Rennes အသင်း တောင်ပံကစားသမား Jeremy Doku ကို ပြောင်းရွှေ့ကြေးပေါင်(၅၁)သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်ရန် နီးစပ်နေသည့် မန်စီးတီးအသင်း

Rennes အသင်း တောင်ပံကစားသမား Jeremy Doku ကို ပြောင်းရွှေ့ကြေးပေါင်(၅၁)သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်ရန် နီးစပ်နေသည့် မန်စီးတီးအသင်း

မန်စီးတီးအသင်းသည် Rennes အသင်း တောင်ပံကစားသမား Jeremy Doku ကို ပြောင်းရွှေ့ကြေးပေါင် (၅၁) သန်းဖြင့် ခေါ်ယူရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။ မန်စီးတီးအသင်းသည် ပြောင်းရွှေ့ကြေးပေါင်(၅၁)သန်းဖြင့် Jeremy Doku ကို အပြီးသတ်ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်းကို ဘောလုံးသတင်းထောက်ဖာဘရီဇီရိုရိုမာနိုက အတည်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။ Jeremy Doku သည် မန်စီးတီးအသင်းနှင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုများရရှိပြီးပြီဖြစ်ပြီး သဘောတူစာချုပ် မချုပ်ဆိုခင် ယခုသီတင်းပတ်အတွင်း ဆေးစစ်မှုများ လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။ မန်စီးတီးအသင်းအပြင် ချဲလ်ဆီးနှင့် ဝက်စ်ဟမ်းအသင်းတို့သည်လည်း လက်ရှိနွေရာသီအပြောင်းအရွှေ့တွင် Jeremy Doku ကို ခေါ်ယူနိုင်ရန် ကြိုးပမ်းမှုများရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း Jeremy Doku က ၎င်းသည် မန်စီးတီးအသင်းသို့ပြောင်းရွှေ့ရန်သာ ဆန္ဒရှိကြောင်း ရှင်းရှင်း လင်းလင်းပြောကြားခဲ့ပြီးနောက် လက်ရှိအချိန်တွင် မန်စီးတီးအသင်းနှင့် သဘောတူစာချုပ်ချုပ်ဆိုရန် နီးစပ်နေပြီ ဖြစ်ကြောင်း သိရသည်။

Loading

Read more
ချယ်လ်ဆီးအသင်း အဓိကဂိုးသမား ဆန်းချက်ဇ် ကျောနံပါတ် (၃၁) အစား ကျောနံပါတ် (၁) ကို ပြောင်းလဲဝတ်ဆင် ကစားမည်

ချယ်လ်ဆီးအသင်း အဓိကဂိုးသမား ဆန်းချက်ဇ် ကျောနံပါတ် (၃၁) အစား ကျောနံပါတ် (၁) ကို ပြောင်းလဲဝတ်ဆင် ကစားမည်

ချယ်လ်ဆီးအသင်း အဓိကဂိုးသမား ဆန်းချက်ဇ်သည် ကျောနံပါတ် အပြောင်းအလဲပြုလုပ်ပြီး ကျောနံပါတ် (၃၁) အစား ကျောနံပါတ် (၁) ကို ပြောင်းလဲ ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းက အတည်ပြု ကြေညာခဲ့သည်။ ဂိုးသမားဆန်းချက်ဇ်သည် လက်ရှိကစားသမား အပြောင်းအရွှေ့ ကာလတွင် ဘရိုက်တန်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ကာ အသင်း၌ ဂိုးသမားကော့တွိုက်စ်ကို ကျော်ဖြတ်ပြီး ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့် ရရှိနေသူဖြစ်သည်။ ဂိုးသမား ဆန်းချက်ဇ်သည် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ကျောနံပါတ် (၃၁) ကို ဝတ်ဆင်ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် လီဗာပူးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ပွဲစဉ်တွင် ကျောနံပါတ် (၃၁) ကို ဝတ်ဆင်ကစားခဲ့သော်လည်း လာမည့်ပွဲစဉ်များမှ စတင်ပြီး ကျောနံပါတ် (၁) ကို ပြောင်းလဲဝတ်ဆင် ကစားမည်ဖြစ်သည်။ ပြီးခဲ့သည့်ဘောလုံးရာသီက ချယ်လ်ဆီးအသင်း၌ ကျောနံပါတ် (၁) ကို ဂိုးသမားကီပါက ဝတ်ဆင် ကစားခဲ့ခြင်းဖြစ်ပြီး

