
မနုစာရီ – အပိုင်း ( ၉ )
* * * မနုစာရီ * * * ( ၉ ) ကျွန်ုပ်သည် မကျေနပ်သဖြင့် နောက်တစ်ခါခပ်၍ကြည့်ပြန်ရာ ရေချိုဖြစ်နေပြန်၏။ ကျွန်ုပ်သည် တစ်ခွက်ပြီးတစ်ခွက်ခပ်၍ ငုံကြည့်လိုက် ထွေးထုတ်လိုက်နှင့် ရေ၏အကြောင်းကို စူးစမ်းနေစဉ် အသက်၃၀-ကျော်ခန့် လူတစ်ဦးရောက်လာပြီးနောက် ချောင်းဘေးကမြေအနည်းငယ်ကို သံပြားငယ်တစ်ခုနှင့်တူးယူ၍ အနီး၌ပေါက်နေသော ပိန်းရွက်တစ်ရွက်နှင့် ထုပ်လိုက်ပြီးနောက် လွယ်အိတ်တွင်းသို့ ထည့်လိုက်သည်။