ပွဲပယ်ပြစ်ဒဏ်ထိဖို့ တဝါပဲ လိုတော့တဲ့ ချဲလ်ဆီး စတားထံ မက်ဆေ့ခ်ျ ပေးသွားတဲ့ ပိုချက်တီနို
ချဲလ်ဆီး အသင်းဟာ မနက်ဖြန်ညမှာ အက်စတွန် ဗီလာ အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ထိပ်တိုက်ရင်ဆိုင်ဖို့ ရှိနေပြီး ၊ ပြီးခဲ့တဲ့ ဘုန်းမောက်နဲ့ ပွဲက ပွဲထွက်စာရင်းကို နည်းပြဖြစ်သူ မော်ရစ်စီယို ပိုချက်တီနို တယောက် အနည်းငယ် အပြောင်းအလဲ လုပ်လာနိုင်ခြေတော့ ရှိနေပါတယ် ။ သို့ပေမယ့် ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ကတော့ ပွဲထွက်ခွင့် တနေရာ သေချာပေါက် ရဦးမှာ ဖြစ်ပါတယ် ။ တဖက်မှာ ဂျက်ဆင်ဟာ ရှေ့၅ပွဲမှာ အဝါ ၄-ကြိမ် အထိ ပြသခံထားရတာကြောင့် ဗီလာနဲ့ ပွဲမှာပါ နောက်တဝါ ထပ်ထိခဲ့ရင် တပွဲပယ် ပြစ်ဒဏ် အကျခံရမှာ ဖြစ်ပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနိုက တိုက်စစ်မှူး
![]()