
တစ်နှစ်တစ်ယောက်စားမယ်
“တစ်နှစ်တစ်ယောက်စားမယ်”(စ/ဆုံး)
“ဗွမ်း… ”
ကန်ထောင့်မှာ ကျယ်လောင်သော အသံကြီးကြားလိုက်သဖြင့် ကန်၏ အပြင် ဘေးစောင်းမှာရေချိုးရင်း အဝတ်လျှော်နေသော မမြရင်တို့
ထိုင်ရာမှ ထပြီး ကြည့်လိုက်သည်။
“ဗွမ်း… ဗွမ်း”
“ဟဲ့… ဟဲ့ …ကန်ထဲမှာ လူကျလို့ လာကြပါဦး ”
မမြရင်နှင့် ဒေါ်အေးကျင်တို့ သံကုန်အော်တော့သည်။ ကန်ဘောင်နှင့် ဝါးတစ်ပြန် အနေအထားလောက်မှာမိန်းမလား ယောင်္ကျားလား မသိ၊ လက်နှစ်ဖက် ယက်ကန်ယက်ကန် ပေါ်လိုက်၊ မြုပ်လိုက် ဖြစ်နေသည်ကို တွေ့ရသည်။
“လာကြပါဦး …ရေကန်ထဲမှာ ရေနစ်နေလို့ …သေတော့မယ် ”
နေ့လယ်ပိုင်းဖြစ်၍ နေပူရှိန်ကြောင့် အပြင်မှာလူမရှိသလောက် ဖြစ်နေသည်။ ထိုစဉ် ယောင်္ကျားမိန်းမ လေးငါးယောက် ကန်ပေါ် ပြေးတက်လာသည်။ ယောင်္ကျားနှစ်ယောက်က …ရေနစ်နေသောနေရာသို့ မှန်းပြီး ခုန်ချကာ ရေကူးသွားသည်။ တစ်စတစ်စ လူတွေ ကန်ပေါ် ရောက်လာသည်။
“ဟော …ဟော …တွေ့သွားပြီ”
ရေထဲ ဆင်းမယ့်သူ နှစ်ယောက်က ရေနစ်နေသူထံရောက်သွားကာ ကမ်းဘက်သို့က ဆွဲခေါ်လာခဲ့သည်။
ရေကန်အနီး နေထိုင်သူ သိန်းစိုးက ရေနစ်နေသူကိုရေထဲမှ မပြီး ကမ်းပေါ်က လူများကို တွန်းတင်ပေးလိုက်သဖြင့် အပေါ်မှ ဆွဲယူကြသည်။
“ဟင် …မိတင်ရီပါလား ”
ကန်ကြီးထောင့်စွန်းအနီးက အိမ်မှာနေသောဒေါ်တင်ရီဆိုသူ ဖြစ်နေသည်။
“ရေမွန်းနေတယ် …သတိရအောင် လုပ်ကြဦး”
နားလည်သူတစ်ယောက်က ရေများ ပါးစပ်မှထွက်အောင် ပြုလုပ်ပေးလိုက်ပါသည်။ မကြာခင်မှာပင် ဒေါ်တင်ရီ သတိရလာတော့သည်။
“ဘယ်လို ဖြစ်တာလဲ …တင်ရီ”
“ငါ့ကို ဘာလို့ကယ်တာလဲ …သေမလို့ ခုန်ဆင်းတာ ”
“ဟဲ့ နင်သေလို့ ဖြစ်မလား၊ နင့်မှာ ကလေးတွေရော ဖအေနဲ့ မအေရော ရှိသေးတယ်လေ”
“ရှိရှိ …ကြည်စိုး လုပ်ကျွေးလိမ့်မယ် ”
ထိုအချိန် အသက်ခြောက်ဆယ်ငါးနှစ်ရှိသောလူကြီးတစ်ယောက်က …
“အင်း …ဒီမိန်းကလေး ကံကောင်းသွားတယ် နောက်သုံးလကျော်ရင် …အခုလို အပေါ်ပြန်တက်
လာလို့ ရတော့မှာ မဟုတ်ဘူး ”
မည်သူမှ မကြားအောင် တီးတိုးရွတ်ရင်း ထိုနေရာမှ ထွက်သွားတော့သည်။
ရေထဲဆင်း သေကြောင်းကြံသူ ဒေါ်တင်ရီက အသက်လေးဆယ့်ငါးရှိပြီ။ ယောင်္ကျားဖြစ်သူ ဦးကြည်စိုးက ဆိုက်ကားနင်းသည်။
