
စီရော်နယ်ဒိုရဲ့အံ့အားသင့်ဖွယ် ပေါင် ၆၁ သန်းတန် ဂျက်လေယာဉ်
သင်သာ စီရော်နယ်ဒိုလို ထိပ်တန်းအဆင့်ရှိသူတစ်ဦးဖြစ်မယ်ဆိုရင် သင့်ရဲ့လူနေမှုဘဝကိုပံ့ပိုးပေးနိုင်မဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီး လိုအပ်ပါလိမ့်မယ်။ အသက် ၄ဝ နှစ်အရွယ် ပေါ်တူဂီဂန္တဝင်က ပြီးခဲ့တဲ့နှစ်မှာပဲ သူ့ရဲ့ခရီးစဉ်တွေကို ပံ့ပိုးကူညီပေးနိုင်ဖို့ အလွန်လှပတဲ့ Bombardier Global Express 6500 ဂျက်လေယာဉ်တစ်စီးကို ဝယ်ယူခဲ့ပါတယ်။