီတီး #မန်ယူ #မားကပ်ရပ်ဖို့ဒ် #အဲရစ်တန်းဟတ် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *