
မနုစာရီ – အပိုင်း ( ၁၃ )
* * * မနုစာရီ * * * ( ၁၃ ) (သော အက္ခပါတီ ဝိနိစ္ဆယောဟောတိ) …… အစရှိသော ဂါထာဖြင့် မျက်နှာမလိုက် ဖြေဆိုဆုံးဖြတ်မည်ဖြစ်ကြောင်း တိုင်တည်လိုက်၏။ ပရိသတ်သည် ဤမျှလှပ၍ ဤမျှရဲရင့်သော မိန်းမမျိုးအား မတွေ့ဘူးရုံမျှမက ကြားပင် ကြားဖူးခြင်း မရှိရာ မှင်သက်မိ၍ ပါးစပ် အဟောင်းသား ဖြစ်နေကြတော့၏။