
မနုစာရီ – အပိုင်း ( ၁၁ )
* * * မနုစာရီ * * * (အပိုင်း ၁၁ ) မင်းသား အတိတျာသည် ဒဏ်ရာဒဏ်ချက်များ သက်သာသွားသည်ကလည်း တစ်ကြောင်း၊ အာဟာရနှင့် အိပ်ရေးဝလင်သွားသည်ကလည်းတစ်ကြောင်းကြောင့် လန်းလန်းဆန်းဆန်းရှိလာ၏၊ ထို့ကြောင့် ဆက်လက်အိပ်စက်ခြင်း မပြုတော့ဘဲမန်းချောင်းဆီသို့ လျှောက်လာ၏။