Loading

Read more
VPN ကဘယ်လိုအလုပ်လုပ်လဲ

VPN ဆိုတာဘာလဲ

VPN ကို ၁၉၆၀ လောက်ကအမေရိကန်မှာ စတင် အသုံးပြုခဲ့တယ်လို့သိရပါတယ်။ Virtual Private Network ရဲ့အတိုကောက် အနေနဲ့ VPN လို့ ခေါ်ယူသုံးစွဲခြင်းပဲ ဖြစ်ပါတယ်။ VPN က သင့်ရဲ့ အင်တာနက် အသုံးပြုမှုလမ်းကြောင်းကို encrypt လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။ တစ်စုံတစ်ယောက် (သို့မဟုတ်) software တစ်ခုကကြားဖျက်ဝင်ရောက်လို့ မရတော့အောင်ကာကွယ်ထားလိုက်တာလို့ ဆိုလိုနိုင်ပါတယ်။ သင့်ရဲ့ဒေတာတွေ အွန်လိုင်းပေါ်က activities တွေနဲ့ စကားပြောဆိုမှု့တွေကို အလွယ်တကူ hack လို့မရတော့တာမျိုးပါ။ VPN ကဘယ်လိုအလုပ်လုပ်လဲ VPN က သင့်ရဲ့ IP address ကိုပြောင်းပေးလိုက်တာ (ဖုံးကွယ်ပေးလိုက်တာပါ)။ အခုလိုပြုလုပ်ပေးလိုက်ခြင်းဖြင့် သင့်ရဲ့ အင်တာနက်၀န်ဆောင်မှု့ပေးနေတဲ့ company အနေနဲ့တောင်မှ သင်ဘယ် website ကိုဝင်ရောက်ကြည့်ရှု့နေလဲဆိုတာ မသိနိုင်ပါဘူး။ VPN က filter တစ်ခုလိုဖြစ်သွားတာပါပဲ ဖြစ်ပါတယ်။ VPN

Loading

Read more

ဘရိုက်တန်ကွင်းလယ်လူကိုင်ဆီဒိုကို စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၁၁၅)သန်းဖြင့် ခေါ်ယူလိုက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းသည် ဘရိုက်တန်အသင်းကွင်းလယ်ကစားသမား ကိုင်ဆီဒိုကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၁၅)သန်းဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အသက်(၂၁)နှစ်အရွယ်ကိုင်ဆီဒိုသည် ချဲလ်ဆီးအသင်းနှင့် (၈)နှစ်သက်တမ်းရှိ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ခြေစွမ်းနှင့်ကစားနိုင်စွမ်းအပေါ်မူတည်ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုခဲ့ကြောင်းသိရသည်။ ကိုင်ဆီဒိုသည် ချဲလ်ဆီးအသင်းဂျာစီကိုဝတ်ဆင်ပြီး ကားတစ်စီးပေါ်တွင် ထိုင်ကာ ၎င်း၏မိခင်ဖြစ်သူကို ပွေ့ဖက်ထားသည့် ဗီဒီယိုဖိုင်တစ်ခုကို ချဲလ်ဆီးအသင်းဝက်ဘ်ဆိုက်တွင် တင်ထားခဲ့ကြောင်းသိရသည်။ ချဲလ်ဆီးအသင်းနှင့်သဘောတူညီချက်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ပြောင်းရွှေ့ကြေးပေါင် (၄ ဒသမ ၅) သန်းဖြင့် ဘရိုက်တန်အသင်းသို့ ပြောင်းရွှေ့လာခဲ့သော ကိုင်ဆီဒိုအတွက် စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ခုဖြစ်လာခဲ့ကြောင်းသိရသည်။ ချဲလ်ဆီးအသင်းနှင့် လီဗာပူးလ်အသင်းတို့သည့် ကိုင်ဆီဒိုကိုခေါ်ယူရန်အတွက် အပြိုင်အဆိုင်ကြိုးပမ်းခဲ့ကြပြီး ချဲလ်ဆီးအသင်းသည် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကိုင်ဆီဒိုကိုခေါ်ယူကာ လီဗာပူးလ်အသင်းကို ကျော်တက်နိုင်ခဲ့ခြင်းဖြစ်သည်။ ချဲလ်ဆီးအသင်းသည် ဩဂုတ် လ(၂၀)ရက်တွင် ဝက်စ်ဟမ်းအသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ကိုင်ဆီဒိုသည် ဝက်စ်ဟမ်းအသင်းနှင့်ပွဲတွင် ပွဲဦးထွက်ဝင်ရောက်ကစားမည်ဖြစ်ကြောင်းသိရသည်။ Source – Express.co.uk ဂိမ်းအကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက

Loading

Read more

Al-Hilal နှင့် လုပ်ခလစာယူရိုသန်း(၁၆ဝ)ရရှိမည့် (၂)နှစ်သက်တမ်းရှိစာချုပ်ကို ချုပ်ဆိုရန် သဘောတူညီခဲ့တဲ့ နေမာ

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးဖြစ်သည့် အသက်(၃၁)နှစ်အရွယ် နေမာသည် ဆော်ဒီအာရေးဗျကလပ် Al-Hilal အသင်းသို့ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ နေမာသည် လုပ်ခလစာယူရိုသန်း(၁၆ဝ)ရရှိမည့် (၂)နှစ်သက်တမ်းရှိ သဘောတူစာချုပ်ကို Al-Hilal အသင်းနှင့် ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပီအက်စ်ဂျီအသင်းသည် နေမာကို Al-Hilal အသင်းထံ ရောင်းချရန် သဘောတူညီခဲ့ပြီးဖြစ်ပြီး နေမာဖက်ကလည်း စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂ဝ၁၇ ခုနှစ်တွင် ယူရို(၂၂၂) သန်းဖြင့် ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းသို့ပြောင်းရွှေ့လာခဲ့သော နေမာသည် လက်ရှိနွေရာသီတွင် အသင်းမှ ထွက်ခွာလိုသည်ဟု ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အသင်းတာဝန်ရှိသူများသည် အစောပိုင်းတွင် နေမာကို ထွက်ခွါခွင့်မပြုခဲ့သော်လည်း လက်ရှိအချိန်တွင် Al-Hilal အသင်းသို့ ရောင်းချရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နေမာသည် ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ ရန် စိတ်အားထက်သန်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း နောက်ဆုံးတွင် Al-Hilal အသင်းနှင့် စာချုပ် ချုပ်ဆိုရန်

Loading

Read more

The God Father

THE GOD FATHER က PART 1,2,3 ဆိုပြီးထွက်ရှိထားပါတယ်။RATING အနေနဲ့ကTHE GOD FATHER PART1(1972) က IMDb 9.2/10,Rotten Tomatoes 98%,Metacritic 100% ရထားပါတယ်။THE GOD FATHER PART2(1974) မှာတော့ IMDb 9/10,Rotten Tomatoes 98% ,Metacritc 90% ရရှိထားပြီးTHE GOD FATHER PART3(1990) ကတော့ IMDb 7.6/10,Rotten Tomatoes 69% ,Metacritic 60% ရထားပါတယ်Box office အနေနဲ့ Part1 က ဒေါ်လာ 246_287 million, Part2 က ဒေါ်လာ 48-88 million နဲ့ Part 3 က ဒေါ်လာ 136.8 million ရရှိထားပါတယ်။

Loading

Read more

ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား နေမာအနေဖြင့် အသင်းဟောင်း ဘာစီလိုနာအသင်းသို့ အငှားစာချုပ်ဖြင့် ပြန်လည်ပြောင်းရွှေ့ ကစားရန် ကြိုးပမ်းနေ

ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား နေမာအနေဖြင့် အသင်းဟောင်း ဘာစီလိုနာအသင်းသို့ အငှားစာချုပ်ဖြင့် ပြန်လည်ပြောင်းရွှေ့ ကစားရန် ကြိုးပမ်းနေ ပီအက်စ်ဂျီအသင်းက အရောင်းစာရင်း တင်သွင်းထားသည့် တိုက်စစ်ကစားသမား နေမာသည် လက်ရှိကစားသမား အပြောင်းအရွှေ့ကာလမပြီးဆုံးမီ အသင်းဟောင်း ဘာစီလိုနာအသင်းသို့ အငှားစာချုပ်ဖြင့် ပြန်လည်ပြောင်းရွှေ့ ကစားရန် ကြိုးပမ်းနေကြောင်း သိရသည်။ အသက် ၃၁ နှစ်အရွယ် နေမာသည် ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းသို့ စံချိန်တင်ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်သည့် ယူရို (၂၂၂) သန်းဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီး ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း လေးနှစ် ကျန်ရှိနေသူဖြစ်သည်။ နေမာသည် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း လေးနှစ်ကျန်ရှိ နေသေးသော်လည်း ပီအက်စ်ဂျီအသင်းက လက်ရှိနွေရာသီ ကစား သမား အပြောင်းအရွှေ့ ကာလတွင် အရောင်းစာရင်း တင်သွင်းထားခြင်း ဖြစ်ပြီး အစောပိုင်းက ချယ်လ်ဆီး အသင်းနှင့်သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်ထိ