ဆိုက်ကားနင်း၍ ရသမျှ အိမ်ပြန်မပေး၊ နှစ်လုံးထိုးသည်၊ ဘောပွဲလောင်းသည်၊ တစ်ခါမှ ပိုက်ဆံပြန်ရသည် မရှိ၊ အကြွေးပင်
တင်နေသည်။
သူ့အကြွေးက ဘယ်တော့မှ ကျေသည်မရှိ။ နှစ်လုံးကြောင့် ကိုယ်ပိုင် ဆိုက်ကားနှစ်စီးရှိခဲ့ရာမှ နှစ်စီးလုံး အကြွေးနှင့် အသိမ်းခံလိုက်ရသည်။
အကြွေးအတွက် ဆိုက်ကားတန်ဖိုးနှင့်သင့်ပြီး ဆပ်လိုက်ရခြင်းဖြစ်သည်။
ထိုစဉ်က နောက်ကို နှစ်လုံး သုံးလုံး မလောင်းတော့ပါဘူးဟု ကတိတွေ အတန်တန် ပေးသဖြင့် ဒေါ်တင်ရီက ယောင်္ကျား စိတ်ချမ်းသာအောင် သူကိုယ်တိုင် ဖြေရှင်းပေးပြီး ဆိုက်ကားများ ထိုးပေးခဲ့သည်။
ဆိုက်ကား မနင်းလျှင် အခြားဝင်ငွေရအောင် မရှာနိုင်သဖြင့် အုံနာခပေးပြီး ဆိုက်ကားနင်းစေသည်။
အစပိုင်းတော့ မိန်းမဖြစ်သူကို ပိုက်ဆံပြန်အပ်နိုင်သည်။ နောက်ပိုင်း အုံနာခပင် မပေးနိုင်သည့်အတွက် ကုန်စိမ်းရောင်းနေရသော မတင်ရီလည်း
စျေးဖိုးထဲမှ ဆိုက်ကားအုံနာခ ပေးချေခဲ့ရသည်။ နေ့စဉ် နှစ်လုံးဂဏန်း လောင်းနေသော ယောင်္ကျားကို နစ်နစ်နာနာ ပြောဆိုသည်။ မကျေနပ်လျှင် ဆဲဆို မိသည်အထိ ဖြစ်သော်လည်း ဦးကြည်စိုးက ရပ်မသွား၊ ကြာတော့၊ စျေးရင်းမရှိတော့။ အိမ်မှာ ရှိသော လူကြီးနှစ်ယောက်က ဦးကြည်စိုး၏ မိဘနှစ်ပါး ဖြစ်သည်။
သူတို့လည်း သားဖြစ်သူကို ဆိုဆုံးမ မနိုင်။ ဒေါ်တင်ရီက စျေးရင်းဖိုး၊ နေ့ပြန်တိုးယူသည်။ အမြတ်ကို လင်ပေးရ အတိုးပေးရနှင့် နေ့စဉ်
အပူသောဂမီးက သူ့အပေါ် ကျရောက်နေသည်။ ဦးကြည်စိုးက မိုးလင်းက မိုးချုပ်ဆိုက်ကားအကြောင်း
ပြပြီး အပြင်မှသာ အချိန်ကုန်သည်။ ထမင်းစားချိန်ပြန်လာသည်။ ညနေ မူးလာသေးသည်။ အုံနာက လို၍ ဒေါ်တင်ရီကို မစိုက်ပေးလျှင်
ဆူဆဲတော့သည်။ ကလေးတွေကို အပြစ်ရှာရိုက်နှက်တတ်သည်။
ကြာတော့ ဒေါ်တင်ရီ အသက်ရှင်နေတာဘာမှ အဓိပ္ပါယ်မရှိတော့ဟု မှတ်ယူလိုက်သည်။
သူသေသွားလျှင် ခါးသီးသော လူနေမှုဘဝအကြောင်းကို လင်ဖြစ်သူ ဦးကြည်စိုး သဘောပေါက်နားလည်းသွားမည်၊ သူ့အဖေ၊ သူ့အမေ၊ သူ့ကလေး လေးယောက်နဲ့ နေရစ်တော့ဟု စိတ်ဆုံးဖြတ်ပြီး ကန်ပေါ် ပြေးတက်ကာ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။
