ရူဘင် အမော်ရင် ဘရာဇီးမှာ အလုပ်သစ်ရဖို့ နီးစပ်နေ

မန်ယူနည်းပြဟောင်း ရူဘင် အမော်ရင် ဘရာဇီးမှာ အလုပ်သစ်ရဖို့ နီးစပ်နေ

ရူဘင် အမော်ရင် ဘရာဇီးမှာ အလုပ်သစ်ရဖို့ ရှိနေပါတယ်။ ၂၀၂၆ ဇန်နဝါရီလ အစောပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ရူဘင် အမော်ရင် ထုတ်ပယ်ခံခဲ့ရပြီး ဒါဟာ ကျရှုံးခဲ့တဲ့ နည်းပြခန့်အပ်မှုတွေထဲက နောက်ဆုံးတစ်ခု ဖြစ်လာခဲ့ပါတယ်။

ပေါ်တူဂီလူမျိုး နည်းပြဟာ အဲရစ် တန်ဟက်ဂ်ရဲ့ နေရာမှာ အစားထိုးဖို့ ၂၀၂၄ နိုဝင်ဘာလမှာ ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ဒီရာထူးမှာ တစ်နှစ်ကျော်ရုံပဲ တောင့်ခံနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ သူ့ရဲ့ကစားကွက်စနစ်ကိုပဲ ဇွတ်မှိတ်သုံးစွဲခဲ့တာကြောင့် ရလဒ်တွေဆိုးရွားပြီး မတည်မငြိမ် ဖြစ်လာခဲ့တဲ့အတွက် မန်ယူအကြီးအကဲတွေရဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။

အခုတော့ မိုက်ကယ် ကာရစ်က ယာယီနည်းပြအဖြစ် တာဝန်ယူနေပြီး ၄-၂-၃-၁ ကစားကွက်ကို ပြန်ပြောင်းကာ အသင်းထဲကို စိတ်အားထက်သန်မှုအသစ်တွေ ထည့်သွင်းပေးခဲ့လို့ ၆ ပွဲဆက် ရှုံးပွဲမရှိ စံချိန်တင်ထားပါတယ်။ ရူဘင် အမော်ရင်အတွက်တော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ စပို့တင်း စီပီ နည်းပြဟောင်းဟာ ဘောလုံးလောကထဲကို ပြန်ဝင်လာဖို့ သတင်းတွေ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။

ပေါ်တူဂီကို ပြန်ဖို့က အလားအလာအရှိဆုံးလို့ ထင်ရပေမဲ့ အခုထွက်ပေါ်လာတဲ့ သတင်းအသစ်တွေအရ သူ့ကို ဘရာဇီးနဲ့ ချိတ်ဆက်နေကြပါတယ်။ SuperVasco ကတစ်ဆင့် ဖော်ပြခဲ့တဲ့ VDG-cast သတင်းအရ ဘရာဇီးကလပ် ဗာစကို ဒါဂါးမား အသင်းဟာ အမော်ရင်ကို သူတို့ရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ သူဟာ အသင်းရဲ့ ပထမဦးစားပေး မဟုတ်ဘဲ အယ်လ်ရိုင်ယန်က အာသာ ဂျော့ဂျ်ကသာ အဓိကပစ်မှတ်ဖြစ်နေပြီး အမော်ရင်ကတော့ ဒုတိယဦးစားပေးစာရင်း (Plan B) မှာ ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့အပတ်က ထွက်ခွာသွားတဲ့ ဖာနန်ဒို ဒီနစ်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဘရာဇီးကလပ်ဟာ ပေါ်တူဂီနည်းပြကို တောင်အမေရိကဆီ ခေါ်ဆောင်နိုင်ဖို့ လစာအများအပြား ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ နားလည်ရပါတယ်။ ဗာစကို ဒါဂါးမား အသင်းဟာ လက်ရှိမှာ ၃ ပွဲကစား ၁ မှတ်ပဲ ရထားပြီး အဆင့် ၁၇ မှာ ရောက်နေတာကြောင့် နည်းပြ ဒီနစ်ဇ် ထုတ်ပယ်ခံခဲ့ရတာပါ။

လက်ရှိအချိန်မှာ အမော်ရင်အနေနဲ့ ဗာစကို ဒါဂါးမား အလုပ်အပေါ် ဘယ်လိုခံစားချက်ရှိလဲဆိုတာ မသိရသေးသလို သူ့ရဲ့ ကလပ်ဟောင်း ဘင်ဖီကာနဲ့လည်း သတင်းတွေ ထွက်နေပါတယ်။ ဟိုဆေး မော်ရင်ညိုဟာ ဒီနွေရာသီမှာ ဘင်ဖီကာကနေ ထွက်ခွာနိုင်ခြေ ရှိနေပြီး အသင်းဘက်ကတော့ သူ့နေရာမှာ အစားထိုးဖို့ အမော်ရင်ကို သူ့ရဲ့ ငယ်ဘဝကလပ်ဆီ ပြန်ခေါ်ချင်နေတာပဲ ဖြစ်ပါတယ်။

Source : https://www.yardbarker.com/

Loading

Leave a Reply

Your email address will not be published. Required fields are marked *