"ခေါင်းပြတ်တစ္ဆေ"

“ခေါင်းပြတ်တစ္ဆေ”

” ခေါင်းပြတ်တစ္ဆေ ”(စ/ဆုံး)————————————-ထွေးအောင်ရွာကလေးမှာ တောင်ခြေနားနီးသောရွာကလေးဖြစ်သည်။ ရွာသူ/ ရွာသားများမှာ တောင်သူလယ်သမားများဖြစ်ကြ၍ ရွာပတ်လည်ရှိ လယ်ကွင်းများတွင် ရာသီအလိုက် ကောက်ပဲသီးနှံများကိုစိုက်ပျိုးလုပ်ကိုင်ကြ၍ အသက်မွေး နေထိုင်ကြလေသည်။ ထွေးအောင်နှင့် ငြိမ်းမောင်တို့ညီအစ်ကိုက နှစ်နှစ်ကြီး နှစ်နှစ်ငယ်ညီအစ်ကိုများ ဖြစ်လေသည်။ ကျောင်းနေအရွယ်ရောက်ကြလျှင် ရွာရှိ မူလတန်းကျောင်းတွင် ပညာသင်ယူကြရသည်။ ရွာမူလတန်းကျောင်းတွင် စတုတ္ထတန်း အောင်မြင်ခဲ့ကြသောအခါ ရွာမှမြို့ကျောင်းသို့ သွားရောက်သင်ယူရမည်ဖြစ်သောကြောင့် မိဘများမှစိတ်မချသဖြင့်ကျောင်းဆက်မထားလိုကြပေ။

Loading

Read more
jdbKX ခရီးသွားနာနာဘာဝများ

“ခရီးသွား နာနာဘာဝများ”(စ/ဆုံး)

လောကမှာ မမြင်အပ်တဲ့အရာတွေ နာနာဘာဝတွေတကယ်ရှိနေတယ်ဆိုတာ မယုံကြည်သူတွေအတွက်တော့ ပြောမယုံ ကြုံမှသိဆိုသလို ကိုယ်တိုင်လက်တွေ့ကြုံလိုက်ရမှ သိကြပါလိမ့်မယ်။ ကျွန်မကတော့ အလုပ်ကိစ္စနဲ့ ခရီးတွေထွက်ရင်း ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ လက်တွေ့ကြုံခဲ့ရတဲ့ အဖြစ်တွေကအများကြီးရယ်။ ဟိုင်းဝေးလမ်းတွေပေါ်က ပရလောကသားတွေပေါ့ရှင်။ ပထမဆုံးကြုံခဲ့ရတဲ့ အဖြစ်ကတော့ …

Loading

Read more

ကျားသတ်သမား

အချိန်မှာ သက်ငယ်ခေါင်းချချိန်ဟု ပြောရမည့် ရှစ်နာရီကျော်၊ ကိုးနာရီခန့်သာ ရှိသေးသည်။ လူကြီးများမှာ တစ်ဦးတစ်ယောက်မျှ မအိပ်ကြသေး။ ထို့ကြောင့်လည်း ဘန့်ဘွေးကုန်းတစ်ရွာလုံး အုတ်အော်သောင်းတင်း ဖြစ်သွားချိန်မှာ လူကြီးတွေက ဓားဆွဲ၊ လှံဆွဲ၊ မီးတုတ် ဆွဲပြီး အိမ်ပေါ် က ပြေးဆင်းကြသည်။

Loading

Read more

အရိပ်မည်းသုံးယောက် (စ/ဆုံး)

ဦးဘကျော်သာသည် ဘူမိဗေဒ အရာရှိဘဝမှ အငြိမ်းစားယူခဲ့ပြီးနောက် နန်းမြို့မြို့သို့ ရောက်နေခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပေပြီ။ သူသည် အလုပ်မှ အနားယူပြီးသည့်နောက် ရခိုင်သို့မပြန်ဘဲ ပင်စင်ယူပြီးနာဂတောင်တန်းဘက်၌ ဆက်လက် နေထိုင်ခဲ့ရသည်မှာ အဓိကအကြောင်းရှိပေသည်။ ထိုအကြောင်းကတော့ လူမျက်နှာတောင်သို့ တစ်ခေါက်သွားကာ ရွှေဖြူ ဟု ခေါ်သောပလက်တီနမ်သတ္တုများ သွားရောက်ရှာဖွေရန်အတွက် ဖြစ်ပေသည်။ ထိုနေရာသို့သွားရန် မြေပုံကလည်း ရှိပေသည်။ မြေပုံက သူ့ထံမှာ တစ်ခြမ်း၊ သူနှင့် ခရီးသွားဖော် ဦးရန်နိုင်ဆီမှာ တစ်ခြမ်းရှိလေသည်။ ဦးရန်နိုင်တို့မှာလည်း မဝေးလှသော နေရာ၌ ရှိကြလေသည်။ ၎င်းကလည်း အခါအခွင့်သင့်ပါက ဦးဘကျော်သာနှင့်အတူပူးပေါင်းကာ လူမျက်နှာတောင်ရှိရာသို့ တစ်ခေါက်သွားရန် ရည်မှန်းထားသူဖြစ်ပေသည်။

Loading

Read more

အငြိုးအတေး

” အငြိုးအတေး ”(စ/ဆုံး)—————————-ရေးသားသူ..အောင်ဓူဝံ ရွာအပြင်၌ကလေးငယ်တစ်စု ခုန်ပေါက်ဆော့ကစားနေကြလေသည်။ ပြေးလိုက်လွှားလိုက်နှင့်လွတ်လပ်သည့် ကလေးဘဝကိုပိုင်ပိုင်နိုင်နိုင်အသုံးချ၍ပျော်ချင်တိုင်းပျော်ရွှင် နေကြလေသည်။

Loading

Read more

“မသာလိုင်းကား”(စ-ဆုံး)

မြို့မစျေးကြီးကို ကျော်လွန်လာခဲ့ပြီးနောက် လမ်းခုလတ်တစ်နေရာတွင် ဖြစ်လေသည်။ ဆောင်းတွင်းကာလလည်း ဖြစ်တော့ အနည်းငယ်ချမ်းစိမ့်စိမ့် လေးပင်။ မနက်ခြောက်နာရီဝန်းကျင်လောက်ဖြစ်ပေလိမ့်မည်။ ကတ္တရာလမ်းမ ကြီးပေါ်မှာတော့ လူတွေ ပျားပန်းခတ်တစ်ဝမ်းတစ်ခါး အတွက်စတင်အလုပ်လုပ်ကြသော အချိန်လည်းဖြစ်လေ၏။ အချိန်ကာလ အားဖြင့်တော့ ၂၀၀၄ -ခုနှစ်လောက်ကပင် ဖြစ်ပေလိမ့်မည်။

Loading

Read more
1 2