
အယ်မားရီးယားကို အနိုင်ရခဲ့ပေမဲ့ ဘာစီလိုနာ အသင်းသားတွေအပေါ်ပေါက်ကွဲလာတဲ့ ဇာဗီ
ဘာစီလိုနာအသင်းဟာ ယနေ့မနက်က ယှဉ်ပြိုင်ကစားသွားတဲ့ လာလီဂါပွဲမှာ အမှတ်ပေးဇယားအောက်ဆုံးက အယ်မားရီးယား အသင်းကို အသင်းခေါင်းဆောင် ဝါရင့်ကွင်းလယ်လူ ဆာဂျီယို ရော်ဘတ်တို့ရဲ့ နောက်ကျ အနိုင်ဂိုးနဲ့ ၃ – ၂ ရလဒ်နဲ့ ကပ်အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာဟာ ၂-ကြိမ်တိုင်တိုင် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမဲ့ ချေပဂိုးတွေ လွယ်လွယ်နဲ့ ပြန်ပေးပစ်ခဲ့ပါတယ် ။ ၈၃-မိနစ် အရောက်မှာမှ ရော်ဘတ်တိုက အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ဘာဆာတို့ ထင်ထားတာထက် ပိုပြီးခက်ခက်ခဲခဲ ရုန်းကစားလိုက်ရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဘာစီလိုနာနည်းပြ ဇာဗီက ပထမပိုင်း အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ပေါက်ကွဲပြောဆိုရင်း ၊ ပထမပိုင်းအပြီး ကစားသမားတွေထံ ဘာတွေမှာကြားခဲ့လဲဆိုတာ အခုလိုပဲ ဖွင့်ဟလာပါတယ်။
ဇာဗီ က ” ကျွန်တော်ဟာ မျှော်မှန်းထားတာထက် ဖိအားဒဏ်ပိုပြီး ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့ ဂိုးပေါက် အကြိမ် ၃၀ -ကန်ခဲ့ပြီး ပြိုင်ဖက်ကို သွင်းဂိုး ၂-ဂိုး လက်လွတ်စပယ် ခွင့်ပြုခဲ့ပါတယ်။ ပထမပိုင်းကတော့ နည်းပြတစ်ယောက်အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူး။ ဒုတိယပိုင်းကတော့ လက်ခံပေးလို့ ရပါတယ်”

“ကျွန်တော်တို့ အခွင့်အရေး ဖြုန်းတီးတာတွေ အရမ်းများလွန်းနေပါတယ်။ ဒါကြီးက လွန်ခဲ့တဲ့ ၁-လ ၊ ၂-လ အတွင်း ကျွန်တော်တို့ရဲ့ ထုံးစံလို ဖြစ်နေတာပါ။ အသင်းသားတွေကို ပထမပိုင်းအပြီး ကျွန်တော် မှာခဲ့ပါတယ်။ ကျွန်တော်တို့မှာ ပွဲအပေါ် သက်ရောက်မှု မရှိနေတဲ့အကြောင်း ၊ မာမာထန်ထန် အားကြိုးမာန်တက် ကစားတာမျိုး မရှိနေတဲ့အကြောင်းပေါ့ ”
“နည်းပြ တစ်ယောက်အနေနဲ့ ဒါကို လက်မခံပါဘူး။ ကွင်းထဲမှာ သားရဲတွေလို မနားတမ်းပြေးလွှားကစားနိုင်ရင်ကစား ၊ ဒီလိုမှမဟုတ်ရင် အညံ့ခံလိုက်ပေါ့။ ကျွန်တော်တို့မှာ ၂၀၁၀ -ဘာစီလိုနာလို အရည်အသွေးတွေ မရှိနေပါဘူး။ မနှစ်ကတော့ ကျွန်တော်တို့ မာမာထန်ထန် ၊ ပြေးပြေးလွှားလွှား ကစားခဲ့ပါတယ် ”
“ကွင်းထဲက ပရိသတ်တွေ လက်လုပ်ဝီစီမှုတ်ပြီး အားမလိုအားမရ ဖြစ်ခဲ့ကြပါတယ်။ ဒုတိယပိုင်းမှာတော့ သူတို့ အားပေးခဲ့ကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ အရာရာမပေးဆပ်လို့ မရပါဘူး။ ဒုတိယပိုင်းမှာ ပြိုင်ဖက်ဟာ မတူညီတဲ့ ပုံစံတစ်ရပ်နဲ့ ပွဲကို ချဉ်းကပ်လာခဲ့ပါတယ်”
“ဒီတော့ အရာရာမပေးဆပ်ဘူးဆိုရင် ဘာမှရမှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ အနေနဲ့ နိုးထရပါမယ် ။ ဘောလုံးအရည်အသွေးအရ နိုင်ပွဲကို မရှာနိုင်ဘူးဆိုရင် စိတ်ဓာတ်အရ ကျွန်တော်တို့ နိုင်ပွဲရှာနိုင်ရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဇာဗီက အနိုင် ၃-မှတ် ယူပေးခဲ့တဲ့ ရော်ဘတ်တို အပေါ် အခုလိုပဲ ချီးကျူးစကားဆိုလာပါတယ်။

“ဆာဂျီယို ရော်ဘတ်တိုဟာ စံပြဥပမာ တစ်ရပ်ပါပဲ။ သူဟာ တကယ့် အသင်းခေါင်းဆောင် တစ်ယောက်ပါ။ ကွင်းလယ် pivot မှာ ကစားပြီး ၊ သူ ၂-ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဟက်ထရစ်တောင် ရနိုင်လုနီးနီးပါပဲ။ ဒါတွေရဲ့ အလွန်မှာ သူ့ရဲ့ လုပ်အား ၊ အသင်းဖော်တွေကို စိတ်ဓာတ်ခွန်အား ပေးနိုင်မှုတွေက စံပြဖြစ်ပါတယ်။ သူ့အတွက် ကျွန်တော် ပျော်ရွှင်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ ချန်ပီယံဘာစီလိုနာဟာ အဆင့် ၃ -နေရာမှာ ဆက်ရှိနေဆဲ ဖြစ်ပြီး ၊ ဇယားထိပ်က ဂျီရိုနာနဲ့ ၆-မှတ် ၊ အဆင့် ၂- နေရာက ရီးရဲလ်မက်ဒရစ်နဲ့ ၄-မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။
Source : barcablaugranes.com : espn.com
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ
#jdbkx.com #အားကစားသတင်း #ဘာစီလိုနာ #အယ်မားရီးယား #ဇာဗီ #ဘာစီလိုနာနည်းပြ #Online #Games #Myanmar #OnlineGamesMyanmar
Wow Thanks for this information i find it hard to stumble on good quality specifics out there when it comes to this topic thank for the blog post website
Wow Thanks for this information i find it hard to identify awesome material out there when it comes to this content appreciate for the write-up website
Wow Thanks for this site i find it hard to locate smart information out there when it comes to this content thank for the blog post site
lovely blog, SEO Brand (Search Engine Optimization for Branding) adalah strategi untuk meningkatkan visibilitas, kredibilitas, dan kesadaran terhadap merek Anda di hasil pencarian. Fokusnya bukan hanya mendapatkan lalu lintas (traffic) tetapi juga menciptakan kepercayaan dan pengakuan terhadap merek Anda
link:Wow Thanks for this thread i find it hard to track down great information out there when it comes to this material thank for the content site