ဒေါ်တင်ရီ မသေထိုက်သဖြင့် သူခုန်ဆင်းသော နေရာနှင့် ပေသုံးဆယ်ခန့်အကွာ ကန်စောင်းမှာ အဝတ်လျှော်နေသော မမြရင်နှင့် ဒေါ်အေးကျင်တို့ကြောင့်သေချင်ပေမဲ့ သေခွင့် မကြုံတော့ …လောဓံ၏ ဒုက္ခကို ခါးစည်းရင်ဆိုင်ရန်အိမ်သို့ ပြန်ရောက်ခဲ့သည်။
ထိုအချိန်ထိ ဆိုက်ကားဆရာကြီး ဦးကြည်စိုး …ဇနီးအကြောင်း သတင်း မကြားသေး၍လားမသိ၊ အိမ်သို့
ပြန်ရောက်မလာသေး။ ညဘက် ဦးကြည်စိုး မူးပြီး ပြန်ရောက်လာသည်။ အပြင်က ဇနီးဖြစ်သူ၏ သတင်းလည်း ကြားသိခဲ့သည်။ မူးမူးနှင့် နောက်ကို နှစ်လုံးမထိုးတော့ပါဘူးဟူ၍ ကတိတွေ ပေးခဲ့သည်။ ဦးကြည်စိုးကပဲ ကတိတည်ခဲ့သည်လား မသိ၊ ဒေါ်တင်ရီ သေကြောင်း
ကြံစည်သည့်သတင်း မကြားရတော့ပါ။
ထိုကဲ့သို့ ကန်ထဲ ခုန်ဆင်းသတ်သေသော်လည်းမသေခဲ့သော ဒေါ်တင်ရီ၏ သတင်းထွက်ပြီးနှစ်လခန့်အကြာမှာ ကန်ကြီးထဲ အသက်
နှစ်ဆယ့်ငါးနှစ်ခန့် အမျိုးသမီးတစ်ယောက် သတ်သေရန် ခုန်ဆင်းပြန်သည်။
“ဟာ …အစ်မကြီးတစ်ယောက် ရေထဲခုန်ဆင်းသွားတယ် …ဟိုမှာ ဟိုမှာ …”
ကန်ပေါ်မှာ ကစားနေသော ကလေးတစ်အုပ်ကန်ထဲခုန်ချသော အမျိုးသမီးတစ်ယောက်ကိုတွေ့သဖြင့် အော်ဟစ်ကာ ထိုအနီးသို့ ပြေးလာကြသည်။
ကလေးများ ရုတ်ရုတ်သဲသဲ ဖြစ်နေသည့်အတွက် ကန်ဘေးလမ်းမှာ သွားနေသော လူအချို့ ကန်ပေါ် တက်လာကြသည်။
“ဟင် …အဲဒါ ရေချိုးမလို့ ရေကူးနေတာ မဟုတ်ဘူး နစ်နေတာ”
ထိုလူက ပြောလည်းပြော ရေထဲ ခုန်ချသွားတော့သည်။ မကြာခင်မှာပင် ထိုလူလက်ထဲ အမျိုသမီး ပါလာသည်။
အချိန် သိပ်မကြာသေးသဖြင့် ရေမွန်းကာ သတိမလစ်သေး၊ ကမ်းပေါ်မှာ ထိုင်ငိုနေသည်။
“မကြူပါလား …ဘယ်လိုဖြစ်တာလဲ ”
“သိပါဘူး…ကျုပ်လည်း ကန်ထဲ လူခုန်ချတယ်ဆိုလို့ ပြေးလာတာ…အိမ်ထောင်ရေး အဆင်မပြေဘူးလို့ကြားတာပဲ ”
“ကလေးတစ်ယောက် မွေးပြီးမှ …ယောင်္ကျားနောက်မိန်းမနဲ့ ရှုပ်နေတယ်ဆိုတဲ့ သတင်းတော့ လမ်းထဲမှာ ပြောနေကြတာပဲ …ဟုတ် မဟုတ်တော့မသိပါဘူး ”
ရေနစ်တယ် သတင်းကြားသဖြင့် လာကြည့်သူအမျိုးသမီးနှစ်ယောက်လည်း ရေနစ်သော အမျိုးသမီးကို မြင်ပြီး ဝေဖန်မှု ပြုနေကြသည်။
“အင်း …ခက်တော့နေပါပြီ…ဒီမိန်းကလေးတွေ ကံကောင်းသေးတယ်…ဒီကန်ကြီးက တစ်နှစ်တစ်ယောက် ပုံမှန်လူစားနေတာလည်း သိရက်နဲ့
သေချင်လို့ သေသွားရင်တော့လည်း ကောင်းသားမသေသင့်တဲ့လူတွေ မသေတော့ဘူးပေါ့”
