
ဘရု(စ်)ဝေးလစ်
ဈေးကွက်အရ ဟောလိဝုဒ်ရုပ်ရှင်လောကက ရှေးရှေးကတည်းက အက်ရှင်ရုပ်ရှင်တွေ ရိုက်လာကြတာပဲ။ နာမည်ရမင်းသားတွေလည်း ဈေးကွက်အရ ရိုက်ကြရတယ်။ အဲဒီ ရှစ်ဆယ်ကိုးဆယ်ခေတ်များဆို ပိုဆိုးပေါ့။ အက်ရှင်ရုပ်ရှင်တွေကိုတော့ အနည်းနဲ့အများ ပတ်သက်ရစမြဲပါပဲ။
ဘရု(စ်)ဝေးလစ် သရုပ်ဆောင်စလုပ်တော့ ဟောလိဝုဒ်ရဲ့ စက်မှုနည်းပညာနယ်ပယ်ကလည်း အံ့မခန်းအထွဋ်အထိပ်ကိုရောက်ရှိလာပြီ။ ဂျိမ်းစ်ကင်မရွန်းတို့လို ရိုက်ဒလိစကော့ စသူတို့က ဂျော့်ရှ်လူးကပ်စ် တို့ စပီးဘာ့ခ်တို့အလွန်ကနေ သိပ္ပံနယ်ပယ်အခြေခံ ရုပ်ရှင်တွေကို အလန်းစားဖြစ်အောင် ရိုက်ပြနိုင်ပြီ။ အဲဒီခေတ်က ဘက်ပေါင်းစုံထွက်လာတဲ့ ဖျော်ဖြေရေးရုပ်ရှင်တွေ အထူးပြုလုပ်ချက်တွေကလည်း ရင်သပ်ရှုမောဖွယ်ပါပဲ။
ထားတော့… ကျွန်တော်ပြောချင်တာက စတားလုံးတို့ ကလင့်အိဝုဒ်တို့လို ဟာရီဆင်ဖို့ဒ် အာနိုးလ်တို့လိုကနေ သူတို့ရိုက်ပြသမျှက အဓိက Protagonist တွေကပဲ ဇာတ်ကို အားကြီးစွာ သယ်သွားတာမျိုးပေါ့။ ဆိုလိုချင်တာက တစ်ဖက်က ဗီလိန်တွေဘယ်လောက်ကြမ်းစမ်းပါစေ၊ မင်းသားကပဲ အသာတကြည်အနိုင်ယူသွားမှာပါကွာလို့ တွေးမိရတဲ့ ရုပ်ရှင်မျိုးတွေဆိုပါတော့။ သဘာဝလွန်နေတယ်ပြောရမှာပေါ့။
သူ့ရဲ့ သရုပ်ဆောင်အစောပိုင်းနှစ်တွေက စတိတ်စင်ပေါ်မှာ ကျင်လည်ခဲ့တာ။ Die Hard မရိုက်ခင်က စီးရီးတွေ ရိုက်နေသေးတယ်။ လူမသိ။ မထင်ရှားလှသေး။ အသက်က သုံးဆယ်ပန်းနားတောင်ရောက်နေပြီ။
ဘာကြောင့် ဒီရုပ်ရှင်ဟာ အဲသလို အချိုးအကွေ့ဖြစ်ရတဲ့အထိ အရေးပါရသလဲဆိုရင် ဘရု(စ်)ဝေးလစ်ကြီးရဲ့ အရေးပါမှုကိုပဲ အဓိအမှတ်ပေးရမှာပါ။ သူက ကနဦးက အက်ရှင်မင်းသားတွေလို ကြွက်သားမာဆယ်ကြီးတွေထုတ်မပြဘူး။ စကားလုံးအကြီးအကျယ်ကြီးတွေ လျှောက်မပြောဘူး။ ဂျွန်မက္ကလိန်းလို့ အမည်ရတဲ့ သူဟာ ခရစ္စမတ်ကာလရောက်တိုင်း သူများတွေ အေးဆေးနှပ်နေ အနားယူနေကြချိန်မှာ ကြောင်ပျောက်ရတဲ့ ကိုယ့်ဆရာ။ ပြီးတော့ အစိုးရရဲဌာနတွေက ဗျူရိုကရက် အရာရှိတွေဆိုလည်း ပြန်ပြန်ပက်လို့ ရာထူးရယ်လို့လည်း မတိုး။ ဘယ်သူမှလည်း သူ့ကို အထင်မကြီး။ သူကလည်း အစကတည်းက တိုင်းပြည်ကယ်တင်မယ်တွေ၊ အသက်စွန့်ဆံဖျားတာဝန်တွေ ထမ်းရွက်ရမယ် လို့လည်း စိတ်ထဲမှာ မရှိတဲ့ ခပ်ရွတ်ရွတ်ကောင်ကိုး။ သူ့အလုပ်အရသာ ရဲဆိုပေမဲ့ ရဲစည်းကမ်းလို့လည်း အတိအကျ လိုက်နာတဲ့ သူမှ မဟုတ်တာပဲလေ။
