ရိုးမားနည်းပြ ရာထူးက အထုတ်ခံရဖို့ သတင်းထွက်ခဲ့တဲ့အပေါ် တုံ့ပြန်လာတဲ့ မော်ရင်ဟို
နာမည်ကြီး ပေါ်တူဂီ ဝါရင့်နည်းပြ ဟိုဆေးမော်ရင်ဟို ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရိုးမား အသင်းရဲ့ နည်းပြရာထူးကနေ အထုတ်ခံရနိုင်ခြေရှိတယ်လို့ အီတလီ သတင်းဌာနတစ်ခု ဖြစ်တဲ့ Corriere Dello Sport မှ ဖော်ပြခဲ့ပါတယ် ။ မနေ့ညက ကစားခဲ့တဲ့ ကယ်ဂလီယာရီနဲ့ စီးရီးအေပွဲ မတိုင်မီ ရိုးမားဟာ ၇-ပွဲ ကစားအပြီး ၈-မှတ်သာ ရခဲ့တာကြောင့် မော်ရင်ဟိုဟာ တမဟုတ်ချင်းမှာပဲ ရာထူးက ဖယ်ရှားခံရဖို့ သတင်းတွေ စထွက်လာခဲ့တာဖြစ်ပါတယ် ။
![]()