အသက်ခြောက်ဆယ်ငါးနှစ်ခန့် ဦးလေးကြီး တစ်ယောက်က ခပ်လှမ်းလှမ်းမှာ ရပ်ရင်းတစ်ဦးတည်း ပြောသလို၊ ပြောနေစဉ် အနီးမှာ ရပ်နေသော လူတစ်ယောက်က စိတ်ဝင်စားပြီး မေးမြန်းစပ်စုလိုက်သည်။
“ဘယ်လို သေသင့်တဲ့လူနဲ့ မသေသင့်တဲ့လူလဲအဘ၊ ဒီကန်ကြီးကလည်း တကယ် လူစားလို့လား ”
“သေသင့်တဲ့လူဆိုတာကတော့ အခုလိုမျိုးပေါ့ကွာ၊ လူ့ဘဝရဖို့ ခဲယဉ်းတယ်ဆိုတာ လူတိုင်းအသိပဲ မဟုတ်လား၊ လူဖြစ်လာမှတော့ ဆင်းရဲချင်ဆင်းရဲ ဒုက္ခဘယ်လိုပဲ ခံရခံရ ကြံကြံခံပြီး ကျော်လွှား နိုင်ရမယ်ပေါ့…အခုတော့၊ ထစ်ခနဲဆို သတ်သေမယ် သတ်သေမယ်နဲ့ ၊ သူတို့သေရုံနဲ့ ပြီးမလားကွ၊ နောက်မှာ ဒုက္ခနဲ့ ကျန်ရစ်ခဲ့ကြမှာ ၊ ဒါကြောင့် ထစ်ခနဲဆို သေချင်တဲ့ လူတွေ ဒီလိုလူမျိုးတွေ သေသင့်တယ်လို့ ပြောတာ …
မသေသင့်ဘူးဆိုတာက…ရေတွေ့လို့ အပျော်ရေဆင်းကူးတဲ့လူတွေ …ကမ်းဘေး ငါးထိုင်မျှားတဲ့လူတွေပေါ့ကွာ ။ ဒီလို လူမျိုးတွေ မသေသင့်
ဘူးလို့ ပြောတာ…ဦးလေး ပြောချင်တာကို အရှည်ကြီး တွေးမနေနဲ့ လူ့လောကကြီးထဲက သေသင့် မသေသင့်တဲ့ လူတွေ အကြောင်း
ပြောရမယ်ဆို အရှည်ကြီးပေါ့…ငါ့တူ။
ဦးလေးပြောနေတာက ဒီရေကန်ထဲမှာသေချင်လို့ ခုန်ချသေတဲ့လူနဲ့ မသေချင်သေးဘဲ ရေကန်ကြောင့် သေရတဲ့လူအကြောင်းပဲပြောတာ။
အခုပဲကြည့် …လွန်ခဲ့တဲ့ သုံးလလောက်က အမျိုးသမီးတစ်ယောက် ရေထဲ ခုန်ဆင်းတယ်၊ လူတွေ တွေ့လို့ ဆယ်ပေးတယ် …မသေဘူး။
အခုလည်း သေကြောင်း ကြံပြီး ခုန်ချတယ် ၊ လူတွေ ဆယ်တယ် …မသေဘူး၊ နောက်
တစ်လနှစ်လကျော်တဲ့ နောက်ပိုင်း ရေထဲဆင်းကြည့် မသေနဲ့ အသေ…လောင်းချင်သေးတယ်
“ဦးလေးက…ဘာအထောက်အထားနဲ့ ပြောနေတာလဲ ကျနော် မသိလို့ မေးတာနော် …စိတ်တော့မရှိပါနဲ့ ”
“အေး …မရှိပါဘူးကွာ ။ ပြီးခဲ့တဲ့ ဆယ်လကျော် ဆယ့်တစ်လလောက်က ဦးလေးတူတစ်ယောက် ကန်စောင်းက ရေထဲ ငိုက်နေတဲ့ ကုက္ကိုပင်
အကိုင်းပေါ် ခွထိုင်ပြီး ငါးမျှားနေတယ်၊ ဦးလေးတူက အရက်လည်း မသောက်ဘူး။ အိပ်ရေးလည်း မပျက်ဘူး။ ငါးသွားမျှားတာ
နာရီဝက်လောက်ပဲရှိတယ်…ရေထဲ ကျပြီး သေသွားပါရောလား …အဲဒီသစ်ပင်ကို ခုတ်ပစ်လိုက်ပြီ မရှိတော့ဘူး ”
“ရေမကူးတတ်လို့ …ဖြစ်မှာပေါ့ ”
“ရေမကူးတတ်လည်း သူနဲ့အတူ ငါးမျှားနေတဲ့ လူတွေ ရှိတယ်၊ သူတို့ဆင်းဆယ်တယ်။ ကျတဲ့နေရာပဲ မဲရှာနေတာ ဆယ်မိနစ်
