
နှာခေါင်းနဲ့ကြည့်ခဲ့တဲ့ရုပ်ရှင် | Jennifer’s Body (2009)
တော်တော်များများက ရုပ်ရှင်ကြည့်ကြရင် ရုပ်ရှင်ရသကိုခံစားကြတဲ့အခါမှာ ဇာတ်လမ်းကိုအဓိကကြည့်ကြတာလဲရှိတယ်၊ သရုပ်ဆောင်လှမလှကိုကြည့်တာရှိတယ်၊ သရုပ်ဆောင်ကောင်း မကောင်းကိုကြည့်တာရှိတယ်၊ cinematography နဲ့ တင်ဆက်ပုံကိုကြည့်တာလဲရှိတယ်၊ box office ကို ကြည့်တာလဲရှိတာပဲ။
အခုချိန်မှာ Sydney Sweeney တို့၊ Ana De Armas တို့ ကံဇာတာဆန်းထနေချိန် လူကြိုက်များနေချိန် ကျွန်တော်တို့ခေတ်တုန်းကဆိုရင် Winona Ryder တို့၊ Jennifer Connelly တို့ ရှိတယ်၊ သူတို့နောက်မှာဆို Angelina Jolie ရှိတယ်၊ Jennifer Lopez ရှိတယ်၊ Kate Winslet ရှိတယ်၊ အဲနောက်မှာဆိုရင် Megan Fox ရှိတယ် အစရှိသဖြင့်ပေါ့။ ကျွန်တော်ကတော့ ဒီမင်းသမီးတွေပါတဲ့ရုပ်ရှင်ဆိုရင် နှာခေါင်းနဲ့ပဲကြည့်တော့တာများတယ်။

ကျွန်တော့်အနေနဲ့က Megan Fox ကို ဘယ်မှာစသတိထားမိလဲဆိုရင် ၂၀၀၇ က ထွက်တဲ့ Michael Bay ရဲ့ ပထမဆုံး Transformers ရုပ်ရှင်မှာ တန်းသတိထားမိတာပေါ့၊ Transformers မှာ ပထမဆုံးစတဲ့ ကန္တာရထဲကစစ်စခန်းကို Deception တစ်ကောင်က ဝင်သမရာကနေ နောက်ဆုံး credit ထိုးတဲ့ Linkin Park သီချင်းအထိ စိတ်ဝင်စားစရာအပြည့်အဝရှိသလို Megan Fox ရဲ့ လှသွေးကြွယ်မှုတွေကလဲ ဒီရုပ်ရှင်ရဲ့အလှတစ်မျိုးပေါ့။
Megan Fox ရဲ့ ရုပ်ရှင်တွေဆိုရင် ကျွန်တော် နှာခေါင်းနဲ့ပဲကြည့်ဖြစ်တာများတယ်၊ အထူးသဖြင့် Jonah Hex တို့၊ TMNT 2 တို့၊ Expendables 4 တို့ဆိုရင် ဇာတ်လမ်းက စောက်လွဲတွေဖြစ်နေတာတောင်မှ သြော် ဒါလေးက Megan Fox လေးပါလား ဆိုပြီး နှာခေါင်းကအရောင်တလက်လက်နဲ့ ကြည့်ဖြစ်တာပေါ့။
ဒါပေမယ့် ၂၀၀၉ က ထွက်ခဲ့တဲ့ Megan Fox ရဲ့ horror ရုပ်ရှင် Jennifer’s Body ကိုတော့ ရုပ်ရှင်ဇာတ်လမ်းအရမှာရော၊ နှာခေါင်းအရမှာပါ သဘောကျခဲ့ရတယ်။ အထူးသဖြင့် Megan Fox နဲ့အတူ ရိုးရှင်းတဲ့လှပမှုနဲ့လှပနေတဲ့ Amanda Seyfried ကလည်း ဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတစ်ခုမှာပါတယ်။

ဇာတ်လမ်းကတော့ ဒီလို…
မြို့လေးတစ်မြို့မှာ Jennifer နဲ့ Needy ဆိုတဲ့ ကောင်မလေးနှစ်ယောက်က အတော်ခင်ကြတဲ့ဘော်ဒါတွေပေါ့။ တစ်ရက်ကျ Jennifer ရော၊ Needy ပါ ဘားတစ်ခုကိုသွားရင်းနဲ့ ဘားကရုတ်တရက်မီးလောင်သွားတော့ Needy ရော၊ Jennifer ပါ ထွက်ပြေးလာတယ်။ အဲဒါနဲ့ Needy နဲ့ Jennifer လူကွဲသွားပြီး Needy က အိမ်ပြန်ရောက်လာတယ်။ Jennifer က နောက်ကျ Needy ဆီကိုရောက်လာပြီး နောက်မှအိမ်ပြန်သွားတယ်။ ဘာတွေစဖြစ်လဲဆိုတော့ အဲမြို့လေးမှာ လူတွေစသေလာတယ်၊ ကောင်လေးချောချောလေးတွေ စသေလာတယ်။
ဒီရုပ်ရှင်က ဘာကိုသွားသတိရလဲဆိုရင် သူငယ်ချင်းအရင်းကြီးတွေဖြစ်နေရင်တောင်မှ ရာနှုန်းပြည့်ထပ်တူကျဖို့က ခက်ခဲတယ်။ သူငယ်ချင်းဆိုရင်တောင်မှ သူငယ်ချင်းဖြစ်လာရတာ ဘာကြောင့်လဲ၊ တကယ့်သူငယ်ချင်းစစ်ရဲ့လား၊ ဘာတွေဖြစ်နေကြလဲ စိတ်ထဲမှာ၊ အဲလိုပေါ့။
ကျွန်တော်တို့တွေက သူငယ်ချင်းမိတ်ဆွေတွေပေါကြတယ်ဆိုပေမဲ့ အချိန်အတိုင်းအတာတစ်ခုမှာ ဒီသူငယ်ချင်းသံယောစဥ်ကို သစ္စာဖောက်နိုင်ကြဖို့အတွက် ဝန်လေးကြရဲ့လား။
Cult horror ရုပ်ရှင်အနေနဲ့ဆိုရင်တော့ ဒီရုပ်ရှင်က Babysitter တို့ထက် အများကြီးပိုကောင်းတယ်။ ဆွဲဆောင်မှုရှိတဲ့ဇာတ်အိမ်တစ်ခုရှိပြီး လိုချင်တဲ့အဖြေတစ်ခုကိုပေးသွားနိုင်တယ်။
ဒီရုပ်ရှင်က ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ ပထမဆုံးအနေနဲ့ နှာခေါင်းနဲ့ကြည့်ခဲ့တဲ့ရုပ်ရှင်ပါပဲ။
Source : Sub-Zero
အညွှန်းဖတ်ပြီးလို့ ဇာတ်ကားကြည့်ချင်သွားတဲ့ ဂေါင်းကြီးတို့အတွက် ဒီမှာ ကြည့်လို့ရပါတယ်။
#jdbkx.net #Jennifer’s Body #MeganFox #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames
Nice post. I learn something totally new and challenging on websites.
helloI really like your writing so a lot share we keep up a correspondence extra approximately your post on AOL I need an expert in this house to unravel my problem May be that is you Taking a look ahead to see you
helloI like your writing very so much proportion we keep up a correspondence extra approximately your post on AOL I need an expert in this space to unravel my problem May be that is you Taking a look forward to see you
Nice Article