You’re next (2011)
“ဘက်ဂျက်အနည်းငယ်သာ သုံးထားတဲ့ ဒီရုပ်ရှင်က အကောင်းဆုံး လူသတ်ရုပ်ရှင်တွေထဲက တစ်ကားအပါအ၀င် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့လှည့်ကွက်ကလည်း ပါးစပ်အဟောင်းသားဖြစ်ရတယ် “
![]()
အားကစားသတင်း | ရုပ်ရှင်အညွှန်း | စာအုပ်စင် | ဝတ္ထုတို
“ဘက်ဂျက်အနည်းငယ်သာ သုံးထားတဲ့ ဒီရုပ်ရှင်က အကောင်းဆုံး လူသတ်ရုပ်ရှင်တွေထဲက တစ်ကားအပါအ၀င် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့လှည့်ကွက်ကလည်း ပါးစပ်အဟောင်းသားဖြစ်ရတယ် “
![]()
ဂန်းနားဟောင်း ဟက်တာဘယ်လာရင် က ဒီနှစ် ဘောလုံးရာသီမှာ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုရရှိဖို့ရာ လုံလောက်တဲ့ အတွေ့အကြုံကို ပိုင်ဆိုင်ထားပြီဖြစ်တာကြောင့် ချန်ပီယံဖြစ်မယ်လို့ ယုံကြည်မှုအပြည့်ရှိနေပါတယ် ။
![]()
အာဆင်နယ်နည်းပြ အာတီတာ ဟာ လာမဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ် ကြယ်ပွင့်တစ်ဦးကို ရောင်းချသွားဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့လည်း အဆိုပါကစားသမားအတွက် လက်ခံနိုင်လောက်တဲ့ ပမာဏနဲ့ ကမ်းလှမ်းလာမှသာလျှင် လက်လွတ်သွားမှာဖြစ်ပါတယ် ။
![]()
လက်ရှိ ဘောလုံးအားကစား လောကထဲကို ကြည့်လိုက်မယ်ဆိုရင် မန်စီးတီးအသင်းရဲ့ နည်းပြ ဖြစ်သူ ပက်ဂွာဒီယိုလာ က အကောင်းဆုံး နည်းပြပဲ ဆိုတာ အားလုံးသိကြ ၊ လက်ခံကြပါလိမ့်မယ် ။ သူဟာ ကိုင်တွယ်ခဲ့တဲ့ အသင်းတိုင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး လက်ရှိ ကိုင်တွယ်နေခဲ့တဲ့ မန်စီးတီးအသင်းကိုလည်း ပထမဆုံး ချန်ပီယံလိဂ် ဖလားနဲ့အတူ ဆုဖလား (၃) လုံးရတဲ့ ရာသီမျိုး ပိုင်ဆိုင်စေနိုင်ခဲ့ပါတယ် ။
![]()
အူဘာမီယန်း က သူ့ရဲ့ ကစားသမား ဘဝတစ်လျှောက် ဘာစီလိုနာ မှာ ကစားခဲ့ရတဲ့အချိန်တွေဟာ သူ့အတွက်ပျော်စရာအကောင်းဆုံး အချိန်တွေ ဖြစ်ခဲ့တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ် ။ ဂါဘွန် လက်ရွေးစင် တိုက်စစ်မှုး အူဘာမီယန်း ဟာ ကစားသမား ဘဝတစ်လျှောက် အေစီမီလန် ၊ ဒေါ့မွန် ၊ မိုနာကို ၊ အာဆင်နယ် ၊ ဘာစီလိုနာ ၊ ချဲလ်ဆီး နှင့် မာဆေးလ်တို့လို့ ဥရောပ ထိပ်တန်း အသင်းကြီးတွေမှာ ကစားခဲ့သူပါ ။ အသက် ၃၄ နှစ် အရွယ် အူဘာမီယန်း ဟာ ကလပ်အသင်းတွေထဲ ဒေါ့မွန်အသင်းမှာ ပွဲအများဆုံး ကစားခဲ့ပြီး ၂၁၃ -ပွဲ ကစား ၊ ၁၄၁ -ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။
![]()
PGMOL ရဲ့ အကြီးအကဲ ဟောင်းဝပ်ဝက်ဘ် ဟာ အငြင်းပွားစရာတွေများခဲ့တဲ့ နယူးကာဆယ် အသင်း နဲ့ အာဆင်နယ်အသင်းပွဲမှာ ကိုင်ဟားဗတ်ဇ် နဲ့ ဘရူနို ဂွီမာရေစ့် တို့ နှစ်ဦးစလုံး ထုတ်ပယ်ခံခဲ့ရသင့်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ် ။ နယူးကဆယ်အသင်းဟာ ပြီးခဲ့တဲ့နှစ်ပတ်တုန်းက အာဆင်နယ်အသင်းကို ဂေါ်ဒွန် ရဲ့ အငြင်းပွားဖွယ်သွင်းဂိုး နဲ့ အနိုင်ရခဲ့တာပါ ။
![]()
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ကစားသွားတဲ့ ရောမဒါဘီ လာဇီယို – ရိုးမား ပွဲဟာ ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ် ။ ဒီပွဲဟာ ချဲလ်ဆီး နည်းပြဟောင်း ၂-ဦး ဖြစ်တဲ့ မော်ရစ်ဇီယို ဆာရီနဲ့ ဟိုဆေး မော်ရင်ညိုတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ် ။ တိုက်စစ်အသားပေးကစားတာ နှစ်သက်တဲ့ ဆာရီရဲ့ လာဇီယိုနဲ့ ခံစစ်ကို ကျစ်ကျစ်လျစ်လျစ်နဲ့ ချဉ်းကပ်တတ်တဲ့ Special One မော်ရင်ညိုရဲ့ ရိုးမားတို့ ထိပ်တိုက်တွေ့ဆုံမှုက သရေရလဒ်နဲ့ အဆုံးသတ်သွားခဲ့တာ မျှတမှုရှိခဲ့ပါတယ် ။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ညိုက ဆာရီနဲ့ သူ့အကြားက ဆက်ဆံရေးကို အခုလိုပဲ ဖွင့်ဟလာပါတယ် ။
![]()
ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အမှတ်ပေးဇယားထိပ်က လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို အပြန်အလှန် သွင်းဂိုးတွေနဲ့ ခြေရည်တူကစားကာ ၊ တစ်ဖက် ၄-ဂိုးစီ သရေ ရလဒ်နဲ့ တစ်မှတ်စီခွဲယူသွားခဲ့ပါတယ် ။
![]()
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် က လက်ရွေးစင်အသင်းမှာ အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်ကို မရွေးချယ်ဝာာ ဟာ သူ့ထက် ပိုစွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားတွေ ရှိနေတာကြောင့်သာ ဖြစ်ပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက ဖြစ်ရပ်နဲ့ မသက်ဆိုင်ကြောင်း ဖြေရှင်းသွားခဲ့ပါတယ် ။
![]()
ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပိတ်သိမ်းခါနီး တစ်လခွဲအလိုမှာ နဂို ၅-နှစ် စာချုပ်နဲ့ ခန့်အပ်ထားခဲ့တဲ့ နည်းပြဟောင်း ဂရေဟမ် ပေါ်တာကို ထုတ်ပယ်ခဲ့ကာ ၊ ကလပ်ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့်လမ်းပတ်ကို ယာယီ caretaker နည်းပြ အဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့ပါတယ် ။
![]()