ဆယ့်မိနစ်လောက်ရှိတယ်၊ ရှာလို့ကို မတွေ့တာ …အဲဒါနဲ့ ရေငုပ်တဲ့လူတွေ ကန်မျက်နှာပြင်အနှံ့ ငုပ်ရှာလိုက်တာ…ကန်အလယ်က
ရေအောက်မှာ သွားတွေ့တယ်၊ ဦးလေးတူက ရေလည်း မကူးတတ်ဘူး ဒီလောက် ကျယ်တဲ့ ကန်အလယ်ကို သူဘယ်လို ရောက်သွားလဲ
စဉ်းစားပေါ့ …”
“မမြင်နိုင်…မသိနိုင်တဲ့ အရာတစ်ခုခုကြောင့် ကန်အလယ် ရောက်သွားတာ ဖြစ်နိုင်တာပေါ့ဦးလေး ”
သူတို့လူစု စကားမပြတ်သေးသော်လည်းကန်ပေါ်မှာတော့ လူရှင်းသလောက်ဖြစ်သွားသည်။
ကန်အကြောင်း ပြောနေသူ ဦးလေးကြီးအနီးမှာ စိတ်ဝင်စား၍ ရပ်နားထောင်နေသူ လူငါးယောက်သာရှိတော့သည်။
“ဦးလေးတူ မကဘူး…ဦးလေးမိသားစုကို ဒီကန်ကြီးမကောင်းတဲ့အကြောင်း အိပ်မက်,မက်ပြောပြီး ကန်ကို မသွားဖို့
မှာထားတာ …အဲဒီ သေသွားတဲ့ဦးလေးတူက မယုံဘူး၊ မယုံလို့ သွားပြီး ငါးမျှားတာ သေတဲ့အထိဖြစ်သွားတာပေါ့ ”
“ဦးလေးက ဘယ်လို အိပ်မက် မက်တာလဲ ”
“ဦးလေး အိပ်မက်တာက …တစ်ည …ဦးလေး ကန်ဘေးက အိမ်ကို ဖြတ်ပြန်လာတုန်း ကန်ထဲက သရဲလိုလို မည်းမည်းအကောင်ကြီး
တက်လာတာ တွေ့တယ်၊ ငါ…ဗိုက်ဆာနေပြီ၊ တစ်နှစ်တစ်ယောက် စားနေတာ တစ်နှစ်ကျော်နေပြီ ၊ ကန်ထဲ ဘယ်သူမှ မလာလို့
မင်း …ကန်ထဲ ဆင်းလာပါလားလို့ လှမ်းပြောတယ်၊ ဦးလေးက ကန်တစ်ဘက်စောင်း ရောက်နေပြီဆိုတော့ နောက်လှည့်မကြည့်ဘဲ
ပြေးဆင်းခဲ့တာ သရဲလိုက်မလာလို့ တော်သေးတာပေါ့။ ငါ့မှာ အိမ်အရောက် ခြေကုန်သုတ်ပြေးလာရတာ ပြီးမှ…
အိပ်မက် မက်နေမှန်း သိတယ်…
ဟုတ်သော်ရှိ မဟုတ်သော်ရှိ အိပ်မက်အကြောင်းပြောပြပြီး ကန်ကြီးနဲ့ ဝေးဝေးရှောင်ဖို့ ပြောတာ ၊ ဦးလေးစကား မယုံတဲ့ ဦးလေးတူ ရေထဲကျ
သေသွားတာပဲ …အခုဆို သူသေတာ ဆယ်လကျော်ပြီ၊ တစ်နှစ်ဝန်းကျင် တစ်နှစ်ကျော်ရင်တော့ သတိထားရတော့မှာပေါ့”
“ဦးလေး စကားအတိုင်းဆို…နောက်တစ်လ နှစ်လ နောက်ပိုင်း ဒီကန်ကို ရေလာမကူးဖို့ ကန်ဘောင်ပေါ် မကစားဖို့ ကလေးတွေကို
မှာထားရမယ် ”
“ဘာပဲဖြစ်ဖြစ်…သတိထား ဆင်ခြင်နိုင်ရင် ကောင်းတာပေါ့ကွာ၊ ကဲ …ကန်ပေါ်မှာလည်း ဘယ်သူမှ မရှိတော့ဘူး ဦးလေး …သွားမယ်
ဦးလေးအိမ်က ဒီကန်ဘောင်က ဟိုရှေ့ကို ဆင်းသွားရင် ကန်ကို ကျောပေးထားတဲ့လမ်းထဲမှာပဲ ”
“ဟုတ်ကဲ့ …အခုလို ပြောပြတာ ကျေးဇူးပါပဲ ”
