
Blue Beetle ကောင်းလား မကောင်းဘူးလား
(ဒီကနေ့မှာပဲ Blue Beetle ရဲ့ VOD digital အကြည် ထွက်လာပါပြီ)
အမှန်တိုင်းပြောရရင် ရုံဝင်ငွေ အခြေအနေရလဒ်နည်းနည်းမကောင်းဘူးဆိုကတည်းကတစ်ခုခုတော့ ဖြစ်မယ်မှန်း သိနေပါတယ်။ ဒါပေမယ့် ကြည့်ပြီးသွားတဲ့အချိန်မှာတော့ တစ်ချို့ လွဲနေတာလေးတွေကို တွေ့ရပါတယ်။
အဓိကက Fan Service ပါပဲ။ DC ရဲ့ထုံးစံအရတော့ WB ရဲ့ ညံ့ဖျင်းမှုတွေကြောင့် ဇာတ်ကားက ကောင်းပေမယ့် ဘာ Promote မှ ထူးထူးခြားခြားမရှိတာကြောင့် ရုံဝင်ငွေမှာထိခိုက်သွားတာပါပဲ။

နောက်တစ်ချက်က အချို့အချို့သော DC Fan တွေပါ။ DC Fan တွေက အခုထိ Zack ကို မျှော်ပြီး James Gunn ရဲ့ Universe ကို Boycott လုပ်တာနဲ့ ကြားထဲက ကြည့်မယ်သူတွေလည်း ကြောင်ပျောက်သွားရပါတယ်။ (ဒီလိုပြောလို့ ကျွန်တော်တို့ Snyder ကို အကန်ပြောတယ်လို့တော့မထင်စေချင်ပါဘူး)
တကယ်တော့ ဇာတ်ကားက ထင်ထားသလောက် ဆိုးဆိုးရွားရွားကြီး မကောင်းနေတာမျိုးမဟုတ်ပါဘူး။ ကြည့်လို့ကောင်းတယ်။ Fan ဖြစ်တယ်။ Superhero ကားပေမယ့် သူ့အဆင့်နဲ့ သူရှိတယ်။ ဒါပေမယ့် Simple ဖြစ်တဲ့ Plot က လူဆိုးကိုချမယ် ၊ နိုင်မယ်၊ ဒါက Superhero ကား တော်တော်များများမှာ ဖြစ်နေကျမို့လို့ ကြည့်နေရင်း ကြိုသိနိုင်ပါတယ်။ နောက်ပြီး Joke တွေက မပေါဘူးခံစားရတယ်။ ဇာတ်လမ်းသိပ်မရှိပေမယ့် Scarab နဲ့ Jaime Reyes ဆိုတဲ့ ကောင်လေးကို လက်ခံကောင် ကောင်းကောင်းလုပ်ပြသွားတာ အဆင်ပြေတယ်။ ဒါပေမယ့် တချို့နေရာတွေမှာတော့ သဘောမကျစရာအချက်တွေကို ထပ်နေအောင်ပြန်ပြန်သုံးထားတာကိုတွေ့ရတယ်။
Blue Beetle က Superman တို့၊ Green Lantern တို့၊ The Flash တို့လို အကောင်ခပ်ကြီးကြီး နာမည်ကြီးဟီးရိုး တစ်ကောင်မဟုတ်လို့ ဇာတ်လမ်းကလည်း အရမ်းကြီးကြီးမားမား လုပ်ပြလို့မရတာလည်းပါပါတယ်။ ချုံငုံပြီးပြောရမယ်ဆိုရင် Scarab ဆိုတဲ့ ဟာက နောက်ပိုင်းမှာ အရေးပါလာနိုင်တဲ့ ဇာတ်ကောင်တစ်ကောင်အဖြစ်နဲ့ James Gunn ရဲ့ Universe မှာ ထပ်တွေ့ရနိုင်မှာပါ။
SPOILER သတိပြုရန်
အချိတ်အဆက် တစ်ခုအနေနဲ့ Spoil တစ်ခုလုပ်ပါမယ်။ အဲ့တာက Old Blue Beetle တစ်ကောင် ဒီ Timeline မဟုတ်တဲ့ နောက် တစ်ခုမှာ ရောက်နေတယ်ဆိုတာကို ပြသွားပါတယ်။ ဒါဆို Old Blue Beetle အနေနဲ့ James Gunn ရဲ့ Universe မှာ မြင်တွေ့ရနိုင်လားဆိုတော့ James Gunn ရဲ့ Superman: Legacy ကို လုပ်နေပုံကြည့်ရင် Old Hero တွေ တော်တော်များများကို စုပြီး ပေါင်းထုတ်မယ်လို့ မျှော်လင့်လို့ရပါတယ်။
အချုပ်အားဖြင့် Blue Beetle ကို ပြောရမယ်ဆိုရင် DC Fan တစ်ယောက်အနေနဲ့ Blue Beetle က ကြည့်လို့ကောင်းတဲ့အထဲမှာပါတဲ့ Superhero ရုပ်ရှင်တစ်ကားမို့လို့ ရုံဝင်ငွေ အခြေအနေ ဆိုးတာတွေ ဘာတွေ မေ့ထားပြီး ကြည့်ဖြစ်အောင်ကြည့်ပါလို့ အကြံပေးပါတယ်။
Rating အနေနဲ့ IMDb 6.7/10 ရထားပြီး Rotten Tomatoes မှာတော့ 78% နဲ့ Audience Score ကတော့ 92% အထိကို ရရှိထားတာဖြစ်ပါတယ်။
MVE Score: 5.5/10
ဇာတ်ကားအစ,အဆုံးကို ဒီ Link မှာ Download လုပ်စရာမလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ..
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link