
နွေရာသီအပြောင်းအရွှေ့မှာ လီဗာပူးအနေနဲ့ ကစားသမား ၅ ယောက်၊ ၆ ယောက်အထိ ခေါ်ယူဖို့ လိုအပ်နေတယ်လို့ ကာရေဂါအကြံပေး
လီဗာပူးနောက်ခံလူဟောင်း ဂျေမီကာရေဂါက လာမဲ့နွေရာသီမှာ အသင်းမှထိပ်တန်းကစားသမားအချို့ ထွက်ခွာဖို့ရှိနေတာကြောင့် နည်းပြအန်းစလော့အနေနဲ့ ကစားသမားသစ် ၅ ယောက်၊ ၆ ယောက်လောက်အထိ ပြန်လည်ခေါ်ယူပြီး အသင်းကို တည်ဆောက်သွားရမယ်လို့ အကြံပေးပြောကြားလာခဲ့ပါတယ်။