ထို့နောက် ဦးလေးကြီး၏ စကား သတင်းပြန့်သွား၍လားမသိ…ကန်ထဲမှာ ငါးလာမျှားသူများ ရေဆင်းကူးသူများမရှိသလောက် ဖြစ်သွားသည်။ တစ်ရက် ကန်ဘေးကပ်လျက် လမ်းမှာ နာရေး ဖြစ်သည်။
ရက်လည်ဆွမ်းသွတ်ရန် အကြိုညမှာ မုန့်ဟင်းခါးဟင်းရည် ချက်နေသည်။ ရပ်ဝေးမှ ဧည့်သည်များလည်းရောက်နေသည်။ ဒလမြို့မှ နာရေးအိမ်သို့ ညအိပ်ညနေ ရောက်နေသူ ကိုထွန်းဆိုင်က မုန့်ဟင်းခါးအိုးတည်သည့်နေရာမှာ ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးနေစဉ် အိုက်သည်ဆိုကာ အင်္ကျီပုဆိုးချွတ်ပြီး ဘောင်းဘီးတိုနှင့် ကန်ပေါင်တက်သွားကာရေထဲ ဒိုင်ဗင်ထိုးချလိုက်သည်။
သူ့ကဲ့သို့ပင် ရေချိုးမည်ဆိုကာ နောက်ကလိုက်သွားသူ ကိုကြိုင် ရှေ့မှာပင် ရေထဲဒိုင်ဗင်ထိုးချလိုက်သည်ကို တွေ့လိုက်သည်။
ကန်ဘောင်ပေါ်ရောက်တော့ ရေမျက်နှာပြင် လှုပ်ရှားနေသည်ကိုသာ တွေ့သည်။
ရေဆင်းကူးသည့် ကိုထွန်းဆိုင်ကို မတွေ့။

“ကိုထွန်းဆိုင် …ကိုထွန်းဆိုင် ”
ဘယ်မှာမှ မရှိ …ရေထဲ ငုပ်နေသည်ထင်ပြီးခဏစောင့်သည် …ထူးခြားမလာ။
သို့ကြောင့် ကန်ဘောင်ပေါ်မှ လှမ်း၍…
“ကိုစိုးမောင် …ဦးချစ်တင်၊ လာပါဦးဗျ ၊ ကိုထွန်းဆိုင်ရေထဲ ဆင်းသွားတာ ပေါ်မလာလို့ ”
ကိုကြိုင်၏အော်သံကြောင့် မုန့်ဟင်းခါးအိုးအနီးထိုင်နေသော ဦးချစ်တင်နှင့် ကိုစိုးမောင်အပြင် ဖဲဝိုင်းမှ ကိုကြိုင် အော်သံကြားလိုက်သော
လူအချို့ ပြေးလာကြသည်။
“ဘယ်သူ …ရေထဲ ကျလို့လဲ ”
“ထွန်းဆိုင် အိုက်တယ်ဆိုပြီး …ရေထဲခုန်ချတာ ပြန်ပေါ်မလာလို့ ”
“ဟ…ဒီကောင် ပန်းဆိုးတန်းနဲ့ ဒလ ပဲ့ထောင့်ပို့နေတာပဲ …ရေကူး ကျွမ်းမှကျွမ်း ရေနစ်တာတော့
မဖြစ်နိုင်ဘူး…ရေငုပ်ပြီး နောက်ပြောင်နေလားမှမသိတာ ”
“ဟာ …ငါးမိနစ်ကျော်ပြီ၊ ဒီလောက်ကြာအောင်
မလုပ်နိုင်ပါဘူး ”
“ရေ…ဘယ်လောက်နက်လဲ ”
“ဆယ်ပေလောက်နက်မယ် …ကန်အလယ်မှာ
ဆယ့်ငါးပေလောက် နက်တယ် ”
” ကဲ …ရေကူးတတ်တဲ့ကောင်တွေ
ဆင်းကြည့်ကြပါဦး”
ဒလမှ ဧည့်သည်နှစ်ယောက်နှင့် နယ်ခံသုံးယောက်ခန့်
ရေထဲ ဆင်းကြသည်။ “ဒီနားက…ခုန်ဆင်းသွားတာ”
လူသုံးယောက် ရေထဲ ငုပ်သွားသည်။ မကြာခင်မှာပဲ ရေထဲမှ ကိုထွန်းဆိုင်ဆိုသူကို အပေါ်ဆယ်တင်လာသည်။
“အသက်မရှိတော့ဘူး…ခေါင်းက နုံးထဲမှာ စိုက်နေတယ် ”
“ဟာ…ဘယ်လိုဖြစ်တာလဲ။ ရေက ဆယ်ပေလောက်နက်တာ…ဒီကန်ဘောင်က ဒိုင်ဗင်ထိုးချရင် ဘယ်လိုမှ အောက်ခြေထိ ခေါင်းစိုက်ဝင်သွား
