
The Shawshank Redemption (1994)
91% Rotten Tomatoes / 9.3/10 IMDb The Shawshank Redemption (1994) မိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten Tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ…..မသေခင်ကြည့်သင့်သော ကားများ….ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။ သူ့ကိုဝေဖန်ကြတဲ့အချက်ကတော့ အားလုံးထဲမှာအထူးခြားဆုံးပါပဲ ။ ရုပ်ရှင်ကြိုက်တဲ့သူအချင်းချင်း အကြိုက်ဆုံးရုပ်ရှင်ကဘာလဲ မေးရင် Shawshank လို့ပဲ ဖြေကြတာများလွန်းလို့ တဖြည်းဖြည်းနဲ့ ကောင်းကြောင်းတောင်မပြောချင်လောက်အောင် ဖြစ်လာလို့ပါတဲ့ဗျ ။ ဒါကြောင့်မို့လို့ နာမည်မြင်တာနဲ့ကို Overrated ရုပ်ရှင်လို့ကို ခံစားရပါတယ်တဲ့ ။ ဆိုတော့ The Shawshank Redemption က ကောင်းလွန်းလို့ဝေဖန်ခံရတဲ့ ရုပ်ရှင်လို့တောင်ပြောရမလိုပါပဲ ။ တကယ်တော့ Overrated ထဲ