Loading

Read more

ဘောလုံး သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ဂိုးသမားတစ်ဦး

ခေါင်းစဉ်ကို ကြည့်ပြီး လူကြီးမင်းတို့ နည်းနည်းလေးများ အူကြောင်ကြောင် ဖြစ်သွားလေမလား။ ဂိုးသမားတစ်ဦးက ဂိုးသွင်းတယ် ဆိုမှတော့ ကိုယ့်ဂိုးကိုများ သွင်းနေလားလို့ ထင်ကြမှာ သေချာပါတယ်။ ဒီဘက်ခေတ်မှာလည်း ဂိုးသမားတွေ ဂိုးသွင်းတယ်ဆိုတာ ရှိတော့ရှိတယ် ရှားတယ် ဆိုသလို ဖြစ်နေပြီ ဆိုတော့လေ။ ဒါပေမယ့် ကျွန်တော် အခု ဖော်ပြပေးသွားမယ့် ဂိုးသမားကြီးကတော့ ကစားသမားဘဝအတွင်းမှာ (၁၃၂)ဂိုးအထိ တောင် သွင်းယူခဲ့တာပါ။ သူ့နာမည်ကတော့ ရိုဂျာရီယို ဆန်နီ ။ လက်ရှိမှာ အသက် (၅၀)အရွယ် ရှိနေပြီဖြစ်တဲ့ ဒီဂိုးသမားကြီးကတော့ ကစားသမားဘဝအတွင်း တိုက်စစ်မှူးတစ်ဦးရဲ့ ဂိုးသွင်းနှုန်းလောက်အထိ ဂိုးတွေကို အံ့မခန်း သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ကစားသမားဘဝရဲ့ အချိန်အများစုကို ဘရာဇီးလ် ကလပ် ဆော်ပေါ်လိုအသင်းမှာပဲ ဖြတ်သန်းခဲ့တဲ့ ဂိုးသမားကြီး ဆန်နီက ဆော်ပေါ်လိုမှာ ပင်နယ်တီ နဲ့ ဖရီးကစ် ကန်သွင်းသူအဖြစ် တရားဝင်

Loading

Read more

မက်ဆီကြောင့် လိဂ်ဖလားမှာ ဗိုလ်ဆွဲဖို့ရေပန်းစားလာတဲ့ အင်တာမိုင်ယာမီ

Messi was put through his paces against Orlando / Mike Ehrmann/GettyImages အင်တာ မိုင်ယာမီ အသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ က အသင်းအတွက် တောက်လျှောက် ခြေစွမ်းပြဂိုးတွေ သွင်းယူနေတာကြောင့် ပါလိဂ်ဖဖားပြိုင်ပွဲမှာ ဗိုလ်ဆွဲဖို့အထိ ရေပန်းစားလာပါတယ်။ မက်ဆီက မိုင်ယာမီ အသင်းနဲ့ စတင် ပွဲထွက်ရချိန်မှာ မေဂျာလိဂ် အမှတ်ပေးပွဲကို မကစားရသေးပဲ အမေရိကန် နဲ့ မက္ကဆီကို ကလပ်အသင်းတွေ ယှဉ်ပြိုင်ကြတဲ့ လိဂ်ဖလား ရှုံးထွက်ပြိုင်ပွဲကိုသာ ဆင်နွဲခဲ့ရပါတယ်။ မက်ဆီ က ခရုဇ် အလ်အသင်းနဲ့ ပွဲစဉ်မှာပဲ မိုင်ယာမီအသင်းအတွက် ပွဲဦးထွက် ကစားခွင့် ရခဲ့ပြီး အဲ့ဒီပွဲမှာပဲ နာကျင်အချိန်ပိုအတွင်း ဖရီးကစ်ကနေ အနိုင်ဂိုးကို တိုက်ရိုက် ကန်သွင်းယူပြီး မိုင်ယာမီကို နောက်တစ်ဆင့် တက်လှမ်းစေခဲ့ပါတယ်။ နောက်တစ်ဆင့်မှာလည်း

Loading

Read more
1 30 31 32 33