သူက အဲဒီပလာဇာကြီးမှာ အလုပ်လုပ်နေတဲ့ မိန်းမဆီကို တွေ့ဖို့လာရင်း ခုလို သောက်ပြဿနာကြီးတွေနဲ့ ကြုံရတာပဲ။ ပလာဇာပြန်ပေးဆွဲတဲ့ကောင်တွေကလည်း တကယ့်ဆရာကြီးတွေ။ စစ်တပ်တပ်ရင်းတစ်ခုစာလောက် လူအင်အားနဲ့ သေချာပလန်တွေဆွဲပြီး ဓားမြလာတိုက်တာ။ ဒါပေမဲ့ ကြောင်ပျောက်နေရှာတဲ့ မက္ကလိန်းနဲ့ဆုံရတော့ ဂွတွေကျကုန်တာပေါ့။ အက်ရှင်ကားထုံးစံအတိုင်း မင်းသားနဲ့ လူဆိုးတွေ ဖိုက်တင်ချ။ နောက်ဆုံးမင်းသားနိုင်ဆိုပေမဲ့ ဒီထဲမှာ အဲသလိုမျိုး ပုံစံ အလွယ်တကူရောက်အောင် မသွားဘူး။
ယူသွားနိုင်ခဲ့ပါတယ်။ နောက်ပြီး ဒီထဲက ဗီလိန်ဇာတ်ရုပ်ဟာလည်း နှောင်းခေတ် အက်ရှင်ထဲက ဗီလိန်နေရာအခန်းကဏ္ဍတွေအပေါ် ပြောင်းလဲ အရိပ်မိုးစေနိုင်ခဲ့ပါတယ်။
ထုံးစံအတိုင်းပေါ့လေ။ အဲဒီခေတ်က အက်ရှင်စတားဆိုရင် စတားလုံးနဲ့ အာနိုးလ်ခေတ်ဖြစ်နေတာ။ ထုတ်လုပ်သူတွေကလည်း ဒီရုပ်ရှင်ကို ဒါရိုက်တာ McClane က ဘတ်ဂျက်အကြီးကြီးနဲ့ ဆော်မယ်လုပ်တော့ မအောင်မြင်နိုင်ဘူးပဲ ထင်နေကြတယ်။ သူ စင်တင်ပေးမဲ့ မင်းသား ဘရု(စ်)ဝေးလစ်က ဘယ်သူမှမသိသေး။ ပြဇာတ်သရုပ်ဆောင်ကနေ စီးရီးကလေးမှာပဲ စသရုပ်ဆောင်နေတဲ့သူ။ လူကောင်က ခပ်ညှက်ညှက်။ အာနိုးတို့လို ဗလကမတောင့်သေး ဆိုတော့ အခက်သားကလား။
အဲဒီခေတ်က အက်ရှင်မင်းသားဆို ဗလထွက်မှပဲ မင်းသားပီသတယ်လို့ ထင်နေကြတဲ့ ခေတ်ကိုး။ ဒါရိုက်တာ McClane မှာ အဲဒီအစွဲကို ဖြုတ်ဖို့ စိန်ခေါ်မှုတွေ အင်မတန်ကြီးမားတယ်ဆိုတာ သိနေမှာဖြစ်ပေမဲ့ ဘရု(စ်)ဝေးလစ်ကို ရဲရဲဝံ့ဝံ့နေရာပေးလိုက်တယ်။ သရုပ်ဆောင်ကြေးလည်း ဒေါ်လာငါးသန်းအထိ ပေးပစ်လိုက်တယ်။
ဒီလိုနဲ့ပဲ ဘယ်ပရိုဂျူဆာမှ မမျှော်လင့်ရဲခဲ့တဲ့ ရုပ်ရှင်ဟာ ဝက်ဝက်ကွဲအောင်မြင်သွားခဲ့ပြီး အာနိုးလ်လို စတားလုန်းလို ဗလတောင့်မှ မင်းသားလုပ်ရတာ မဟုတ်ဘူးကွဆိုတဲ့ ခေတ်အမြင်ကို ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ Die Hard ဟာ အက်ရှင်အသားပေး ဖလင်ဖြစ်ပေမဲ့လည်း အော်စကာလေးဆု ဆန်ကာတင်ခံရတယ်။ ခရစ္စမတ်ကာလ အကောင်းဆုံးရုပ်ရှင်အဖြစ် ဂုဏ်ပြုခံရတယ်။
ဘရု(စ်)ဝေးလစ်ဟာလည်း အဲဒီရုပ်ရှင်ထွက်ရှိပြီးတဲ့နောက်မှာပဲ ချက်ချင်းဟောလိဝုဒ်ရဲ့ တန်းမြင့် မင်းသားတစ်လက် ဖြစ်လာခဲ့ပါတယ်။ ကိုးဆယ်ကျော်နောက်ပိုင်းမှာ ဘတ်ဂျက်မြင့် ထိပ်တန်းရုပ်ရှင်တွေကိုပဲ ဦးဆောင်ရိုက်ကူးခွင့် ရရှိလာသလို ရုပ်ရှင်အများစုကလည်း လူကြိုက်များအောင်မြင်တာပါပဲ။
