
ကိုးလ်မန်း ကို အငှားခေါ်ဖို့ စိတ်ဝင်စားနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရ အာဆင်နယ်သတင်းများ
Football Insider ရဲ့ သတင်းထောက် Pete O Rourke က အာဆင်နယ် အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်း ရဲ့ တောင်ပံကစားသမား ကိုးလ်မန်း ကို ကာလရှည် အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုလိုက်ပါတယ်။ ကိုးလ်မန်း ဟာ အာဆင်နယ် အသင်းကို ပြောင်းဖို့ စိတ်ဝင်စားပေမဲ့ ပွဲကစားခွင့်အတွက် အာမခံချက် လိုချင်နေပါတယ်။