အတောက်ပဆုံးကြယ်ပွင့်သစ်အဖြစ် တည်ဆောက်နိုင်ခဲ့တဲ့ အန်ဂူမို ဟာရဲ့ခရီးလမ်း
အန်ဂူမိုဟာက ချဲလ်ဆီးအသင်းပိုင်ဘောလုံးလေ့ကျင့်ရေးစင်တာတစ်ခုရဲ့ ကလေးငယ်လေးဘဝမှ အင်္ဂလန်ဘောလုံးလောကရဲ့ အတောက်ပဆုံးလူငယ်ကြယ်ပွင့်ဘဝဆီ စတင်ကူးပြောင်းလာခဲ့ပါပြီ။
![]()
အားကစားသတင်း | ရုပ်ရှင်အညွှန်း | စာအုပ်စင် | ဝတ္ထုတို
အန်ဂူမိုဟာက ချဲလ်ဆီးအသင်းပိုင်ဘောလုံးလေ့ကျင့်ရေးစင်တာတစ်ခုရဲ့ ကလေးငယ်လေးဘဝမှ အင်္ဂလန်ဘောလုံးလောကရဲ့ အတောက်ပဆုံးလူငယ်ကြယ်ပွင့်ဘဝဆီ စတင်ကူးပြောင်းလာခဲ့ပါပြီ။
![]()
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲခရီးလမ်းမပြီးဆုံးခင်မှာဘဲ ချဲလ်ဆီးအသင်းရဲ့လေ့ကျင့်ရေးစခန်းမှထွက်ခွာသွားခြင်းဖြင့် မာဒူကီ အမှားတစ်ခုကျူးလွန်ခဲ့တယ်လို့ ကူကူရယ်လာက ယုံကြည်နေပါတယ်။ တောင်ပံကစားသမားက လန်ဒန်မြို့ခံပြိုင်ဘက်အာဆင်နယ်ဆီ ပေါင် ၅၂ သန်းဖြင့် ပြောင်းရွှေ့နိုင်ရန်အလို့ငှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှ အင်္ဂလန်ဆီ ထွက်ခွာသွားခဲ့ပါတယ်။
![]()
ဆွီဒင်တိုက်စစ်မှူး ဗစ်တာယောကရက်စ်ကိုခေါ်ယူဖို့ အာဆင်နယ်အသင်းရဲ့ ကြိုးပမ်းမှုဟာ ယခုအချိန်မှာတော့ ရပ်တန့်သွားခဲ့ပြီး ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ညှိနှိုင်းမှုတွေမှာ သိသိသာသာ နှောင့်နှေးကြန့်ကြာနေပါတယ်။
![]()
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ ကမ္ဘာ့လုံးဆိုင်ရာဘောလုံးအားကစားတိုးတက်ရေးအကြီးအကဲ အာစင်ဝင်းဂါးက အမေရိကန်နိုင်ငံမှာ လက်ခံကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘောလုံးကွင်းအရည်အသွေးပိုင်းကို လုံလောက်ကောင်းမွန်တဲ့အဆင့်အတန်းမျိုးမှာမရှိသေးဘူးလို့ဝန်ခံပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင်ဖြစ်လာချိန်မှာတော့ ကွင်းအရည်အသွေးပိုင်း ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
![]()
ပြီးခဲ့တဲ့ရာသီက ပက်ဂွါဒီယိုလာ နှင့် အဆင်မပြေဖြစ်ပြီးနောက် မန်းတီးက ဂရီးလစ်ချ်ကိုရောင်းချရန် စိတ်အားထက်သန်နေပါတယ်။ ယခုနွေရာသီတွင် မန်စီးတီးရဲ့ ကလပ်ကမ္ဘာ့ဖလား လူစာရင်းမှချန်လှပ်ခံရတဲ့ ဂရီးလစ်ချ် ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်တွင် ခုနစ်ပွဲသာပွဲထွက်ခွင့်ရခဲ့ပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲတွင် ခရစ္စတယ်လ်ပဲလေ့စ် ကို ၁-၀ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲ၌ အရံခုံတွင်သာ ရှိနေခဲ့ပါတယ်။
![]()
အာဆင်နယ်ကွင်းလယ်လူ သောမတ်စ်ပါတေး ကတော့ အသင်းနဲ့ စာချုပ်သစ်ညှိနှိုင်းမှုအဆင်မပြေတာကြောင့် မြောက်လန်ဒန်ကလပ်ကနေ ထွက်ခွာနိုင်ခြေများနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ESPN ရဲ့ ဖော်ပြချက်အရ ပါတေးဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်ခဲ့ပြီးနောက်မှာ ဂန်းနားတို့နဲ့ လမ်းခွဲရဖို့ အခြေအနေဟာ ပိုမိုနီးကပ်လာနေပြီး ယခုလကုန်လောက်မှာပဲ အသင်းကနေထွက်ခွာဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
![]()
အာဆင်နယ်ကို မရှုမလှရှုံးနိမ့်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ချန်ပီယံလိဂ်ပွဲစဉ်အတွင်း သူပြုလုပ်မိခဲ့တဲ့ တန်ဖိုးကြီးအမှားတစ်ခုအကြောင်းကို ဂိုးသမားကော်တိုရစ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီနေ့မနက်ပိုင်း အာဆင်နယ်ရဲ့သုံးဂိုးပြတ်ချေမှုန်းမှုကို ခံစားလိုက်ရပြီးနောက် ချန်ပီယံလိဂ်လက်ရှိချန်ပီယံတွေက ပြိုင်ပွဲလမ်းကြောင်းမှထွက်ခွာရဖို့ အတော်လေးနီးစပ်သွားခဲ့ပါတယ်။
![]()
နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ချဲလ်ဆီးက မလိုအပ်ဘူးလို့ သတ်မှတ်ထားတဲ့ ကစားသမားတစ်ဦးကို အာဆင်နယ်နည်းပြက ခေါ်ယူလိုက်တဲ့အခါ အားလုံးက အံ့အားသင့်ခဲ့ကြပါတယ်။
![]()
မန်ချက်စတာယူနိုက်တက်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ၁၅ မှတ်အထိ ကွာဟသွားပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းအတွက် လက်လျှော့လိုက်ပြီလားဆိုတဲ့မေးခွန်းကို အဖြေပေးဖို့ အာဆင်နယ်နည်းပြအာတီတာက ငြင်းဆန်သွားခဲ့ပါတယ်။
![]()
အာဆင်နယ်အသင်းရဲ့ဂိုးသမား ဒေးဗစ်ရာယာက သူ့ရဲ့အာဆင်နယ်ကစားသမားဘဝ အောင်မြင်ဖို့အတွက် “ပြောင်းလဲရမယ်” လို့ သူသဘောပေါက်ခဲ့တဲ့အချိန်ကို ဖွင့်ဟပြောကြားလိုက်ပါတယ်။
![]()