ကိုးဆယ်ခေတ်ကနေ 2000ခုနှစ်အထိ မင်းသားဘရု(စ်)ဝေးလစ်ဟာ ဟောလိဝုဒ်ထိပ်တန်းမင်းသား Top Ten ထဲမှာ အမြဲထားရတဲ့မင်းသားလို့ ပြောရင် ငြင်းကြမယ်မထင်ဘူး။ ကိုးဆယ်ခေတ်နောက်မှာ လီယိုနာဒို ၊ တွမ်ခရု ၊ ဘရက်ပစ် ၊ ကင်နူးရိဗ် ၊ မက်ဒေမွန် ၊ ဘင်အက်ဖလက် ၊ ဝီလ်စမစ် စလို့ မင်းသားသစ်တွေ ပေါ်လာပေမဲ့ ဘရု(စ်)ဝေးလစ် ဖလင်တွေက အမြဲထိပ်တန်းမှာ ရှိနေဆဲ။ ထွက်တိုင်း အောင်မြင်မှုရတာက များနေတုန်းပါ။
အသက်သုံးဆယ်ကျော်လောက်မှ အဓိက သရုပ်ဆောင်နေရာကို ရောက်ခဲ့ရတဲ့ ဘရု(စ်)ဝေးလစ်ဟာ အက်ရှင်ဇာတ်ရုပ်မှမဟုတ်ဘဲ အခြား သရုပ်ဆောင်မှု ကာရိုက်တာ အသားပေး ရုပ်ရှင်တွေမှာလည်း ပီပြင်စွာ သရုပ်ဆောင်နိုင်ကြောင်းကို သူ့ရဲ့ နာမည်ကျော် ရုပ်ရှင်တွေ ဖြစ်တဲ့ The Sixth Sense လို 12 Monkeys တို့လို ရုပ်ရှင်တွေမှာ မြင်ရနိုင်မှာ ဖြစ်ပါတယ်။ Pulp Fiction လို ရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့တဲ့ မင်းသားကြီး ဘရု(စ်)ဝေးလစ်ဟာ လက်ရှိကာလ အသက် ခြောက်ဆယ့်ခုနှစ် အရွယ်မှာတော့ ကျန်းမာရေး ချို့တဲ့လာမှုကြောင့် သရုပ်ဆောင်အလုပ်ကနေ အနားယူလိုက်ပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့တွေ ဟောလိဝုဒ်ရဲ့ ဖျော်ဖြေမှု အက်ရှင်အသားပေး တန်းမြင့်ရုပ်ရှင်တွေအကြောင်းကို ပြောကြတော့မယ်ဆိုရင် ဘရု(စ်)ဝေးလစ်ရဲ့ ရုပ်ရှင်တွေကို ချန်ထားလို့ လုံးဝမရနိုင်တဲ့အကြောင်းနဲ့ ဟောလိဝုဒ်ရုပ်ရှင်ဖျော်ဖြေမှုအချိုးအကွေ့တွေမှာ အင်မတန်အရေးပါခဲ့တဲ့ စွယ်စုံရ သရုပ်ဆောင်ကြီး ဘရု(စ်)ဝေးလစ်ကို နှမြောတသစွာ ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆောင်းပါးလေးကို ရေးတင်လိုက်ရတာဖြစ်ပါတယ်။
#BruceWillis #DieDard(1988) #စတားလုံး #ဘရု(စ်)ဝေးလစ် #အက်ရှင်ဖလင် #အမေရိကန်ဂျာမန်ကပြား #အာနိုးလ်
Noodlemagazine Nice post. I learn something totally new and challenging on websites
Pretty! This has been a really wonderful post. Many thanks for providing these details.
Nice blog here Also your site loads up very fast What host are you using Can I get your affiliate link to your host I wish my site loaded up as quickly as yours lol
I admire your way of crafting blog posts. I’ve added it to my bookmarks and plan to come back.