
ဂျော်အိုဖီးလစ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ချဲလ်ဆီးဆီ သတင်းစကားပါးလာတဲ့ အီဗရာဟီမိုဗစ်
အခုနွေရာသီကာလအတွင်း ချဲလ်ဆီးရဲ့ ဂျော်အိုဖီးလစ်ကို အပြီးသတ်ခေါ်ယူသွားရန်အတွက် အေစီမီလန်အနေဖြင့် တံခါးဖွင့်လှစ်ထားပါတယ်လို့ ဇလာတန်အီဗရာဟီမိုဗစ်က ပြောခဲ့ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးက စတမ်းဖို့ဒ်ဘရစ်ချ်ကလပ်နဲ့ စိတ်ပျက်ဖွယ်ပထမရာသီဝက်အပြီး ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ စီးရီးအေကလပ်ဆီ အငှားဖြင့်ရောက်ရှိလာခဲ့ပါတယ်။