စရာအကြောင်း မရှိဘူး …ပြီးတော့ ဒီကောင်က ဒလဆိပ်ကမ်းမှာ ရေကူးတာတို့ ဒိုင်ဗင်ထိုးတာတို့ ကျွမ်းပြီးသား သေစရာ အကြောင်းမရှိဘူး ”
“ဒီကန်က လူစားကာနီးလို့ လူတွေရေထဲ ဆင်းမကူးဘဲ ရှောင်နေကြတာ”
“ဟုတ်တယ်…တစ်နှစ်တစ်ယောက် ကန်ထဲမှာသေတာ ထုံးစံလို ဖြစ်နေပြီ”
“ဟုတ်တယ်…ဦးလေးကြီးတစ်ယောက်က ပြောဖူးတယ် ကန်ထဲမှာ လူသေသွားတာ၊ တစ်နှစ်နီးပါးရှိပြီ…ကန်နားမလာကြနဲ့
လူစားတော့မယ်တဲ့ ”
တစ်ယောက်တစ်မျိုး ပြောနေကြသည်။ ဟုတ်သော်လည်း မဟုတ်သော်လည်းရှိ၊ ပြီးခဲ့သည့် လူသေပြီး တစ်နှစ်နှင့် ဆက်ရက်
အကျော်မှာပင် လူသေခဲ့ပြီဖြစ်သည်။ နာရေးအိမ်မှာ လူတွေစုံတော့ ပြောကြသည်။ ကန်က တစ်နှစ်
တစ်ယောက် စားလာခဲ့သည်မှာ သည်တစ်ယောက်နဲ့ ဆို ငါးယောက် ၊ ငါးနှစ်ရှိပြီဟု ဆိုသည်။
သို့ဖြစ်၍ လာမယ့်နှစ် ထိုကဲ့သို့ အဖြစ်မျိုး မကြုံရန် တားဆီးနိုင်သောပုဂ္ဂိုလ်မျိုး ပေါ်လာစေရန်သာ ဆုတောင်းနေကြပါတော့သည်။
ဆရာ ဧကန်မင်း၏ မဖဲဝါနဲ့ ခေါင်းပြတ်သရဲမကြီး
စာအုပ်မှ ကူးယူဝေမျှလိုက်သည်။
I do not even understand how I ended up here, but I assumed this publish used to be great.
Live Coin Watch This is my first time pay a quick visit at here and i am really happy to read everything at one place.
Hi, I’m Jack. Your website has become my go-to destination for expert advice and knowledge. Keep up the fantastic work!
I have read some excellent stuff here Definitely value bookmarking for revisiting I wonder how much effort you put to make the sort of excellent informative website
Hi i think that i saw you visited my web site thus i came to Return the favore I am attempting to find things to improve my web siteI suppose its ok to use some of your ideas
Usually I do not read article on blogs however I would like to say that this writeup very compelled me to take a look at and do so Your writing taste has been amazed me Thanks quite nice post
