
မနုစာရီ – အပိုင်း (၁၉)
* * * မနုစာရီ * * * ( ၁၉ ) မင်းသိင်္ခ ဖတ်ရှုနည်းယူခြင်းအလုပ်ကို ကျေနပ်လောက်သည်အထိပြုလုပ်ပြီးနောက် ရေးသားရန်အတွက် မနုစာရီ၏ ဒိုင်ယာရီ၏မူရင်းစာထုပ်ကြီးအပြင် တရုတ်ဘုန်းတော်ကြီး ဝဲလူဝင်း ပြန်ဆိုပေးခဲ့သော ဘာသာပြန်စာမူကိုပါ စားပွဲပေါ်တွင် စုပုံပြီးနောက် စတင်ရေးသားလေတော့၏။