Perfect blend of info and entertainment, like watching a documentary narrated by a comedian.
The attention to detail is remarkable, like a detective at a crime scene, but for words.
The attention to detail is remarkable. I appreciate the thoroughness of The post.
The elegance of The prose is like a fine dance, each word stepping gracefully to the next.
A go-to resource, like a library but without the late fees.
Packed with insights, or what I call, a buffet for the brain.
The balance and fairness in The writing make The posts a must-read for me. Great job!
Bookmarking this for future reference, but also because The advice is as invaluable as The attention.
The Writing is a go-to resource for me. Thanks for all the hard work!
Testament to The expertise and hard work, or The ability to make me feel utterly unaccomplished.
Grateful for the enlightenment, like I’ve just been initiated into a secret society.
Every post of yours is a learning opportunity for me on the state of the country. Thanks for sharing the expertise.
Grateful for the enlightenment, like I’ve just been initiated into a secret society.
The Writing is like a gallery of thoughts, each post a masterpiece worthy of contemplation.
I’m always excited to see The posts in my feed. Another excellent article!
Testament to The expertise and hard work, or The ability to make me feel utterly unaccomplished.
You have a gift for explaining things in an understandable way, much like a smooth talker who knows just what to say.
Charlotte Dog Park is the perfect spot for a lazy Sunday—my dog plays while I soak up the sunshine.
My pup’s excitement for Charlotte Dog Park is unmatched—he knows fun awaits him there.